Entertainment

အလှမယ် ဟန်လေးကို ထိုင်းအခြေစိုက် Miss Grand International မှ ကူညီထားမည်

ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ “Miss Grand International 2020” ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ အလှမယ် ဟန်လေးဟာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုများကို ကမ္ဘာသိအောင် ပြောပြခဲ့ပါတယ်။

ဒီလို ပြောပြခဲ့ပြီးနောက် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာတဲ့အခါမှာ အလှမယ် ဟန်လေးရဲ့ လုံခြုံရေးအတွက် အားလုံးက စိတ်ပူလျက် ရှိကြပါတယ်။ ဒါကြောင့် ဟန်လေးကို မြန်မာပြည်ကို ပြန်မလွှတ်သေးဘဲ Top 5 အလှမယ်များနဲ့အတူ နေခွင့်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဝမ်းသာစရာ သတင်းကောင်းတခုပါ။ ဟန်လေးကို မြန်မာပြည် ပြန်မလွှတ်သေးဘဲ Top 5 အလှမယ်များနဲ့အတူ ထိုင်းမှာ နေခွင့်ပေးမှာဖြစ်ပြီး၊ Runner Up အလှမယ်များ ပြန်ခဲ့ရင် Winner ရရှိသူ USA အလှမယ်နဲ့အတူ နေခဲ့ရမှာ ဖြစ်ပါတယ်” လို့ Missosဝlogy Myanmar Page မှာ ပြောထားပါတယ်။

မတ်လ ၃၀ ရက်နေ့မှာလည်း Top 5 အလှမယ်များနဲ့အတူ ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေသို့ သွားရောက် လည်ပတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဟန်လေးရဲ့ အလုပ်ကိစ္စများအတွက်လည်း ထိုင်းနိုင်ငံဘက်မှ မန်နေဂျာတဦး စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

Miss Grand Myanmar 2020 အလှမယ် ဟန်လေး (ဓာတ်ပုံ – Han Lay’s Facebook)

“ယခုလို စီစဉ်ပေးသော ထိုင်းနိုင်ငံအခြေစိုက် Miss Grand International Family အား ကျေးဇူးအထူးပင် တင်ရှိပါတယ်” လို့ ဆိုပါတယ်။

အလှမယ် ဟန်လေးဟာ မတ်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံမှာ ပြုလုပ် ကျင်းပတဲ့ “Miss Grand International 2020” ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Top 20 အထိသာ ပါဝင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အခွင့်အရေးတခုအနေနဲ့ “Stop The War & Violence “ ခေါင်းစဉ်နဲ့ မြန်မာပြည်ရဲ့ လက်ရှိအကြမ်းဖက် ခံနေရတဲ့ အခြေအနေများကို ပြောခွင့်ရခဲ့ပါတယ်။

Miss Grand Myanmar 2020 အလှမယ် ဟန်လေး (ဓာတ်ပုံ – Han Lay’s Facebook)

နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တဦး အနေနဲ့ နိုင်ငံတကာ အလယ်မှာ အခုလို ပြောခဲ့တဲ့အတွက်လည်း မြန်မာနိုင်ငံမှ ပြည်သူများက ဂုဏ်ယူအားတက်နေကြပြီး တခြားသော နိုင်ငံများဖြစ်တဲ့ ထိုင်း၊ ကိုရီးယား၊ တရုတ်နိုင်ငံတို့က သတင်းများမှာလည်း အလှမယ် ဟန်လေးရဲ့သတင်းကို ဖော်ပြခဲ့ကြပါတယ်။

ယနေ့၊ မတ်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၆ နာရီခွဲ အချိန်မှာလည်း Miss Grand International ရဲ့ President ဖြစ်သူ Mr.Nawat နဲ့အတူ ဟန်လေးက Special Live Talk ပြောခွင့်ရမှာ ဖြစ်ပါတယ်။

You may also like these stories:

ကလေးငယ်များအား သေနတ်နဲ့ ပစ်ခတ်ခြင်းကို အနုပညာရှင်များ ရှုတ်ချ

စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ကမ္ဘာသိအောင် ထုတ်ပြောတဲ့ အလှမယ် ဟန်လေး

“ကလေးတွေကို သေနတ်နဲ့ ပစ်တာ ရင်ကွဲမတတ် ခံစားရတယ်”လို့ ပိုးအိအိခန့် ဆို

Loading