• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

ကိုယ်ဝန်တားဆေးက ရင်သားကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းများစေနိုင်

by ချစ်ဖေ (တောင်တွင်းမြေ)
19 December 2017
in Health
A A
ကိုယ်ဝန်တားဆေးက ရင်သားကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းများစေနိုင်
16.2k
VIEWS
Share on FacebookShare on Twitter

နေ့စဉ် သောက်သုံးနေတဲ့ ဆေးတွေကနေလည်း ကင်ဆာဖြစ်နိုင်ချေကို အားပေးတဲ့ အခြေအနေတွေ ဖြစ်လာစေနိုင်ပါတယ်။ အထူးသဖြင့်တော့ ကာလကြာရှည်အောင် စွဲမြဲ သောက်သုံးတဲ့ ကိုယ်ဝန် တားဆေးလို ဆေးတွေပေါ့။ ဥပမာ-ခိုင်းနှိုင်းပြောရရင် ဆေးလိပ်သောက်သုံးမှုကြောင့် အဆုတ်ထိခိုက်စေနိုင်တာမျိုး၊ နေရောင်ခြည် တိုက်ရိုက်ကျရောက်မှုကြောင့် အရေပြား ထိခိုက်စေနိုင်တာမျိုး၊ အရက်သောက်သုံးမှု များခြင်းကြောင့် အသည်းထိခိုက်စေသလိုပဲ ကိုယ်ဝန်တားဆေးလို အမြဲ သောက်သုံးနေတဲ့ ဆေးကြောင့်လည်း ကျန်းမာရေးကို ထိခိုက်မှုရှိစေပါတယ်။ အခုနောက်ဆုံး သိလာရတဲ့ လေ့လာချက်အရ ကိုယ်ဝန်တားဆေး တွေက ကင်ဆာဖြစ်နိုင်ချေကို ပိုမို မြင့်တက်စေတယ်ဆိုတာပါပဲ။

ကျန်းမာရေးနယ်ပယ်မှာ လက်ခံအတည်ပြုနိုင်လာက်အောင် သေချာတဲ့ လေ့လာချက်အသစ်အရ ကိုယ်ဝန် တားဆေး သောက်သုံးသူတွေအနေနဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ချေ သိသိသာသာကိုပဲ မြင့်တက် စေတယ်ဆိုတာ သိလာရပါတယ်။ အထူးသဖြင့်တော့ အဆိုပါ ကိုယ်ဝန်တားဆေးက အမျိုးသမီးတွေရဲ့ ဟော်မုန်းထုတ်စနစ်ကို ဖိအားပေးမမှန်ကန်စေတော့တာကြောင့် ကင်ဆာဖြစ်ဖို့ အားပေးသလို ဖြစ်လာ စေတယ်လို့ ဆိုပါတယ်။

New England Journal of Medicine မှာ အခု လေ့လာချက်နဲ့ ပတ်သက်တဲ့ ဆောင်းပါးကို ဖော်ပြထားတာ တွေ့ရပြီး ဆောင်းပါးမှာ အခုလို ကိုယ်ဝန်တားဆေးတွေက ကင်ဆာဖြစ်နိုင်ချေကို တိုးစေတယ်ဆိုတာ သေချာဖို့ အတွက် အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အတွင်း အမျိုးသမီး ၁.၈ သန်းလောက်ကို စောင့်ကြည့်မှုတွေ လုပ် ဆောင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၁ နှစ်တာ ကာလအတွင်း အဆိုပါ အမျိုးသမီးတွေမှာ ကိုယ်ဝန်တားဆေးသုံးသူနဲ့ မသုံးသူအကြား ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းကို စောင့်ကြည့်ခဲ့ပြီး အခုလို အတည်ပြုချက် ထွက်ရှိလာတာလည်း ဖြစ်ပါတယ်။

လေ့လာချက်အရ ကိုယ်ဝန်တားဆေး သုံးစွဲတဲ့ အမျိုးသမီးတွေဟာ ဆေးမသုံးသူတွေထက် ရင်သား ကင်ဆာ ဖြစ်နိုင်ချေ ရာခိုင်နှုန်း ၂၀ ထိအောင် မြင့်မားတယ်လို့ ဆိုပါတယ်။ ပြီးတော့ တားဆေးကို အချိန်ကြာ စွဲမြဲ သောက်သုံးလေလေ ကင်ဆာဖြစ်နိုင်ချေ မြင့်မားလေလေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

RelatedPosts

အိန္ဒိယ-မြန်မာ နယ်စပ်၌ ဝမ်းပျက်ဝမ်း‌လျှောကြောင့် စစ်ဘေးရှောင် အပါအဝင်  ၇ ဦး သေဆုံး

အိန္ဒိယ-မြန်မာ နယ်စပ်၌ ဝမ်းပျက်ဝမ်း‌လျှောကြောင့် စစ်ဘေးရှောင် အပါအဝင် ၇ ဦး သေဆုံး

14 November 2025
289
အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်မှု လျော့ကျ

အရှေ့တောင်အာရှတွင် ဆေးလိပ်သောက်မှု လျော့ကျ

25 October 2025
699
ART ဆေး ထုတ်ပေးမှု စစ်ကော်မရှင် ကန့်သတ်

ART ဆေး ထုတ်ပေးမှု စစ်ကော်မရှင် ကန့်သတ်

9 August 2025
1.1k

သို့ပေမယ့် ကိုယ်ဝန်တားဆေးတွေ မသောက်သင့်တော့ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒီဆေးတွေ အနေနဲ့ ရင်သားကင်ဆာဖြစ်ဖို့ အားပေးတယ်ဆိုတာကို ကျန်းမာရေးအသိရှိထားဖို့နဲ့ စာရင်းနဲ့ ပမာဏ အရလည်း အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း ရာခိုင်နှုန်း ၂၀ ပိုများစေတယ်ဆိုတာ သိထားဖို့ပဲ လိုအပ်ပါတယ်။ အမေရိကန်ကင်ဆာအဖွဲ့အစည်းက ကူးဆက်ရောဂါပျံ့ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ ဆေးပညာရှင် Mia Gaudet ကတော့ ၂၀ ရာခိုင်နှုန်း ပိုပြီးဖြစ်နိုင်ချေ များစေတယ်ဆိုပေမယ့် အရမ်းတော့ မစိုးရိမ်ရပါဘူး။ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်းကလည်း နည်းပါးလို့ အရမ်း စိတ်မပူပါနဲ့လို့ ရှင်းပြပါတယ်။

သင့်အနေနဲ့ တားဆေး သောက်သုံးလို့ ရင်သားကင်ဆာဖြစ်ဖို့ အလေးသာစေတာ မှန်ပေမယ့် တားဆေးလည်း သုံးတယ်။ ကိုယ်အလေးချိန်လည်း များတယ်(ဝတယ်)၊ အရက်၊ ဆေးလိပ်လို သောက်သုံးမှုလည်း များတယ်၊ ဒီလို ကျန်းမာရေးအတွက် မကောင်းတဲ့ နေထိုင်စားသောက်မှု ပုံစံတွေရှိနေရင်တော့ ကင်ဆာဖြစ်နိုင်ချေများမှာ ဖြစ်ပေမယ့် တားဆေးတခုတည်းနဲ့တော့ ကင်ဆာဖြစ်မှာလားဆိုတာ မပူရဘူးလို့ Mia က ဆက်ပြောပါတယ်။

ဒါဆိုရင် အရမ်းတော့စိတ်ပူဖို့ မလိုဘူး၊ ဒါပေမယ့် ဘယ်လောက်များများ ရင်သားကင်ဆာ ဖြစ်နေပါသလဲ။ ပျမ်းမျှနှုန်းတွေအရတော့ အမျိုးသမီး ၁ သိန်းမှာ ၁၃ ဦးပဲ ရင်သားကင်ဆာ ဖြစ်နေပါတယ်။ အသက် ၃၅ နှစ် အရွယ်အောက်မှာ ကင်ဆာဖြစ်ပွားနှုန်းက ၁ သိန်း မှာ ၂ ဦးလောက်ပဲရှိပါတယ်လို့ အောက်စ်ဖို့ တက္ကသိုလ်မှ ကူးဆက်ရောဂါပျံ့ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ ဆေးပညာရှင် David Hunter က ပြောပါတယ်။

ဒါဆိုရင်တော့ ကိုယ်ဝန်တားဆေးတွေက ရင်သားကင်ဆာကို အားပေးတယ်ဆိုတာသိလာရပြီ၊ မှတ်ထားရမယ်၊ ဒါပေမယ့် တားဆေးသုံးတိုင်း ကင်ဆာဖြစ်ဖို့တော့ မရှိဘူး၊ အရက်၊ ဆေးလိပ်၊ အဝလွန်တာတွေ မရှိ၊ နေထိုင်စားသောက်မှုပုံစံမမှန်တာမျိုးတွေ မလုပ်ရင်တော့ ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်း သိပ်ပြီး များစေမှာ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင်တော့ ဆရာဝန် ညွှန်ကြားတဲ့ ကိုယ်ဝန်တားဆေးမျိုးကိုသာ သောက်သုံးနေထိုင်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

www.rd.com တွင် ဖော်ပြထားတဲ့ If you take birth control, you could have a higher risk of this one cancer ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Your Thoughts …
Tags: ကိုယ်ဝန်တားဆေးရင်သားကင်ဆာအမျိုးသမီး
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်

အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်

by ဧရာဝတီ
7 August 2023
8.2k

ကျူးလွန်သူ ၈ ဦးကို မြို့နယ်အချုပ်ထောင်တွင် ဖမ်းဆီးထားပြီး တာဝန်များအားလုံးကို ရပ်ဆိုင်းထားကြောင်း၊ အလားတူ ကျူးလွန်ခံရသည့် အမျိုးသမီးကိုလည်း တာဝန်မှရပ်ကာ သာမန်ပြည်သူအဖြစ် စောင့်ရှောက်ထားပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း

အမျိုးသမီးအခွင့်အရေး ချိုးဖောက်သော စကြာမင်းဆေးဝါးစက်ရုံ ရဲဝင်စစ်

အမျိုးသမီးအခွင့်အရေး ချိုးဖောက်သော စကြာမင်းဆေးဝါးစက်ရုံ ရဲဝင်စစ်

by ဧရာဝတီ
27 March 2025
8.2k

ဖြစ်စဉ်မှာ ယခုလ ၂၄ ရက်က စက်ရုံအမှိုက်ပုံး၌ လစဉ်သုံးပစ္စည်း စွန့်ပစ်သဖြင့် အမျိုးသမီးအလုပ်သမား ၄၀ ကျော်ကို CCTV တပ်ထားသော နေရာ၌ ဓမ္မတာလာမလာ တဦးချင်း လုံခြည်လှန်၍ စက်ရုံမှ တာဝန်ရှိ အမျိုးသမီးတဦးက ကာယအိန္ဒြေပျက်သည့်အထိ...

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

အစည်းအဝေး၌ စကားပြောရယ်မောသည့် အမျိုးသမီးနှစ်ဦး ပ.က.ဖ ရိုက်နှက်

အစည်းအဝေး၌ စကားပြောရယ်မောသည့် အမျိုးသမီးနှစ်ဦး ပ.က.ဖ ရိုက်နှက်

by ဧရာဝတီ
9 August 2023
7.2k

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ နှော်ကျေးရွာတွင် အစည်းအဝေးပြုလုပ်နေချိန် စကားပြောရယ်မောသည်ဟူသော အကြောင်းပြချက်ဖြင့် အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) အဖွဲ့ဝင်က ခေါ်ယူရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျူးလွန်ခံရပြီဆို ထုတ်ဖော်ပြောဖို့လိုတယ်

ကျူးလွန်ခံရပြီဆို ထုတ်ဖော်ပြောဖို့လိုတယ်

by ဧရာဝတီ
6 February 2025
6.4k

အထူးသဖြင့် အကြမ်းဖက်မှုတွေက အမျိုးသားကနေ အမျိုးသမီးအပေါ်ဖြစ်စေ၊ အမျိုးသားအချင်းချင်း ဖြစ်စေ၊ အမျိုးသမီးအချင်းချင်းဖြစ်စေ မရှိဖို့လိုတာပေါ့။ အဓိကက လုပ်ငန်းခွင်အတွင်းမှာ လုပ်ငန်းအကောင်အထည် ဖော်မှု ချောမွေ့ ဖို့ရယ်၊ စည်းစည်းလုံးလုံးနဲ့ အပြန်အလှန်လေးစားမှုအပြည့်နဲ့ လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ ယူဆတယ်။

စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ

စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ

by ယုဖြူဟန်
29 January 2025
4.4k

စစ်ကောင်စီကမူ စစ်မှုထမ်းဆင့်ခြင်းကို မီဒီယာများသာမက ပုဂ္ဂလိကတဦးချင်းကပါ မဟုတ်မမှန်ပုံကြီးချဲ့ ပြောနေကြောင်း၊ ရပ်ကွက် ကျေးရွာ မြို့နယ် ခရိုင်အဆင့်ဆင့်၏ စစ်မှုထမ်းဆင့်ခေါ်ခြင်း အားနည်းချက်ကို အများစုက သတင်းမှန် အနည်း ငယ်ပေါ် အခြေခံ၍ လူထုအထင်အမြင်မှားစေရန်၊ စစ်မှုထမ်းဆင့်ခေါ်မှု ပုံရိပ်ထိခိုက်ကျဆင်းစေရန်...

Next Post
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ပုံကြမ်း

အကြီးဆုံး ဗိုလ်ချူပ်အောင်ဆန်း ရုပ်တု နေပြည်တော်တွင်ဆောက်မည်

Hong Bao Myanmar စားသောက်ဆိုင်  / သီဟတိုး / ဧရာဝတီ

ဟောင်ကောင်လက်ရာ စစ်စစ်နဲ့ “Hong Bao Myanmar” စားသောက်ဆိုင်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved