နှိပ်နယ်ခြင်းဟာ ခန္ဓာကိုယ် ကြွက်သားတွေကို ပြေလျော့စေပြီး ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတာကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိပါတယ်။ အခု ဖော်ပြပေးမှာကတော့ တနေ့ကို ၁၅ မိနစ်ခန့် အချိန်ပေး နှိပ်နယ်ပေးရုံနဲ့ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် နှိပ်နယ်နည်းတွေပဲ ဖြစ်ပါတယ်။
(၁) အိပ်ရာက နိုးနိုးချင်းမှာဖြစ်ဖြစ်၊ ညအိပ်ရာ ဝင်ခါနီးမှာဖြစ်ဖြစ် ခြေထောက်နဲ့ လက်မောင်းကြွက်သားတွေ ပြေလျော့စေဖို့ ခြေထောက်နဲ့ လက်တွေကို အသာအယာ နှိပ်နယ်ပေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာ ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ညောင်းညာ ကိုက်ခဲမှုတွေကို သက်သာစေနိုင်ပါတယ်။
(၂) အစားစားပြီးတဲ့အခါ ဝမ်းဗိုက် တဝိုက်ကို နာရီလက်တံပုံစံအတိုင်း အသာအယာ ပွတ်ပေးခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေနိုင်တာကြောင့် အစာကြေစေပြီး အူလမ်းကြောင်းတလျှောက် အစာစီးဆင်းမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
(၃) နေ့စဉ် ကွန်ပျူတာနဲ့ အလုပ်လုပ်နေရသူတွေအနေနဲ့ လက်ချောင်းတွေ ညောင်းညာ နာကျင်ကိုက်ခဲမှုတွေ ခံစားရတတ်ပါတယ်။ ညောင်းညာနာကျင်မှုတွေ သက်သာစေဖို့ လက်ချောင်း တချောင်းချင်းစီကို လက်မနဲ့ လက်ညှိုးအသုံးပြုကာ အသာအယာ နှိပ်နယ်ပေးသင့်ပါတယ်။
(၄) နေ့စဉ် လှုပ်ရှားသွားလာမှုမှာ ခြေထောက်တွေဟာ အဓိက အသုံးပြုရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဖြစ်တာကြောင့် ညောင်းညာမှုတွေကို ခံစားရနိုင်ပါတယ်။ အိပ်ရာဝင်ခါနီး အချိန်တွေမှာ တင်းနစ် ဘောလုံးလို ဘောလုံး အသေးစားလေးတလုံးကို ခြေဖဝါးအောက်မှာထားကာ အသာအယာ လှိမ့်ပေးခြင်းက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ခြေဖဝါး နာကျင် ညောင်းညာခြင်းတွေကို သက်သာစေမှာ ဖြစ်ပါတယ်။
Ref. timesofindia.com
You May Also Like These Stories:
ကျန်းမာရေး ကောင်းချင်ရင် နေ့စဉ်ပြုလုပ်ရမယ့် အရာများ
သကြားညိုကို အလှအပတွက် အသုံးပြုနိုင်မယ့် နည်းလမ်း ၃ ခု