• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ချင်းရိုးရာ ဝတ်စုံနဲ့ ပတ်သက်ပြီး သုံးသပ်ပြခဲ့တဲ့ ဒီဇိုင်နာ အိုင်းဒီး

by ဧရာဝတီ
17 May 2021
in Entertainment
A A
Miss Universe Myanmar သူဇာဝင့်လွင် / Myanmar Beauties Page

Miss Universe Myanmar သူဇာဝင့်လွင် / Myanmar Beauties Page

20.2k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲမှာ ချင်းရိုးရာ ဝတ်စုံနဲ့ Best National Costume (အကောင်းဆုံး အမျိုးသားဝတ်စုံဆု) ရရှိတဲ့ အလှမယ် သူဇာဝင့်လွင်အတွက် ဂုဏ်ယူ ဝမ်းမြောက်တယ်လို့ ဒီဇိုင်နာ အိုင်းဒီးက ဆိုပါတယ်။

“Miss Universe ပြိုင်ပွဲမှာ ချင်းရိုးရာဝတ်စုံနဲ့ National Costume Winner ရတဲ့ သူဇာဝင့်လွင်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ Comment တွေမှာ နဂိုစီစဉ်ထားတဲ့ မြန်မာ့ရိုးရာ သူငယ်တော်နဲ့ ပစ်တိုင်းထောင် ဝတ်စုံသာဆို ပိုကောင်းမှာဆိုတဲ့ သဘောမျိူး ရေးတဲ့သူတွေ ရှိနေကြသေးပေမယ့် ၉၀ ရာခိုင်နှုန်းကတော့ ချင်းတိုင်းရင်းသား ဝတ်စုံလေးက ပိုတောင်လှသေးဆိုပြီး ပြောထားကြတာ တွေ့ရပါတယ်”

“ဒါဟာ လူမျိူးကြီးဝါဒကို တဖြည်းဖြည်း စွန့်ခွာလာကြပြီး ဖက်ဒရယ် စိတ်ဓာတ်ကိုသွားနေပြီလို့ ဆိုရမလားပဲ။ ဒါပေမဲ့ အရင်ကတည်းက တိုင်းရင်းသားတွေ စကားဝဲတာ ချစ်စရာလေး၊ ရိုးရာဝတ်စုံလေးတွေလှတယ်ဆိုပြီး ပြောနေတာတွေ ရှိနေကျပဲမို့ ဝမ်းသာဖို့ နည်းနည်း စောပါသေးတယ်။ ဘာလို့ဆို မြန်မာ့ရိုးရာဝတ်စုံနဲ့ တိုင်းရင်းသားဝတ်စုံဆိုတဲ့ အသုံးမှာ ကွာခြားချက် ရှိနေသေးလို့ပါ။ နိုင်ငံရေးတော့ ဒီလောက်နဲ့ပဲ ထားဦးမယ်”လို့ အိုင်းဒီးက ပြောပါတယ်။

နိုင်ငံအတွက် Miss တယောက်အနေနဲ့ နေရာရအောင် အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်ထားလို့ အသိအမှတ်ပြု လေးစားချီးကျူးရမှာပါလို့ အိုင်ဒီးက ဆိုပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် (ဓာတ်ပုံ – Myanmar Beauties Page)

“သူဇာက စပြိုင်ကတည်းက ဟားခါးမြို့ ကိုယ်စားပြုဆိုတော့ ချင်းနဲ့ အကျိူးပေးတယ်လို့ ပြောရပါမယ်။ NC Award က voting အရ ပေးတာမို့လို့ အခုလို သေရေးရှင်ရေး တော်လှန်ရေးကာလမှာတောင် Vote အပေး မပျက်တဲ့ မြန်မာပြည်သူ လူထုကို ချီးကျူးရမလားပဲ။ ဒါပေမဲ့ တကမ္ဘာလုံး ပရိတ်သတ်က ပေးတာမို့လို့ ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ဇာတ်ခုံ တနေရာမှာ နိုင်ငံအတွက် Miss တယောက်အနေနဲ့ နေရာရအောင် အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်ထားလို့ အသိအမှတ်ပြု လေးစား ချီးကျူးရမှာပါ”လို့ အိုင်းဒီးက ပြောပါတယ်။

ဆက်လက်ပြီး သူဇာဝင့်လွင် ဝတ်ဆင်ခဲ့တဲ့ ချင်းရိုးရာ ဝတ်စုံနဲ့ ပတ်သက်ပြီး အခုလိုပဲ ဆိုပါတယ်။

ချင်းရိုးရာအထည် ဖန်တီးသူ ဒီဇိုင်နာ အိုင်းဒီး (ဓာတ်ပုံ – Aidii’s Facebook)

“ချင်းရိုးရာအထည် ဖန်တီးထုတ်လုပ်သူအနေနဲ့ မဟုတ်ဘဲ သာမန် ချင်းပြည်သူ တဦးအနေနဲ့ ကြည့်ရင်တောင် သူဝတ်တဲ့ ဝတ်စုံက ရိုးရာဂျပ်ခုတ်အထည် မဟုတ်ဘူး။ ရက်ကန်းစင်ရက်မှန်း သိသာပါတယ်။ ပြီးတော့ ငွေထည် Accessories ကလည်း သာမန် လမ်းဖွင့်ပွဲမှာ အရေးပေါ် ဝတ်ထားသလောက်ပဲ။ ကိုယ်သာ စောစောသိခဲ့ရရင် US မှာရှိတဲ့ ချင်းလူမျိူးတွေထဲက ရှေးငွေထည်တွေ၊ ပိုးထည်တွေ ပိုင်တဲ့သူတွေကို စုံစမ်းပြီး ဆင်ပေးမှာ”

“ဆိုလိုချင်တာက ရိုးရာစစ်စစ်ဆို ဒီထက်အများကြီး ပိုခမ်းနားပြီး ပို Elegant ဖြစ်မှာ။ ဒါပေမဲ့ အခက်အခဲ အမျိူးမျိူးကြားကနေ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် စိတ်ဓာတ်ကြံ့ကြံ့ခိုင်ပြီး ယုံကြည်မှုအပြည့်နဲ့ ကြိုးပမ်းပေးတဲ့အတွက် သူဇာ့ကို အများကြီး ကျေးဇူးတင်၊ လေးစားဂုဏ်ယူပါတယ်”လို့ အိုင်းဒီးက ပြောပါတယ်။

ချင်းအမျိူးသမီးများကိုယ်စား “အိုင်းဒီး” ရက်ကန်းအိမ်က ရက်တဲ့ ရိုးရာဂျပ်ခုတ် ဝတ်စုံကိုလည်း ဂုဏ်ပြု လက်ဆောင်ပေးချင်တယ်လို့ အိုင်းဒီးက ဆိုပါတယ်။

ချင်းရိုးရာအထည် ဖန်တီးသူ ဒီဇိုင်နာ အိုင်းဒီး (ဓာတ်ပုံ – Aidii’s Facebook)

“ချင်းအမျိူးသမီးများကိုယ်စား အိုင်းဒီး ရက်ကန်းအိမ်က ရက်တဲ့ ရိုးရာဂျပ်ခုတ် ဝတ်စုံကိုလည်း ဂုဏ်ပြု လက်ဆောင်ပေးချင်ပါတယ်။ သူ့ Page မတ်ဆင်ဂျာကနေ ဆက်သွယ်ထားပေမယ့် အကြောင်း မပြန်သေးဘူး။ တဖက်မှာ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ တီးတိန်၊ ဖလမ်း၊ ဟားခါးမြို့တွေမှာ CDF နဲ့ စစ်ကောင်စီ တိုက်ပွဲတွေ ပြင်းထန်နေတာမို့လို့ စစ်ဘေးကြုံရသူတွေအတွက် ပိုကြိုးစားပေးဖို့လည်း မေတ္တာရပ်ခံပါတယ်”

“ဒီကာလမှာ မယ်ရွေးပွဲအကြောင်းကို အထူးတလည် မပြောချင်ပေမယ့် ဝတ်စုံက ချင်းရိုးရာဝတ်စုံ ဖြစ်နေလို့ ရိုးရာဝတ်စုံ ဖန်တီးထုတ်လုပ်သူအနေနဲ့ ပြောဖို့ တာဝန်ရှိနေတယ်လို့ ခံစားရလို့ပါ”လို့ ဒီဇိုင်နာ အိုင်းဒီးက ပြောထားပါတယ်။

ချင်းရိုးရာအထည်များ ဖန်တီးထုတ်လုပ်သူ ဇိုင်နာ အိုင်းဒီးကတော့ “Aidii Collections” ဆိုတဲ့ နာမည်နဲ့ ချင်းရိုးရာ ဂျပ်ခုတ်ဝတ်စုံများ ဖန်တီးနေတဲ့ ဒီဇိုင်နာ တဦး ဖြစ်ပါတယ်။

You may also like these stories:

ညီမဖြစ်သူ သူဇာဝင့်လွင်အတွက် စိတ်ပူနေတဲ့ သရုပ်ဆောင် မေ

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
135
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

အခက်အခဲတွေကြားက မြန်မာ့ဂုဏ်ဆောင် အလှမယ် သူဇာဝင့်လွင်

ချင်းရိုးရာ ဝတ်စုံနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်

Your Thoughts …
Tags: Miss Universe Myanmarချင်းရိုးရာ ဝတ်စုံဒီဇိုင်နာ အိုင်းဒီးအလှမယ် သူဇာဝင့်လွင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

Miss Universe Myanmar သူဇာဝင့်လွင်  / Myanmar Beauties Page

ချင်းရိုးရာ ဝတ်စုံနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တဲ့ သူဇာဝင့်လွင်

by ဧရာဝတီ
14 May 2021
15.4k

Miss Universe Myanmar သူဇာဝင့်လွင်ဟာ နိုင်ငံတကာ စင်မြင့်ထက်မှာ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးဖို့ "Pray for Myanmar" ဆိုတဲ့ စာသားကိုင်ကာ တင်ဆက် တောင်းဆိုခဲ့ပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် / Thuzar Wint Lwin's Facebook

ပစ်တိုင်းထောင် ဝတ်စုံနဲ့ ယှဉ်ပြိုင်မယ့် အလှမယ် သူဇာဝင့်လွင်

by ဧရာဝတီ
12 May 2021
18.9k

Miss Universe Myanmar သူဇာဝင့်လွင်ရဲ့ National Costume ကို အခက်အခဲ အမျိုးမျိုးကြားမှ သူမဆီ ရောက်ရှိဖို့ Organization မှ ကြိုးစား ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင် / Myanmar Beauties Page

အခက်အခဲတွေကြားက မြန်မာ့ဂုဏ်ဆောင် အလှမယ် သူဇာဝင့်လွင်

by ဧရာဝတီ
17 May 2021
19.8k

အလှမယ် သူဇာဝင့်လွင်က “ဆုတောင်းတွေ ပြည့်ခဲ့ပါပြီ။ သူဇာနဲ့အတူတူ ချစ်တဲ့ ပရိတ်သတ်တွေ အားလုံးလည်း ပျော်ရွှင်နေကြမယ်လို့ ယုံကြည်ပါတယ်။

Miss Universe Myanmar သူဇာဝင့်လွင်နဲ့ မေ  / Thuzar Wint Lwin's Facebook

ညီမဖြစ်သူ သူဇာဝင့်လွင်အတွက် စိတ်ပူနေတဲ့ သရုပ်ဆောင် မေ

by ဧရာဝတီ
17 May 2021
23.6k

သူလည်း ဒီကထွက်သွားပြီဆိုတာနဲ့ ပြန်လာဖို့ အဆင်မပြေနိုင်တာကို ကြိုတွက်ဆထားပြီးသားပါ။ ပွဲပြီးနောက်ပိုင်း အခြေအနေကို မေပိုပြီး စိတ်ပူပါတယ်

အလှမယ် ဟန်လေး  / Han Lay's Facebook

COVID-19 အတွေ့အကြုံကို မျှဝေပေးတဲ့ အလှမယ် ဟန်လေး

by ဧရာဝတီ
15 July 2021
10.2k

ဟန်လေး ဒီလ ၅ ရက်နေ့ကစပြီး ကိုဗစ် Positive ဖြစ်ပါတယ်။ အခုဆို ၁၀ ရက် ရှိပါပြီ။ အနံ့၊ အရသာ ပျောက်သွားတာတော့ ၄ ရက် ရှိပါပြီ

Miss Universe Myanmar အလှမယ် နှင်းသွေးယုအောင်

ငါးခုံးမ တကောင်ကြောင့် တလှေလုံး မပုပ်စေချင်တဲ့ အလှမယ် နှင်းသွေးယုအောင်

by ယုဖြူဟန်
10 March 2020
5.8k

“တချို့ကျတော့လေ ကိုယ်က အလှမယ် ဆိုပြီးတော့ နေရာအရမ်းယူချင်တာမျိုးတွေ ပြီးတော့တလွဲအသုံးချတာပေါ့။ တကယ်တမ်းဆိုရင် ငါကအလှမယ်ဆိုပြီးတော့ ထိုင်ပြီးမောက်မာနေလို့ မရဘူး။

Next Post
ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှ CDM ရေတပ်သား ၂ ဦး

ယူနီဖောင်းဝတ်ထားတဲ့အချိန် ရွံရှာတဲ့ အကြည့်တွေကို ကျနော်တို့ မခံနိုင်တော့ဘူး

တပ်မတော်သားတွေရဲ့ လစာငွေတွေကို စစ်ကောင်စီက အကြပ်ကိုင် ထိန်းချုပ်ထားဟုဆို

တပ်မတော်သားတွေရဲ့ လစာငွေတွေကို စစ်ကောင်စီက အကြပ်ကိုင် ထိန်းချုပ်ထားဟုဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved