• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

COVID-19 အတွေ့အကြုံကို မျှဝေပေးတဲ့ အလှမယ် ဟန်လေး

by ဧရာဝတီ
15 July 2021
in Entertainment
A A
အလှမယ် ဟန်လေး  / Han Lay's Facebook

အလှမယ် ဟန်လေး / Han Lay's Facebook

10.2k
VIEWS
Share on FacebookShare on Twitter

“Miss Universe Myanmar 2015/2016 – 1st Runner up” ဆုရှင် အလှမယ် ဟန်လေးဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က COVID-19 ရောဂါ ခံစားခဲ့ရပြီး၊ သူ့ရဲ့ အတွေ့အကြုံတွေကို လူမှုကွန်ရက်ကနေ အခုလိုပဲ မျှဝေထားပါတယ်။

“COVID-19 ၁၀ ရက် ခရီး” ဟန်လေး ဒီလ ၅ ရက်နေ့ကစပြီး ကိုဗစ် Positive ဖြစ်ပါတယ်။ အခုဆို ၁၀ ရက် ရှိပါပြီ။ အနံ့၊ အရသာ ပျောက်သွားတာတော့ ၄ ရက် ရှိပါပြီ”

“ဖြစ်ဖြစ်ချင်းတုန်းက အရမ်းလည်း ကြောက်တယ်။ မိသားစုရဲ့အဝေးမှာ တယောက်တည်း နေတာဆိုတော့ အားလည်း ငယ်တယ်။ စိုးရိမ်စိတ်တွေလည်း ဖိစီးတာပေါ့နော်။ ဒါပေမဲ့ ကြောက်နေရုံနဲ့ မပြီးဘူးလေ။ အသက်ဆက်ရှင်ဖို့ ကိုယ်တိုင်လုပ်မှ ရမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းနေရပါတယ်”လို့ ဟန်လေးက ပြောပါတယ်။

ဟန်လေးက ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးတွေ သောက်ဖြစ်ပြီး၊ သူ့လိုပဲ ကိုဗစ် Positive ခံစားနေရသူတွေကို အခုလိုပဲ အကြံပေးထားပါတယ်။

“ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ညွှန်ကြားတဲ့ ဆေးတွေ သောက်တယ်။ အားရှိအောင် အစားတွေ စားတယ်။ ညကို ပုံမှန်အိပ်တယ်။ အောက်ဆီဂျင်နဲ့ သွေးပေါင်ချိန် ပုံမှန်တိုင်းတယ်။ အနံ့ အရသာ မရတော့တဲ့ အချိန်မှာဆို ဝမ်းနည်းလွန်းလို့ တယောက်တည်း ငိုရင်းနဲ့ ကြိတ်မှိတ်ပြီး မရမက စားတယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“ဟန်လေးလို ကိုဗစ် Positive ခံစားနေရသူတွေကို အကြံပေးချင်တာလေ စိတ်ဓာတ် မကျပါနဲ့။ ဆေးတွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သောက်ပါ။ မလိုအပ်ဘဲ တခြားဆေးတွေ သောက်မိရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ရနိုင်ပါတယ်”လို့ ဟန်လေးက ဆိုပါတယ်။

ဆက်လက်ပြီး ဟန်လေးက စိတ်ဓာတ်မကျဖို့နဲ့ သာမန် နေနေကျ ပုံစံအတိုင်းပဲ နေဖို့ တိုက်တွန်းထားပါတယ်။

“အနံ့ အရသာ မပျောက်ခင် အားရှိမယ့်အစာတွေ စားပါ။ တကယ်လို့ အနံ့ အရသာ မရတော့ရင်လည်း အစားဝင်မှ ငါအသက်ရှင်မှာဆိုတဲ့ စိတ်ကို မွေးပါ။ အမြဲထိုင် စိတ်ညစ်နေမယ့်အစား သူငယ်ချင်းတွေနဲ့ စကားပြောပါ။ သာမန် ကိုယ်နေနေကျ ပုံစံအတိုင်းပဲ နေပါ။ တကိုယ်ရည် သန့်ရှင်းရေး ဂရုစိုက်ပါ”

“ကိုယ်ကျန်းမာဖို့ ကိုယ့်မှာပဲ တာဝန်ရှိတာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ဂရုစိုက်ပါ။ အပေါ်က အချက်တွေကို လိုက်နာရင်း ဟန်လေးနဲ့အတူ ဒီရောဂါကြီးကို တွန်းလှန်ကြစို့နော်။ လုပ်နိုင်မှာပါ။ ယုံကြည်ပါတယ်”လို့ ဟန်လေးက ပြောထားပါတယ်။

မော်ဒယ်၊ အလှမယ် ဟန်လေးဟာ “Miss Universe Mandalay 2015” အလှမယ် တဦးဖြစ်ပြီး၊ “Miss Universe Myanmar 2015/2016 – 1st Runner up” ဆုရှင်လည်း ဖြစ်ပါတယ်။

You may also like these stories:

အောက်ဆီဂျင် လိုအပ်နေတဲ့ ပြည်သူတွေအတွက် သတင်းကောင်း မျှဝေခဲ့တဲ့ Ah Boy
စစ်ခေါင်းဆောင်များအတွက် ဆုတောင်းပေးရန် မြန်မာ ခရစ်ယာန်သာသနာပိုင် တိုက်တွန်း

နိုင်ငံတော်သြဝါဒ စရိယ ဈေးကုန်းဆရာတော် လေယာဉ်ပျက်ကျမှုကြောင့် ပျံလွန်တော်မူ

Your Thoughts …
Tags: COVID-19Miss Universe MyanmarPositiveကိုဗစ်အနံ့အရသာအလှမယ် ဟန်လေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
1.1k

လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဖန်တွတွ

ဖန်တွတွ

by နန္ဒာသိန်းဇံ
17 February 2024
825

သြဝါဒ ပေးရသည်မှာ လွယ်ကူသဖြင့် သြဝါဒတွေ တထွေး တပွေ့ ပေးတတ်ကြသည်။ သြဝါဒတွေ ပေးနေသော်လည်း သြဝါဒ ပေးသူ ကိုယ်တိုင်က သူ့ သြဝါဒ အတိုင်း မလုပ်သူမျိုး ဖြစ်နေတတ်သည်။

Miss Grand Myanmar 2020 အလှမယ် ဟန်လေး / Han Lay's Facebook

အလှမယ် ဟန်လေးကို ထိုင်းအခြေစိုက် Miss Grand International မှ ကူညီထားမည်

by ဧရာဝတီ
29 March 2021
8.4k

ဟန်လေးရဲ့ အလုပ်ကိစ္စများအတွက်လည်း ထိုင်းနိုင်ငံဘက်မှ မန်နေဂျာတဦး စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

စာပေ၊ ဂီတ အနုပညာရှင်များ

ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

by ဧရာဝတီ
17 August 2021
31.8k

၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.5k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

Next Post
၂၀၂၁ခု ဇွန်လ ၃၀ ရက်က ရန်ကုန်မြို့ အင်းစိန်ထောင်မှ ဖမ်းဆီးထားသည့် အကျဉ်းသားများကို ပြန်လွှတ်နေစဉ် / ဧရာဝတီ

နိုင်ငံရေးအကျဉ်းသား အပေါ် ကိုဗစ်ရောဂါ သုံး၍ ဖိနှိပ်နေဟု NUG ဝေဖန်

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် သယ်ဆောင်လာသူများ

မန္တလေး သယ်လာမယ့် ကျပ် ၃၂ ဘီလီယံခန့် တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းမိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved