အာရှတိုက်ရဲ့ ဒေသအများစုကို နိုင်ငံတကာခရီးသွားတွေ လာရောက်လည်ပတ်ရတဲ့ အကြောင်းရင်းက အာရှတိုက်ရဲ့ ဒေသအများစုက နှစ်လိုဖွယ်ရာကောင်းတဲ့ အတွက်ကြောင့်ပါပဲ။ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ မတူညီကြတဲ့ အတွက်လည်း နိုင်ငံတကာခရီးသွားတွေအနေနဲ့ အာရှတိုက်ကို ခရီးသွားဖို့ ပိုမိုစိတ်ဝင်စားလေ့ရှိကြပါတယ်။
၂၀၁၉ ခုနှစ်အတွက် ခရီးသွားအကြံပေး စစ်တမ်းတစောင်ကို TripAdvisor Website ကထုတ်ပြန်ခဲ့ ပါတယ်။ TripAdviser Website ကတော့ အမေရိကန်ခရီးသွား Website ဖြစ်ပြီး ခရီးသွားနဲ့ပတ်သက်နဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလေ့ ရှိပါတယ်။
ဒါကြောင့်လည်း ဒီ Website ကိုအသုံးပြုနေတဲ့ သန်းပေါင်းများစွာသောလူတွေဆီက သဘောထား မှတ်ချက်တွေ ယူခဲ့ပါတယ်။ စစ်တမ်းအရဆိုရင်တော့ အာရှတိုက်အတွက် လူကြိုက်အများဆုံး ၂၅ နေရာထဲမှာ ဘာလီကျွန်းက နံပါတ် ၁ နေရာကရှိနေပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဖူးခက် ကတော့ နံပါတ် ၂ နေရာမှာ ရှိပါတယ်။
အာရှတိုက်ရဲ့ လူကြိုက်အများဆုံးနေရာ ၂၅ နေရာကို နိုင်ငံတကာခရီးသွားတွေ ရွေးချယ် ပေးခဲ့ရာမှာ ဖူးခက်အပြင် နောက်ထပ် ၃ နေရာလည်းပါဝင်ပါတယ်။ အဲဒီ ၃ နေရာကတော့ ဘန်ကောက်မြို့(နံပါတ် ၁၁) ၊ ချင်းမိုင်မြို့(နံပါတ် ၁၄) နဲ့ ကရာဘီမြို့(နံပါတ် ၁၈)တို့ပဲ ဖြစ်ပါတယ်။
ဖူးခက်ဟာ TripAdvisor Website ရဲ့ အဆင့်သတ်မှတ်ချက်မှာ နံပါတ် ၂ နေရာကရှိခဲ့သလို ၂၀၁၉ ခုနှစ် ကမ္ဘာ့ အကျော်ကြားဆုံးစာရင်းမှာလည်း နံပါတ် ၆ နေရာက ရှိခဲ့ပါတယ်။ နိုင်ငံတကာ ခရီးသွားတွေ သဘောကျ နှစ်ခြိုက်လေ့ရှိတဲ့ အာရှတိုက်ရဲ့ နေရာ ၁၀ နေရာကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
(၁) ဘာလီ (အင်ဒိုနီးရှားနိုင်ငံ)
(၂) ဖူးခက် (ထိုင်းနိုင်ငံ)
(၃) Siem Reap (ကမ္ဘောဒီးယားနိုင်ငံ)
(၄) ဟနွိုင်း (ဗီယက်နမ်နိုင်ငံ)
(၅) တိုကျို (ဂျပန်နိုင်ငံ)
(၆) ခတ္တမန္ဒူ (နီပေါနိုင်ငံ)
(၇) ဂျိုင်ပူးရ် (အိန္ဒိယနိုင်ငံ)
(၈) ဟောင်ကောင် (တရုတ်နိုင်ငံ)
(၉) ဆိုးလ် (တောင်ကိုရီးယားနိုင်ငံ)
(၁၀) ဂိုအာ (အိန္ဒိယနိုင်ငံ) တို့ပဲ ဖြစ်ပါတယ်။
Ref:thethaiger