Trend

ဂင်းနစ် မှတ်တမ်းဝင်တော့မယ့် ကမ္ဘာ့အရှည်ဆုံး Water Slide

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့အရှည်ဆုံး Water Slide ကတော့ မလေးရှားနိုင်ငံရဲ့ Escape ပန်းခြံမှာ ရှိပါတယ်။ Water Slide ရဲ့ အမြင့်ကိုတော့ မီတာ ၇၀ (၂၂၉ ပေ) ကနေ စတင်ထားပြီး အရှည်ကတော့ ၁,၁၄၀ မီတာ (၃,၇၄၀ ပေ) ရှိပါတယ်။ အစအဆုံး Water Slide စီးတဲ့ ကြာချိန်ကတော့ ၄ မိနစ် ကြာမြင့်မှာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံရဲ့ Water Slide တည်ဆောက်ခဲ့တာနဲ့ ပတ်သက်ပြီး “ကနဦး တည်ဆောက်တုန်းကတော့ ကမ္ဘာ့မှတ်တမ်း ဝင်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ အချိန်တိုတိုအတွင်း စိတ်လှုပ်ရှားစရာ ကောင်းအောင် စီးနိုင်ဖို့ကိုပဲ ဦးတည်ခဲ့ပါတယ်။ Water Slide ကို စီးဖို့ရောက်လာကြတဲ့ ဧည့်သည်တွေ သဘောကျသွားဖို့ ရည်ရွယ်ပါတယ်”လို့ Sim Leisure Group ရဲ့ CEO ဖြစ်သူ Sim Choo Khengwho က ပြောပါတယ်။

အခုဆိုရင်တော့ မလေးရှားနိုင်ငံက Water Slide ကြီးဟာ ဂင်းနစ် မှတ်တမ်းဝင်ဖို့ ဖြစ်လာနေပါပြီ။ မလေးရှား Water Slide ထက် အရင် ဂင်းနစ်စံချိန်တင်ထားတာကတော့ နယူးဂျာစီက Water Slide ဖြစ်ပါတယ်။ အဲဒီ Water Slide ကတော့ ၆၀၁ မီတာ(၁,၉၇၁ ပေ) ရှည်လျားပြီး ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ တည်ဆောက်ထားတဲ့ Water Slide ကို တည်ဆောက်ဖို့ နေရာ ရွေးချယ်တဲ့အခါ သဘာဝအတိုင်း တည်ရှိနေတဲ့ တောထဲမှာ တည်ဆောက်ဖို့ ရွေးချယ်ခဲ့ပါတယ်။ တည်ဆောက်တဲ့အခါမှာလည်း စက်ပစ္စည်း ကိရိယာ ကြီးကြီးမားမားတွေကို အသုံးမပြုဘဲ တည်ဆောက်ခဲ့ပါတယ်။

Ref: stuff.co.nz, cosmo.ph

Did you find apk for android? You can find new Free Android Games and apps.
Loading