Health

သွေးတွင်းသကြားဓာတ်ကို သဘာဝအတိုင်း ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းများ

Want create site? Find Free WordPress Themes and plugins.
သွေးတွင်း သကြားဓာတ် လွန်ကဲမှုဟာ ကျန်းမာရေး ပြဿနာ တော်တော်များများကို ဦးတည်နေပြီး နေ့စဉ် လူမှုဘဝရဲ့ စားသောက်မှု ပုံစံနဲ့လည်း ဆက်စပ်နေတဲ့ အဓိကအကြောင်းအရာတခု ဖြစ်ပါတယ်။

သကြားဓာတ်ပါတဲ့ ဘယ်လို အစားအစာမဆို စားသောက်နေတုန်းမှာ မသိသာပေမယ့် အချိန်ကြာမြင့်လာတာနဲ့အမျှ သွေးတွင်း သကြားဓာတ်ဟာ မညီမျှတော့ဘဲ သွေးချို၊ ဆီးချို စတဲ့ နာတာရှည်ရောဂါတွေအထိ ဖြစ်ပွားစေနိုင်တယ်လို့ သုတေသနပေါင်းများစွာမှာ ဖော်ပြထားပါတယ်။

သွေးတွင်း သကြားဓာတ် မညီမျှတဲ့အခါ Hyperglycemia (သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း) နဲ့ Hypoglycemia (သွေးတွင်းသကြားဓာတ်လျော့ကျခြင်း) တို့အပြင် မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်မြင့်တက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံစိုက်ရန် ခက်ခဲခြင်း၊ အသားအရေ ခြောက်သွေ့ခြင်းနဲ့ အမြင်အာရုံ ဝေဝါးခြင်းနဲ့ တခြားဘေးထွက်ဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။

သွေးတွင်း သကြားဓာတ် ထိန်းညှိပေးဖို့ အရေးကြီးဆုံး အချက်တချက်ကတော့ နေ့စဉ် စားသောက်မှု ပုံစံကို စတင် ဂရုစိုက်ဖို့ပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ အစေ့အဆံနဲ့ အသား၊ ငါးတို့ကို သင့်တင့်မျှတအောင် စားသုံးပေးသင့်ပြီး သဘာဝအတိုင်း မဟုတ်တဲ့ စားသောက်ကုန် ပစ္စည်းတွေကို စားသုံးခြင်းအား အထူးဂရုပြု ဆင်ခြင်ရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ဘယ်လို အစားအစာတွေကို စားသုံးရမလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

(၁) အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာများ

အမျှင်ဓာတ် များများပါဝင်တဲ့ အစားအသောက်တွေဟာ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်းကို အကောင်းဆုံး လုပ်ဆောင်ပေးတဲ့အပြင် ကာဗိုဟိုက်ဒရိတ် ချေဖျက်နှုန်းကိုလည်း လျှော့ချပေးနိုင်ပြီး ပန်းဂေါ်ဖီစိမ်း၊ ပဲနဲ့ ဖရုံစေ့ စတာတွေမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။

(၂) ပရိုတင်းဓာတ် ပါဝင်တဲ့ အစားအစာများ

ပရိုတင်းဓာတ် မြင့်မားစွာ ပါဝင်တဲ့ အစားအသောက်တွေ စားသုံးပေးခြင်းဖြင့်လည်း သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။ စားသောက်မှု ပုံစံအပေါ် အခြေခံထားတဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တခု ဖြစ်တာကြောင့် နေ့အခါမှာသာ ဝဝလင်လင် စားသုံးထားပြီး ညအခါမှာ အလွန်အကျွံစားသောက်ခြင်းကတော့ သွေးတွင်း သကြားဓာတ် မညီမျှမှုကို ထိခိုက်စေနိုင်ပါတယ်။

ဒါ့အပြင် အိပ်ရေးဝခြင်း၊ မဝခြင်းနဲ့ စိတ်ဖိစီးမှုတို့ဟာ ဆက်စပ်နေပြီး စိတ်ဖိစီးမှု များပြားတဲ့အခါ Cortisol ဟော်မုန်း ထုတ်လုပ်မှုနှုန်းနဲ့အတူ သွေးတွင်း သကြားဓာတ်ပါ မြင့်တက်လာစေနိုင်တဲ့အတွက် အိပ်ရေးဝဝ အိပ်စက်ဖို့ကလည်း အရေးကြီးတဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။

Ref. www.mindbodygreen.com

You may also like these stories:
Did you find apk for android? You can find new Free Android Games and apps.
Loading