Entertainment

KIA က ဗိုလ်ကြီးဆိုတဲ့ သတင်းအမှားများ ရပ်တန့်ပေးဖို့ ခွန်ဖုန်း ပြော

Want create site? Find Free WordPress Themes and plugins.

Mister TCU Myanmar ပြိုင်ပွဲကြီးမှာ ဗန်းမော်မြို့ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် Mister Bhamo ခွန်ဖုန်းဟာ သီချင်းတပုဒ်ရဲ့ Music Video အတွက် KIA ဝတ်စုံပုံဖြင့် ရိုက်ကူးခဲ့ပြီး အဲဒီ ဝတ်စုံနဲ့ KIA ဗိုလ်ကြီးဆိုတဲ့ သတင်းအမှားများ ထွက်ပေါ်နေတဲ့အပေါ် အခုလိုပဲ ဆိုပါတယ်။

“KIA ဝတ်စုံနဲ့ပုံက Music Video ရိုက်တုန်းက ရိုက်ထားတာပါ။ နိုင်ငံရေး ကောင်းခဲ့စဉ်ကပါ။ အခုလို အချိန်မှာ ကျနော့်ကို KIA က ဗိုလ်ကြီးလို့ ရေးတာတွေ ရပ်စေချင်ပါတယ်။ အခုအချိန်မှာ ကျနော့်အတွက် Safe (လုံခြုံမှု) မဖြစ်လို့ပါ။ နားလည်ပေးပါ”လို့ မော်ဒယ် ခွန်ဖုန်းက ဆိုပါတယ်။

Mister Bhamo ခွန်ဖုန်း (ဓာတ်ပုံ – Khun Phone’s Facebook)

KIA မှ ဗိုလ်ကြီးလို့ သတင်းအမှားများ ထွက်ပေါ်နေခြင်းဟာ ခွန်ဖုန်းအတွက် မလုံခြုံသလို ဖြစ်လာနိုင်တာကြောင့် သတင်းအမှားများဖြန့်ခြင်းကို ရပ်တန့်ပေးပါလို့ ဆိုပါတယ်။

Mister Bhamo ခွန်ဖုန်း (ဓာတ်ပုံ – Khun Phone’s Facebook)

“ဒါ့အပြင် အခုလို KIA မှ ဗိုလ်ကြီးဟု သတင်းအမှားများ ထွက်ပေါ်နေခြင်းဟာ သူ့အတွက် မလုံခြုံသလို ဖြစ်လာနိုင်တာကြောင့် သတင်းအမှားများဖြန့်ခြင်းကို ရပ်တန့်ပေးပါရန် တောင်းဆိုထားပါတယ်” လို့ Missosology Myanmar Page မှာ ရေးသားထားပါတယ်။

ခွန်ဖုန်းဟာ Mister TCU Myanmar ပြိုင်ပွဲကြီးမှာ ဗန်းမော်မြို့ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် Mister TCU Bhamo 2020 ဆုရှင် ဖြစ်ပါတယ်။

You may also like these stories:

ရာသက်ပန် သီလရှင် ဝတ်သွားတဲ့ အဆိုတော် မေသက်ထားဆွေ

အစ်ကိုတယောက် အနေနဲ့ ညီငယ်အတွက် စိတ်မကောင်းဖြစ်နေတဲ့ Leo

ပစ်တိုင်းထောင် ဝတ်စုံနဲ့ ယှဉ်ပြိုင်မယ့် အလှမယ် သူဇာဝင့်လွင်

Did you find apk for android? You can find new Free Android Games and apps.
Loading