ကျန်းမာရေး ကောင်းမွန်စေဖို့ အစားအသောက်တွေ စားသုံးရာမှာ သွားနဲ့ ခံတွင်း ကျန်းမာရေးကလည်း အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။ သင့်အနေနဲ့ ခံတွင်း ကျန်းမာရေး ပြဿနာတွေ မကြာခဏ ဖြစ်ပေါ်နေတတ်တယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းတွေအတိုင်း ပြုလုပ်သင့်ပါတယ်။
(၁) သကြားမပါတဲ့ ပီကေ (Sugarless Gum) ဝါးကြည့်ပါ
သကြား မပါတဲ့ ပီကေတွေမှာ Xylitol လို့ခေါ်တဲ့ ဓာတ်တမျိုး ပါဝင်ပြီး ဒါဟာ သဘာဝ အချိုဓာတ် တမျိုးဖြစ်တာကြောင့် သွားတွေကို မထိခိုက်စေနိုင်ဘဲ သွားပိုးစားခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ပီကေဝါးတဲ့အခါ ခံတွင်းထဲမှာ တံတွေးတွေ သဘာဝအတိုင်း ထွက်ပေါ်လာခြင်းကလည်း ခံတွင်းထဲက စားကြွင်း စားကျန်တွေကို ရှင်းထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၂) သွားတိုက်တံ သန့်ရှင်းရေးကို ဂရုစိုက်ပေးပါ
သွားတွေကို သန့်ရှင်းတဲ့နေရာမှာ အသုံးပြုတဲ့ သွားတိုက်တံ သန့်ရှင်းမှုကလည်း သွားကျန်းမာရေး ပြဿနာတွေကို လျော့ပါးအောင် ပြုလုပ်ပေးနိုင်ပါတယ်။ သွားတိုက်တံ အသုံးပြုပြီးတဲ့အခါတိုင်း ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီး ခြောက်သွေ့အောင် ထားခြင်းက သွားနဲ့ ခံတွင်း ကျန်းမာရေး ပြဿနာတွေကို လျော့နည်းစေနိုင်ပါတယ်။
(၃) သွားကျန်းမာရေးကို ကောင်းမွန်စေတဲ့ အစားအစာတွေကို စားပေးပါ
အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံ၊ အစေ့အဆန်တွေ၊ ဗီတာမင်ဘီ နဲ့ သံဓာတ် ကြွယ်ဝတဲ့ အစားအစာတွေဟာ သွားကျန်းမာရေးကို ကောင်းမွန်စေတဲ့ ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှုကို အားကောင်းစေတာကြောင့် နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ထည့်သွင်း စားသုံးပေးသင့်ပါတယ်။
(၅) အုန်းဆီကို အသုံးပြုပြီး ပလုတ်ကျင်းပါ
အုန်းဆီ ထမင်းစား ဇွန်း ၁ ဇွန်းစာခန့်ကို မျိုမချဘဲ ခံတွင်းထဲမှာ မိနစ်၂၀ ခန့် ငုံထားပြီး ပလုတ်ကျင်းခြင်းဟာ ခံတွင်းထဲက ဘက်တီးရီးယား ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် သွားနဲ့ ခံတွင်း ကျန်းမာရေး ပြဿာနာတွေကို လျော့ပါးစေနိုင်ပါတယ်။
Ref. www.brightside.me
You may also like these stories:
သွားများ ဖြူစင်အောင် အိမ်တွင်း ပြုလုပ်နိုင်မယ့် နည်းလမ်းများ
သွားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အစားအစာများ
သွားတွေ ပျက်စီးရတဲ့ အဓိက အကြောင်းအရင်းများ
သွားတွေကို ထိခိုက် ပျက်စီးစေနိုင်တဲ့ အလေ့အကျင့်များ