Health

ဝန်ထမ်းတွေကို တရေးအိပ်စက်ခွင့်ပေးတဲ့ ဖင်လန်နိုင်ငံရဲ့ ရုံးများ

Want create site? Find Free WordPress Themes and plugins.

ရုံးမှာ အလုပ်လုပ်ရင်း နေ့ခင်းဘက် တရေးတမောအိပ်စက်ခွင့်ကို ဖင်လန်နိုင်ငံမှာ ကျင့်သုံးတယ်လို့ သိရပါတယ်။ အလုပ်တွေလုပ်နေရင်း စိတ်ဖိစီးတာတွေကို လျော့ချဖို့နဲ့ ထုတ်လုပ်နိုင်စွမ်း မြင့်တက်ဖို့ ဒီလိုပြုလုပ်ရတာ ဖြစ်ပါတယ်။

အရွယ်ရောက်ပြီးသူတွေဟာ ခဏလောက်အိပ်လိုက်ရရင်ပဲ အားအင် ပြန်လည်ဖွံ့ဖြိုးလာတာမျိုးပါ။ ဖင်လန်နိုင်ငံက ကုမ္ပဏီတော်တော်များများမှာ နေ့ခင်းအိပ်စက်ဖို့ ဆိတ်ငြိမ်တဲ့ အခန်းတွေ ပြုလုပ်ထားပေးတယ်လို့ ဆိုပါတယ်။

အိပ်စက်ဖို့ကို ကူညီပေးဖို့ Guide တွေလည်း ရှိပြီး မအိပ်ခင်မှာ နာရီဝက်ခန့် ယောဂ ကျင့်ကြတယ်လို့ သိရပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို ငှားထားပြီး အလုပ်သမားတွေကို အုပ်စုဖွဲ့ကာ ယောဂပြုလုပ်ခြင်းနဲ့ အိပ်စက်ခြင်းတို့ကို ပြုလုပ်စေပါတယ်။

အခန်းထဲမှာ အတူတူ စုဖွဲ့ပြီး အိပ်စက်ခြင်းကြောင့် ဝန်ထမ်းတွေအနေနဲ့ ပိုမိုရင်းနှီးလာနိုင်ပြီး ခင်မင်ရင်းနှီးမှုတွေ ပိုလာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ဘေးမှာ အတူတူအိပ်စက်နေတဲ့ သူကို ယုံကြည်မှသာ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်တာ ဖြစ်လို့ ဝန်ထမ်းအချင်းချင်း ယုံကြည်မှုရှိအောင် ပြုလုပ်ပြီး ဖြစ်သွားပါတယ်။

လူတော်တော်များများက ခဏလောက်အိပ်လိုက်ရရင် ပိုပြီး ပျင်းရိသွားနိုင်တယ်လို့ စောဒက တက်ကြပေမယ့် ဖင်လန်နိုင်ငံက အိပ်စက်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ကောင်းမွန်တဲ့ အိပ်စက်ခြင်းဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက်သာ အိပ်ပျော်မယ်ဆိုရင် တရေးတမော အိပ်ခြင်းဟာ အကျိုးရှိလွန်းတယ်လို့ ပြန်လည်ချေပထားပါတယ်။

အမှန်တကယ်လည်း တရေးတမောအိပ်စက်ပြီးတဲ့ နောက်မှာ ဝန်ထမ်းတွေဟာ တက်ကြွခြင်း၊ ထုတ်လုပ်နိုင်စွမ်းမြင့်တက်ခြင်းနဲ့ ဖန်တီးမှုစွမ်းအားတွေ မြင့်လာတယ်လို့ သိရပါတယ်။

တရေးတမော အိပ်စက်ခွင့် ပေးတဲ့ နေရာမှာလည်း ဝန်ထမ်းတွေ အားလုံးကို တသမတ်တည်း ပြုလုပ်ထားတာမျိုး မဟုတ်ပါဘူး။ ဝန်ထမ်းတွေအနေနဲ့ အမှန်တကယ်ပင်ပန်းတဲ့ အချိန်မှာ အိပ်ဖို့ ပြင်ဆင်ထားပေးတဲ့ အခန်းမှာ သွားပြီး အိပ်ရုံပါပဲ။ တကယ်လို့ သင်က မနက်စောစော ထနိုင်တဲ့သူ မဟုတ်ဘူးဆိုရင် မနက် အိပ်ရေးဝအောင် အိပ်ပြီးမှ ရုံးလာခွင့် ရှိတယ်လို့ သိရပါတယ်။

Ref ; brightside

Did you find apk for android? You can find new Free Android Games and apps.
Loading