ရှမ်းပြည်နယ်၊ နမ့်စန်မြို့မှ မန္တလေးမြို့သို့ သယ်ဆောင်လာသည့် ICE မူးယစ်ဆေး ၁၆၀၀ ကီလိုဂရမ် (တန်ဖိုး ကျပ် ၃၂ ဘီလီ ယံခန့်) အား ဖမ်းမိကြောင်း မူးယစ်ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်လိုက်သည်။
မူးယစ်ဆေး သယ်ဆောင်လာသည့် ဆီဘောက်ဆာယာဉ်အား ဇူလိုင် ၁၃ ရက်က လွိုင်လင်- တောင်ကြီး ကားလမ်း၊ ဟိုတင့် ကျေးရွာအနီး တားဆီး စစ်ဆေးရာမှ ဆီလှောင်ကန်အတွင်းမှ ဖမ်းမိရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးများနှင့်အတူ ဆန်းဝင်းအောင်နှင့် အောင်မြင့်ထွန်း ဆိုသူတို့အား ဖမ်းမိခဲ့ပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူ များကိုလည်း စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ရဲတပ်ဖွဲ့က ဆိုထားသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများ ကာကွယ်ထိန်းချုပ်ရေး အခြေအနေနှင့် စစ်အာဏာသိမ်းမှုကြောင့် ငြိမ်တည်မှု မရှိသည့် အခြေအနေများ အောက်တွင် မူးယစ်မှောင်ခိုသမားအနေဖြင့် မူးယစ်ဆေး ထုတ်လုပ်မှုများ တိုးမြှင့် ဆောင်ရွက်လာနေကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ပြီးခဲ့သည့်လတွင် ထုတ်ပြန် ထားသည်။
စစ်တပ် အာဏာသိမ်းထားသည့် ဖေဖော်ဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက် အထိ ငါးလအတွင်းမှာလည်း အမေ ရိကန်ဒေါ်လာ ၁၉၃ သန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်း သတင်း စာက ဇူလိုင် ၁၁ ရက်၌ ဖော်ပြခဲ့သည်။
ငါးလတာအတွင်း ဖမ်းမိမှုအနေဖြင့် ဘိန်းဖြူ တတန်ကျော်၊ စိတ်ကြွဆေးပြား ၉၉.၄၇ သန်းကျော်၊ ICE မူး ယစ်ဆေး ၆.၃ တန် ကျော်နှင့် အခြား ဆက်စပ်ပစ္စည်းများလည်း ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။
ယင်း ဖမ်းမိမှုဖြစ်စဉ်များထဲမှ တာချီလိတ်- ကျိုင်းတုံ ကားလမ်းပေါ်မှာ ဇွန်လ ၁၈ ရက်နေ့က ကျပ် ၃၄ ဘီလီယံ ကျော် တန်ဖိုး ရှိသည့် ICE မူးယစ်ဆေး ၁၇၁၀ ကီလိုဂရမ် ဖမ်းမိမှုတွင် မူးယစ်ဆေးဝါး သယ်ဆောင်ခဲ့သည့် ယာဉ်အား ဝယ်ယူရန် “ဝ” တပ်ဖွဲ့ ဝင် အိုက်ဆန်း ဆိုသူက ပိုက်ဆံ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း စစ်ကာင်စီ သတင်းစာတွင် ဆိုထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်က ကျရောက်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ၂၀၂၀-၂၀၂၁ ခုနှစ် အတွင်း ဖမ်းမိထားသည့် မူးယစ်ဆေးတန်ဖိုး ကျပ် ၁၀၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော်)အား မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း စစ်ကောင်စီဘက်က ကြေညာထားသည်။
You may also like these story:
မလေးရှားပို့မည့် အိုက်စ် မူးယစ်ဆေး ၁ တန်ခွဲခန့် တနင်္သာရီပင်လယ်ပြင်တွင် ဖမ်းမိ
အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး မူးယစ်ဆေးများ ဖျက်ဆီး