• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“တော်လှန်ရေးကို ဘယ်တော့မှ အရှုံးမပေးဘူး”လို့ မင်းမော်ကွန်း ပြော

by ဧရာဝတီ
27 June 2021
in Entertainment
A A
သရုပ်ဆောင် မင်းမော်ကွန်း / Min Maw Kunn's Facebook

သရုပ်ဆောင် မင်းမော်ကွန်း / Min Maw Kunn's Facebook

13.7k
VIEWS
Share on FacebookShare on Twitter

ဖေဖော်ဝါရီလ အစတည်းက စစ်အာဏာရှင်ကို ပြည်သူနဲ့အတူ ဆန့်ကျင်ခဲ့တဲ့ သရုပ်ဆောင် မင်းမော်ကွန်းက အချိန်ကြာလာတာနဲ့အမျှ စိတ်ရောလူရော ပင်ပန်းလာပေမယ့် အရှုံးပေးလို့ မဖြစ်ဘူးလို့ ဆိုပါတယ်။

“တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ ခက်ခဲ ပင်ပန်းလာတာတွေ၊ အားငယ် စိတ်ဓာတ်ကျတာတွေ၊ အားလျော့ချင်စိတ်တွေက အနည်းနဲ့အများ ဖြစ်လာကြမှာပါ”

“ကျနော် ကိုယ်တိုင်လည်း အကြိမ်ကြိမ် အားငယ် ဝမ်းနည်းတာတွေ၊ လူရောစိတ်ရော ပင်ပန်းနာကျင်ရတာတွေ၊ ခဏခဏ လဲကျပြီး ပြန်မထချင်လောက်အောင် စိတ်ဓာတ်တွေ ပြိုကျခဲ့ရတာတွေ အမှန်တကယ် ရှိခဲ့ကြောင်းကို ဝန်ခံပါတယ်”

သရုပ်ဆောင် မင်းမော်ကွန်း

“ဒါပေမဲ့ ကျနော်တို့ အရှုံးပေးလို့ မရပါဘူး။ ကျနော်တို့သည် ဒီတော်လှန်ရေးကို ခဏတာ ခံစားချက်နဲ့ လုပ်ခဲ့မိကြတာ မဟုတ်ပါ။ မတရားဖိနှိပ်တာ၊ အနိုင်ကျင့်တာ မကြိုက်လို့ လွပ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ လူ့အခွင့်အရေး တန်းတူညီမျှခြင်းကို အမှန်တကယ် ချစ်မြတ်နိုးလို့ တော်လှန်ခဲ့ကြခြင်းပါ”လို့ မင်းမော်ကွန်းက ပြောပါတယ်။

လက်နက်ကိုင်ထားတိုင်း ကြောက်မနေချင်လို့၊ လူပေါ်မူတည်ပြီး ခွဲခြားအုပ်ချုပ်တာ မခံချင်လို့ စစ်အာဏာရှင်ကို တော်လှန် ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်း

“လွပ်လပ်ခွင့်တွေ ဆုံးရှုံးရလို့၊ တရားမျှတခြင်း မရှိဘူးလို့ ခံယူထားလို့၊ အမှန်တရားနဲ့ လွဲချော်နေမှန်းသိလို့၊ လက်နက်ကိုင်ထားတိုင်း ကြောက်မနေချင်လို့၊ လူပေါ်မူတည်ပြီး ခွဲခြားအုပ်ချုပ်တာ မခံချင်လို့ အသိတရားနဲ့ ခံယူချက်ကြောင့်သာ တော်လှန် ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်ပါတယ်”

“ခံစားချက်ပေါ် မူတည်ပြီး ဖြစ်လာရတဲ့ တော်လှန်လိုစိတ်ဟာ ခံစားချက် အပြောင်းအလဲအလိုက် မှေးမှိန်လာတတ်ပေမယ့် ခံယူချက်ကြောင့် တော်လှန်ခြင်းကတော့ ဘယ်အခြေအနေ ရောက်ရောက် မပြောင်းလဲ မယိမ်းယိုင်နိုင်ပါဘူး”

“ဒီအတွက် ဘာတွေ ကြုံလာကြုံလာ နောက်ဆုတ်ဖို့ မရှိပါဘူး။ နောင်တ မရပါဘူး။ အရှုံးမပေးပါဘူး။ ကမ္ဘာမကြေပါဘူး။ ကိုယ်ယုံကြည်ရာ အမှန်တရားကို ရအောင်ယူဖို့ ဖြစ်အောင် လုပ်ဖို့က အားလုံးရဲ့ တာဝန်ဖြစ်ပြီး ဒီတာဝန်အတွက် လူသားတိုင်းမှာ မွေးရာပါ ခွန်အားတွေ ရှိကြပါတယ်”လို့ မင်းမော်ကွန်းက ဆိုပါတယ်။

ဆက်လက်ပြီး မင်းမော်ကွန်းက အာဏာရှင်တွေရဲ့ လူပါးဝ စော်ကားခြင်းတွေကို ခွင့်ပြုဖို့ နောက်ထပ် ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူးလို့ ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
135
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311
သရုပ်ဆောင် မင်းမော်ကွန်း

“ဒီထက် အရေးကြီးတာက ကျနော်တို့ မျိုးဆက်တွေကို အာဏာတခုကြောင့်သာ မတရားသဖြင့် ချမ်းသာကြပြီး ဘာအရည်အချင်း၊ အဆင့်အတန်းမှ မရှိ၊ လူမဆန်တဲ့သူတွေရဲ့ မတရား အနိုင်ကျင့်ခြင်းတွေ လူပါးဝ စော်ကားခြင်းတွေကို ခွင့်ပြုဖို့ နောက် ထပ်ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူး”

“ဒါကြောင့် အားတင်းပါ။ အားမွေးထားကြပါ။ အရာရာအတွက် ကြိုတင်ပြင်ဆင် အသင့်ဖြစ်ပါစေ။ ကျန်းမာရေး ကောင်းပါစေ။ သွေးမကွဲပါစေနဲ့”

“ကျနော်တို့ ပြည်သူအားလုံး တိုင်းရင်းသားအားလုံးက တညီတညွတ်တည်း တော်လှန်ရင် ဘယ်အာဏာရှင်မှ ကြာရှည် မခံနိုင်ပါဘူး။ အဆုံးသတ် တိုက်ပွဲအတွက် အဆင်သင့်ရှိကြပါစေ။ အရေးတော်ပုံ အောင်ရမည်”လို့ မင်းမော်ကွန်းက ပြောထားပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်းကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တာကြောင့် ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရပြီး၊ အာဏာရှင် လက်ထက်မှာ အနုပညာအလုပ် အားလုံးကို CDM လုပ်သွားမယ်လို့ ဆိုပါတယ်။

You may also like these stories:

“အာဏာရှင်လက်ထက်မှာ အနုပညာအလုပ် အားလုံးကို CDM ပဲ”လို့ မင်းမော်ကွန်း ဆို

တော်လှန်ရေးနဲ့ ကိုဗစ် ၂ ခုစလုံး အရေးကြီးကြောင်း မင်းမော်ကွန်း ပြော

ရဲတိုက် အဖမ်းခံရမှုအတွက် အမှန်တရား ပေါ်ပေါက်ဖို့ မင်းမော်ကွန်း တောင်းဆို

Your Thoughts …
Tags: စစ်အာဏာရှင်တော်လှန်ရေးပြည်သူမင်းမော်ကွန်းလက်နက်ကိုင်အနုပညာရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

by ဧရာဝတီ
15 November 2024
22.3k

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားမှုရှိနေသည့်အပြင် ယခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
18k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

by ဧရာဝတီ
18 November 2023
13.5k

လတ်တလော အရှိန်မြင့်လာတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီး နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

by နန်းဆိုင်နွမ်
24 May 2025
7.8k

“သျှမ်းလူမျိုး၊ သျှမ်းပြည်၊ အာဏာရှင်မှန်သမျှ တိုက်ဖျက်ရေး” ဆိုပြီး ကြွေးကြော်လက်နက်ကိုင်ခဲ့တာ မေ ၂၁ ရက်မှာ ၆၇ နှစ် တိုင်ခဲ့ပါပြီ။

နိုင်ငံတော်ဈာပန ဆိုသော်ငြား ပြည်သူမချစ်ရင် ကမ္ဗည်းမတင်

နိုင်ငံတော်ဈာပန ဆိုသော်ငြား ပြည်သူမချစ်ရင် ကမ္ဗည်းမတင်

by မောင်ဘိုး
18 August 2025
7.6k

ပြည်သူလူထု လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဈာပနတွေဆိုရင်တော့ ဘယ်လောက်ပဲ အတားအဆီး အကန့်အသတ်ရှိပါစေ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြည်သူတွေ ဂုဏ်ပြုကြတယ်ဆိုတာ အတိတ်ဖြစ်ရပ်တွေက သက်သေပြပြီး ဖြစ်ပါတယ်။

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

တိုက်ကွန်းလား၊ ခရိုနီလား၊ အခွင့်ထူးခံ သူဌေးကြီးတွေလား

by ကြာဖက်နှင်း
2 June 2024
7.3k

ခရိုနီ သူဌေး အတော်များများသည် စစ်တပ် ဗိုလ်ချုပ်တွေ အပါအဝင် စစ်အစိုးရနှင့် ပေါင်းစား၍ ကြီးပွား ချမ်းသာ လာခဲ့သူများ ဖြစ်သည်။

Next Post
သရုပ်ဆောင် ဒေါင်း  / Daung's Facebook

အကြမ်းဖက် စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းဖို့ ဒေါင်း ပြော

နမ္မတူရှိ သတ္တုကျိုချက် ခွဲထုတ်စက်ရုံကြီး / ဧရာဝတီ

အမေရိကန် ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိ သတ္တုပစ္စည်းများ စစ်ကောင်စီထုတ်ရောင်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved