• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

Master ဘွဲ့ အိပ်မက်ကို စွန့်လွှတ်လိုက်တဲ့ သရုပ်ဆောင် မောင်

by ဧရာဝတီ
26 May 2021
in Entertainment
A A
သရုပ်ဆောင် မောင် (ခ) စိန်ဖြိုးလှိုင်  / Sein Phyo Hlaing's Facebook

သရုပ်ဆောင် မောင် (ခ) စိန်ဖြိုးလှိုင် / Sein Phyo Hlaing's Facebook

15.4k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် မောင် (ခ) ဒေါက်တာ စိန်ဖြိုးလှိုင်ဟာ လက်ရှိ တိုင်းပြည် ဒုက္ခရောက်နေတဲ့အချိန်မှာ သူ့ရဲ့ Master ဘွဲ့ အိပ်မက်ကို စွန့်လွှတ်ဖို့ စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

“ကျနော့်ရဲ့ Master ဘွဲ့ အိပ်မက်ကို စွန့်လွှတ်ခြင်း။ ကျနော် ကိုဗစ် မဖြစ်ခင် ၁ နှစ်လောက်ကတည်းက ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာတန်း (EMPA) သင်တန်းကို စတက်ခဲ့တာပါ။ ရေးဖြေ၊ လူတွေ့တွေ ဖြတ်ကျော်ပြီးမှာ ဝင်ခွင့်ရခဲ့လို့ အလွယ်တကူ တက်ခွင့်ရခဲ့တာတော့ မဟုတ်ပါဘူး”

“တက်ခွင့်ရတော့လည်း ညနေတိုင်း တပတ် ၅ ရက်နဲ့ စနေနေ့ နေ့တဝက်ကို အလုပ်ဆင်းပြီး အိမ်မပြန်ဘဲ တက်ခဲ့တာပါ။ ကြားထဲမှာလည်း ဘာသာရပ်တွေကို စိတ်ဝင်စားလို့ စာမေးပွဲပေါင်းများစွာကို Grade ကောင်းအောင် ကြိုးစား ဖြေခဲ့ပါတယ်”

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“အခု ကိုဗစ်ကတည်းက ပိတ်ထားတဲ့ ကျောင်းကို ပြန်ဖွင့်ဖို့ အမိန့်စာ ထွက်လာတော့ ကျနော် ဆုံးဖြတ်ရတော့မယ့်အချိန် ရောက်လာပါတယ်”လို့ သရုပ်ဆောင် မောင်က ဆိုပါတယ်။

ယခုလို အခြေအနေမှာ ကျောင်းဆက်တက်ပြီး ဘွဲ့ရလာတော့လည်း တိုင်းပြည်အတွက် သုံးပေးလို့ မရတော့မယ့်အတူတူ ကျောင်းဆက်မတက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

“ဒီလို အခြေအနေတွေမှာ ၆ လပဲ ကျန်တော့တဲ့ ကျောင်းကို ကြိတ်မှိတ်ပြန်တက်ပြီး ဘွဲ့ရအောင် ယူမလား။ ကိုယ်လိုချင်လွန်းလို့ တနှစ်လောက် ညနေတိုင်း အပင်ပန်းခံခဲ့တာတွေကို လွှင့်ပစ်ပြီး ကျောင်းနားမလားဆိုတာပါ။ Master ယူဖို့ဆိုတာ ကျနော့် အိပ်မက်တွေထဲက တခုပါ”

“အခုလို တိုင်းပြည် ဒုက္ခရောက်နေတဲ့အချိန်မှာ ဘာမှ မဖြစ်သလို ကျောင်းဆက်တက်ပြီး ဘွဲ့ရလာတော့လည်း တိုင်းပြည်အတွက် သုံးပေးလို့ မရတော့မယ့်အတူတူ ဆက်မတက်တော့ဘူးလို့ပဲ စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်လိုက်ပါတယ်”လို့ သရုပ်ဆောင် မောင်က ပြောထားပါတယ်။

သရုပ်ဆောင် မောင်နဲ့ နန္ဒာလှိုင် (ဓာတ်ပုံ – Sein Phyo Hlaing’s Facebook)

နန္ဒာလှိုင်ရဲ့ မောင်ဖြစ်သူ၊ သရုပ်ဆောင် မောင် (ခ) ဒေါက်တာ စိန်ဖြိုးလှိုင်ဟာ ၂၀၂၀ ခုနှစ်အတွင်းက COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး၊ ရောဂါ ပျောက်ကင်းသက်သာပြီးနောက် ဖောင်ကြီး ကိုဗစ် ကုသရေး စင်တာမှာ Volunteer အဖြစ် လုပ်ကိုင် ဆောင်ရွက်ပေးခဲ့ပါသေးတယ်။

Your Thoughts …
Tags: EMPAMaster ဘွဲ့စိန်ဖြိုးလှိုင်မဟာတန်းသရုပ်ဆောင် မောင်အိပ်မက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စုပေါင်း ဘုံဗိမာန်သို့ ခရီး

စုပေါင်း ဘုံဗိမာန်သို့ ခရီး

by အထောက်တော် လှအောင်
25 November 2023
578

စီကာ ပတ်ကုံး မက်တတ်သည့် ဆောင်းတွင်း အိပ်မက် အကြောင်းကို ကျနော် ပြန်တွေးရင်း စိတ်ကူး ယဉ်ယဉ်ဖြင့် ပြုံးမိပါသည်။ ကျနော်ကား ဆောင်းတွင်း အိပ်မက်၏ အရသာကို ခံစားရင်း ကြည်နူး နှစ်သိမ့်လျက်…

မနက်ခင်း မြို့တော်

မနက်ခင်း မြို့တော်

by မြသန်းတင့်
15 November 2025
193

ဂေါသစ် နတ်သမီး ပုံပြင်ထဲက နေရာမျိုး… အိပ်မက်တခု… တံလျှပ်တခု… ဖျော့တော့သော နေခြည်… အခိုးအငွေ့နှင့် မီးခိုးတို့ကြားထဲက ပေါ်ထွက်လာသော သာယာရွှေပြည်…

တပ်မတော်နေ့ စစ်ရေးပြပွဲ အခမ်းအနားတခုတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / Reuters

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်မှာလား

by ထက်နိုင်ဇော်
4 October 2019
28.8k

တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော် ပြောရေးဆိုခွင့် ဗိုလ်ချုပ် ထွန်းထွန်းညီရဲ့ ပြောဆိုမှုအရ တပ်ချုပ်မှာ နိုင်ငံရေး မျှော်လင့်ချက် ရှိနေပုံပါ

သရုပ်ဆောင် မောင် (ခ) ဒေါက်တာ စိန်ဖြိုးလှိုင်   / SEIN PHYO & YI Page

အောက်ဆီဂျင်စက် ငှားရမ်းမှုတွေ ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ စိန်ဖြိုးလှိုင်

by ဧရာဝတီ
22 July 2021
12.9k

“နောက်လထဲ ကိုဇေနဲ့ မလတ်တို့ရဲ့ အောက်ဆီဂျင်ဖြည့်တဲ့ စက်တွေ ရောက်လာရင် ဒီထက်ပိုပြီး ကူညီနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

သရုပ်ဆောင် မောင်  / Sein Phyo Hlaing's Facebook

COVID–19 အတွေ့အကြုံများကို ပြန်လည် မျှဝေခဲ့တဲ့ သရုပ်ဆောင် မောင်

by ယုဖြူဟန်
7 October 2020
37.3k

“ဒုတိယအဆင့်အနေနဲ့ အဆုတ်ကို လာပြီး တိုက်ခိုက်တဲ့အချိန် ရောက်သွားပြီ။ ပိုပြီးအောက်ဆီဂျင်တွေ ကျလာပြီ။ တတိယအဆင့်ကျတော့ ICU ထဲမှာ ထည့်ထားရတဲ့ အခြေအနေပေါ့။

အိမ်မက်တွေကို လက်လျော့ချင်စိတ်ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို မေးခွန်းတွေ မေးလိုက်ပါ

သင့်အိပ်မက်ကို မစွန့်လွှတ်ခင် စဉ်းစားသင့်တဲ့ အချက် ၅ ချက်

by Crayon
13 June 2018
4.2k

သင်လုပ်ကိုင်နေတဲ့ ပရောဂျက်တခု မအောင်မြင်နိုင်လို့ အရှုံးပေးလိုက်ရပြီဆိုရင် လက်ရှိအခြေအနေထက် ပိုကောင်း သွားမှာလား။ သေချာပြန်လည် ဆန်းစစ်ကြည့်ပါ။

Next Post
အေသင်ချိုဆွေနဲ့ ညီမ မေသင်ချိုဆွေ  / Maythen Chow Swe's Facebook

အေသင်ချိုဆွေရဲ့ လက်ရှိ အခြေအနေကို ပြောပြထားတဲ့ မေသင်ချိုဆွေ

ရခိုင်ပြည်နယ် မောင်တောမြို့

မောင်တော၌ လုပ်ငန်းရှင် မွတ်စလင်သားအဖကို လက်နက်ကိုင်အဖွဲ့က ဖမ်းသွား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved