လူ တယောက်နဲ့ တယောက် တွေ့တဲ့အခါ ခင်မင်နှစ်လိုဖွယ်ရှိအောင် အပြုံးတွေနဲ့ နှုတ်ဆက်လေ့ ရှိကြပါတယ်။ လူတယောက်ရဲ့ နှစ်လိုဖွယ်ရာ အပြုံးတွေမှာ အဝါရောင်သွားချေးတွေ ရှိနေပြီဆိုရင် ကြည့်မကောင်းတော့ပါဘူး။
သွားတွေမှာ အဝါရောင် သွားချေးတွေ ရှိတာဟာ ပေါင်းသင်း ဆက်ဆံရေး အရလည်း မတင့်တယ် သလို၊ ကျန်းမာရေး အရလည်း မကောင်းတဲ့ လက္ခဏာပါ။ တချို့က အကြောင်း အကြောင်းကြောင့် သွားတွေ ဝါလာရင် ဆရာဝန်ဆီ သွားပြကြပေမယ့် အိမ်မှာပဲ ပြန်ဖြူအောင် ကိုယ်တိုင် လုပ်နိုင်မယ့် အိမ်တွင်း ကုထုံးလေးတွေ ရှိပါတယ်။
အဲဒီနည်းလမ်း ကုထုံးတွေကို အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်အောင် အကြုံပြု ရေးသား လိုက်ပါတယ်။
(၁) မုန့်ဖုတ်ဆိုဒါ ၊ Hydrogen Peroxide
မုန့်ဖုတ်ဆိုဒါက သွားတွေ ဖြူစင်တောက်ပအောင် သန့်စင်ပေးပါတယ်။ Hydrogen peroxide က ခံတွင်းအတွင်းပိုင်း အနာတွေကိုပါ သက်သာစေပြီး သွားတွေကို ဖြူစင်စေပါတယ်။
(၂) ပန်းသီး ၊ လိမ္မော်သီး၊ ရှားစောင်းလက်တပတ်
နေ့စဉ် ပန်းသီးတစိတ် အနည်းဆုံး စားပေးပါ။ ထို့အတူ ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်သီးကလည်း ခံတွင်းကို ဒုက္ခပေးတဲ့ ပိုးမွှားတွေကို တိုက်ဖျက်ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ ရှာစောင်းလက်ပတ် ရောထားတဲ့ အနှစ်နဲ့ သွားတိုက်ပေးရင်လည်း သွားတွေ ဖြူစင်စေပါတယ်။
(၃) နှမ်းစေ့၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီး
နှမ်းစေ့တွေမှာလည်း သွားကို ဖြူစင်တောက်ပစေတဲ့ သဘာဝဓာတ်တွေ ရှိနေပါတယ်။ နောက်ထပ် ဗီတာမင်စီ ကြွယ်ဝတဲ့ ခရမ်းချဉ်းသီးနဲ့ စတော်ဘယ်ရီသီးက ခံတွင်းမှာ အန္တရာယ်ရှိတဲ့ ပိုးမွှားတွေကို တိုက်ဖျက်ပေးပြီး သွားကို ဖြူစင်တောက်ပစေပါတယ်။
(၄) အုန်းဆီ၊ သံလွင်ဆီ
အဝါရောင် သွားတွေကို ဖြူစင်အောင် လုပ်ပေးမယ့် နောက်ထပ် နည်းလမ်းတခုက အုန်းဆီရယ်၊ မုန့် ဖုတ်ဆိုဒါရယ်၊ Stevia ပေါင်ဒါနဲ့ သံလွင်ဆီအရောကို သွားတွေကို ပွတ်တိုက်ပေးပါ။
(၅) မုန်လာဥနီ၊ ဗာဒံသီး (အဆံ)
မုန်လာဥနီက သွားတွေကို ခိုင်မာစေပါတယ်။ “Almonds” ဗာဒံသီး (အဆံ) က သွားပိုးပေါက် မဖြစ်အောင် ကာကွယ်ပေးပါတယ်။