• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

အိန္ဒိယဝန်ကြီးချုပ် မိုဒီ တရားထိုင်ခဲ့တဲ့ဂူ ခရီးသွားတွေအတွက် စိတ်ဝင်စားစရာ ဖြစ်လာ

by ညီညီသူ
4 September 2019
in Travel
A A
အိန္ဒိယဝန်ကြီးချုပ် မိုဒီ တရားထိုင်ခဲ့တဲ့ Rudra ဂူ

အိန္ဒိယဝန်ကြီးချုပ် မိုဒီ တရားထိုင်ခဲ့တဲ့ Rudra ဂူ

22.3k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့မေလတုန်းက အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ Uttarakhand ပြည်နယ်အတွင်းက Kedarnath ဘုရားကျောင်းနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ Rudra ဂူထဲမှာ ၁၇ နာရီကြာ တရားထိုင်ခဲ့ဖူးပါတယ်။ ဝန်ကြီးချုပ် တရားထိုင်ပြီးနောက်မှာ အဲဒီနေရာဟာ ခရီးသွားတွေအတွက် စိတ်ဝင်စားစရာ နေရာဖြစ်လာခဲ့ပြီး အခုဆိုရင် ခရီးသွားတွေ လာရောက် လည်ပတ်တဲ့နေရာ ဖြစ်လာခဲ့ပါတယ်။

ဝန်ကြီးချုပ် မရောက်လာခင်တုန်းကတော့ အဲဒီဒေသတွေဟာ ခရီးသွားတွေ အလာနည်းတဲ့ဒေသ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် လာရောက် တရားထိုင်ပြီးနောက်ပိုင်းမှာတော့ ဂူကို လေ့လာကြည့်ရှုဖို့ ကြိုတင် အကြောင်းကြားတာမျိုးတွေ လက်ခံ ရရှိခဲ့ပါတယ်။

အခုဆိုရင် ဝန်ကြီးချုပ် တရားထိုင်ခဲ့တဲ့ ဂူကို Garhwal Mandal Vikas Nigam အဖွဲ့က ထိန်းသိမ်းထားပါတယ်။ အဲဒီအဖွဲ့ဟာ ခရီးသွားအဖွဲ့အစည်းကြီး တခုဖြစ်ပြီး ဝန်ထမ်း ၁၂၀၀၊ တည်းခိုခန်း ၆၀ နဲ့ ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အဖွဲ့ကြီးလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နောက်ဆုံးအဆင့် အမျိုးသားရွေးကောက်ပွဲကြီး မပြီးဆုံးခင် တရက်အလိုက ဝန်ကြီးချုပ် မိုဒီဟာ Kedranath နဲ့ Badrinath ဘုရားကျောင်းတွေကို လာရောက် လည်ပတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဝန်ကြီးချုပ်ဟာ ရွှေဝါရောင် သင်္ကန်းကိုခြုံပြီး မြင့်မြတ်တဲ့နေရာဖြစ်တဲ့ Rudra ဂူတွင်းကို ဝင်ရောက်ပြီး တရားအားထုတ်ခဲ့ပါတယ်။

ဝန်ကြီးချုပ် တရား အားထုတ်နေပုံကို ဓာတ်ပုံဆရာတွေက ဓာတ်ပုံ ရိုက်ယူခဲ့ကြပြီး ဆိုရှယ်မီဒီယာတွေပေါ် တင်ခဲ့ကြပါတယ်။ အသက် ၆၈ နှစ် ရှိနေပြီဖြစ်တဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ ဓာတ်ပုံကို လူတွေ သတိထားမိခဲ့ကြပြီး Rudra ဂူကလည်း စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ နောက်ပိုင်းတော့ အဲဒီဂူကို “မိုဒီဂူ” လို့ နာမည်အသစ် ပေးခဲ့ကြပါတယ်။

အခုဆိုရင် အဲဒီဂူမှာ လူတွေနေနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ ညအိပ်နေလိုသူတွေအနေနဲ့ ၁၅၀၀ ရူပီး ကျသင့်မှာဖြစ်ပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ နေချင်သူတွေကတော့ ၉၉၉ ရူပီး ကျသင့်ပါလိမ့်မယ်။

ဝန်ကြီးချုပ် တရားအားထုတ်ခဲ့တဲ့ ဂူကို လာရောက်လည်ပတ်မယ့် Booking တွေကိုလည်း မေလအတွင်း ၄ ခု၊ ဇွန်လအတွက် ၂၈ ခု၊ ဇူလိုင်လအတွက် ၁၀ ခု၊ သြဂုတ်လအတွက် ၈ ခု၊ စက်တင်ဘာလအတွက် ၁၉ ခုနဲ့ အောက်တိုဘာလအတွက် ၁၀ ခုတို့ ရရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ခရီးသွားလာရေးဝန်ကြီး Prahlad Patel ကလည်း ဝန်ကြီးချုပ် မိုဒီနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
137
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် တန်ဖိုးရှိတဲ့ သံတမန်တဦးပါပဲ။ သူပေးခဲ့တဲ့ လက်ဆောင် မယုံနိုင်စရာကောင်းသလို လူတွေကိုလည်း အာရုံစိုက်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူဟာ ကျနော်တို့ အတွက်တော့ ကြီးကျယ်မြင့်မြတ်တဲ့ သံတမန်တဦးပါပဲ”လို့ အိန္ဒိယ ခရီးသွားဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

အခုဆိုရင် ပြီးခဲ့တဲ့ မေလမှာ ဝန်ကြီးချုပ်မိုဒီ တရားအားထုတ်ခဲ့တဲ့ Rudra ဂူဟာ အားလပ်ရက် အပန်းဖြေခရီး ထွက်လိုသူတွေကို ဆွဲဆောင်နိုင်တဲ့နေရာ ဖြစ်လာခဲ့ပါတယ်။

Ref. Timeofindia, NDTV, euttaranchal.com

You may also like these stories:

ကက်ရှ်မီးယား တိုက်ခိုက်ခံရအပြီး မိုဒီနောက်၌ အိန္ဒိယပြည်သူများစွာတို့ ရပ်တည်ပေးနေ

>စူးစမ်းလိုစိတ်ရှိတဲ့ ခရီးသွားတွေ လည်ပတ်သင့်တဲ့ ကမ္ဘာအနှံ့က နေရာများ

Your Thoughts …
Tags: Rudra ဂူနာရန်ဒရာမိုဒီအိန္ဒိယဝန်ကြီးချုပ်
ညီညီသူ

ညီညီသူ

Similar Picks:

အပစ်အခတ်အပြီးရပ်၍ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ အိန္ဒိယဝန်ကြီးချုပ် ပြော

အပစ်အခတ်အပြီးရပ်၍ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ အိန္ဒိယဝန်ကြီးချုပ် ပြော

by ဧရာဝတီ
5 April 2025
1.1k

အခြေခံအဆောက်အအုံနှင့် ချိတ်ဆက်မှု စီမံကိန်းများ စီးပွားရေးကဏ္ဍတွင် ဝန်ကြီးချုပ် မိုဒီသည် အခြေခံ အဆောက်အအုံ စီမံကိန်းနှစ်ခု ပြီးမြောက်ရေးအတွက် ပံ့ပိုးမှုကို တောင်းဆိုခဲ့ပြီး ယင်းစီမံကိန်း ၂ ခုမှာ ကုလားတန် ဘက်စုံ သယ်ယူ ပို့ဆောင်ရေးစီမံကိန်း (KMMTP)နှင့်...

အိန္ဒိယဝန်ကြီးချုပ်မိုဒီ ငယ်စဉ်က ရောင်းခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်လေး

ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ ငယ်စဉ်က ရောင်းခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်လေး

by ညီညီသူ
11 September 2019
9.8k

မိုဒီဟာ အိန္ဒိယနိုင်ငံမှာတင်မက ကမ္ဘာမှာလည်း ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးပါ။ ဒါကြောင့်လည်း သူငယ်စဉ်ကလေးဘဝက ရောင်းခဲ့တဲ့လက်ဖက်ရည်ဆိုင်ကလေးကို ခရီးသွား အများအပြားလာရောက်လည်ပတ်ကြတာပါ။

နေ့စားလုပ်သား ထောင်ပေါင်းများစွာနှင့် ၎င်းတို့၏ မိသားစုများသည် နယူးဒေလီမှ နယ်အရပ်ရပ်ရှိ ၎င်းတို့၏ နေအိမ်များသို့ ပြန်ကြရသည် / Reuters

နိုင်ငံကို ပိတ်ဆို့ရခြင်းအတွက် အိန္ဒိယဝန်ကြီးချုပ် တောင်းပန်

by ဧရာဝတီ
30 March 2020
11.8k

သုံးပတ်ကြာ တနိုင်ငံလုံး ပိတ်ဆို့ခြင်းသည် ပြင်းထန်လွန်းသော်လည်း ကိုရိုနာဗိုင်းရပ်ကို အနိုင်ရရေးအတွက် လိုအပ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်က ပြည်သူလူထုကို တောင်းပန်လိုက်သည်။

Next Post
သံလျင်မြို့ ရိုးရာလက်ဖက်ရည်ဆိုင် အနီးတွင် လူကုန်ကူးအဖွဲ့ ခေါင်းဆောင်ဟု သံသယရှိသူကို လူကုန်တားရဲ တပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် / ထက်ခေါင်လင်း / ဧရာဝတီ

မြန်မာ့ အရှေ့တံခါးကိုလည်း ဂရုစိုက်ပါ

သရုပ်ဆောင် ထွန်းကိုကို / Tun Ko Ko's Facebook

ကိုးရီးယားမှာ နှာခေါင်း ခွဲစိတ်မှု ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ထွန်းကိုကို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved