Trend

တိရစ္ဆာန်တွေရဲ့ မစင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်လိုက်တဲ့ ဖင်လန်နိုင်ငံ

Want create site? Find Free WordPress Themes and plugins.

တနှစ်ထက်တနှစ် ယိုယွင်းပျက်စီးလာတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ကမ္ဘာ့နိုင်ငံတော်တော်များများဟာ စွမ်းအင် ချွေတာရေး လုပ်ငန်းစဉ်တွေကို တစထက်တစ ပိုမို ဖန်တီးလာနေကြတာပါ။ ဒီနိုင်ငံတွေထဲမှာမှ ဖင်လန်နိုင်ငံဟာဆိုရင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက်ရော လူသားတွေအတွက်လည်း အကျိုးရှိမယ့် အစီအစဉ်တခုကို အကောင်အထည် ဖော်လိုက်ပါတယ်။

ဖင်လန်နိုင်ငံက လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီတွေဟာ တိရစ္ဆာန်တွေရဲ့မစင် (အထူးသဖြင့် မြင်းချေး) ကို အသုံးပြုကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ သိပ်မကြာသေးခင်က ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မြင်းစီးပြိုင်ပွဲ FEI World Cup မှာ မြင်းချေး တန်ချိန်ပေါင်း (၁၀၀) ကျော်လောက် ရရှိခဲ့ပြီး ဒီမြင်းချေးတွေကို Jarvenpa လျှပ်စစ်ဓာတ်အားပေး စက်ရုံဆီ ပို့ဆောင်ခဲ့ပါတယ်။

ဒီမြင်းချေးပေါင်း တန် ၁၀၀ ကျော်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့အခါ စုစုပေါင်း မီဂါဝပ် ၁၅၀ ကျော်ကို ရရှိခဲ့တာဖြစ်ပြီး ဒီ မီဂါဝပ် ၁၅၀ ကျော်ဟာ မြင်းစီးပြိုင်ပွဲကို ၄ ရက်ကြာ လျှပ်စစ်ဓာတ်အားပေးဖို့ လုံလောက်ရုံမက ပိုလျှံခဲ့တာလည်း ဖြစ်ပါတယ်။ ဖင်လန်နိုင်ငံက စွမ်းအင်ကုမ္ပဏီတခုဖြစ်တဲ့ Fortum ဟာဆိုရင် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက တိရစ္ဆာန် မစင်တွေကို သုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး Fortum ကုမ္ပဏီရဲ့ တာဝန်ရှိသူတဦးက “ကျနော်တို့နိုင်ငံမှာ မြင်းတွေက အများကြီးပါ။ မြင်းတွေက ကမ္ဘာပေါ်က နိုင်ငံအတော်များများမှာလည်း ရှိပါတယ်။ မြင်းချေးတွေဟာ စွမ်းအင်ထုတ်လုပ်ရာမှာ ကုန်ကြမ်းတခုအနေနဲ့ အသုံးတည့်တဲ့အပြင် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်တွေကို ချွေတာရာ ရောက်ပါသေးတယ်”

“မိသားစု တစုမှာ မြင်း ၂ ကောင်လောက် မွေးထားရုံနဲ့ တနှစ်လုံးစာအတွက် လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တိရစ္ဆာန်တွေရဲ့ မစင်ကို ဒီအတိုင်း စွန့်ပစ်လိုက်မယ့်အစား ပြန်လည် အသုံးချကြဖို့ အကြံပေးချင်ပါတယ်”လို့ ဆိုပါတယ်။

Ref. www.thestar.com

You may also like these stories:

Wildlife Tourism လုပ်ငန်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ဖင်လန်နိုင်ငံ

ကမ္ဘာပေါ်က အသန့်ရှင်းဆုံး နိုင်ငံများ

Did you find apk for android? You can find new Free Android Games and apps.
Loading