ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဖြစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် မြန်မာအသင်းနှင့် ထိုင်း အသင်းတို့ ထိပ်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ယနေ့မွန်လွဲပိုင်းက မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် မလေးရှား အမျိုးသမီးအသင်းနှင့် ကစားရာ ၅ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ယူလိုက်သဖြင့် အုပ်စု(က)တွင် အုပ်စုဗိုလ်ဖြစ်ကာ အကြိုဗိုလ်လုပွဲသို့ တက် ရောက်ခဲ့ခြင်းဖြစ်သည်။
အုပ်စု(ခ)တွင် ထိုင်းလက်ရွေးစင်အမျိုးသမီးအနေဖြင့်လည်း ယနေ့ပွဲစဉ်တွင် အင်ဒိုနီးရှားအမျိုးသမီး အသင်းအား ၅ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရကာ အုပ်စုဒုတိယဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။
အုပ်စု(က)တွင် မြန်မာ၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့ပါဝင်ပြီး အုပ်စု ပထမပွဲစဉ်အဖြစ် မြန်မာနှင့် ဖိလစ်ပိုင်တို့ ဂိုးမရှိ သရေ ရလဒ်ထွက်ပေါ်ခဲ့သည့် အတွက် ရမှတ်တူ၊ ဂိုကွားခြားချက်တူဖြင့် ၎င်းတို့ ၂ သင်းအုပ်စု တက် ခဲ့ခြင်းဖြစ် သည်။
ဆက်စပ်ဖတ်ရှုရန်
<a ” href=”https://burma.irrawaddy.com/lifestyle/sport/2019/11/27/209337.html”>မြန်မာဘောလုံး အသင်း ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းနေ
<a ” href=”https://burma.irrawaddy.com/news/2019/11/28/209437.html”>ဆီးဂိမ်းတွင် ကမ္ဘာ့ကြက်တောင်ချန်ပီယံများလည်း ပါသဖြင့် သက်ထားသူဇာအတွက် ခက်ခဲနိုင်