ထိုင်ဝမ်အစိုးရက Surgical Masks မျက်နှာဖုံးတွေကို ကမ္ဘာတဝှမ်းက ကျန်းမာရေး ဝန်ထမ်းတွေအတွက် လှူဒါန်းခဲ့ပါတယ်။ Surgical Masks ပေါင်း ၆ သန်းကျော်ကို အမေရိက၊ ဥရောပနဲ့ အာရှဖစိဖိတ်ဒေသများက နိုင်ငံများကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
Surgical Mask ပေါင်း ၁ သန်း ၆ သောင်းကျော်ကိုတော့ မြန်မာအပါအဝင် သြစတေးလျ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတို့ကို လှူဒါန်းခဲ့ကြောင်း Taiwan Today သတင်းအရ သိရပါတယ်။
ထိုင်ဝမ်သမ္မတ Tsai Ing-wen ဟာ သူမရဲ့ ဦးဆောင်မှုအောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကို သေသေချာချာ ကြပ်ကြပ်မတ်မတ် တားဆီးကာကွယ် ကုသနိုင်ခဲ့တဲ့အတွက် ပြည်တွင်းမှာရော ပြည်ပမှာပါ ချီးကျူးခံခဲ့ရတာ ဖြစ်ပါတယ်။
Forbes မဂ္ဂဇင်းကြီးမှာ ကမ္ဘာမှာ ခေါင်းဆောင် အမျိုးသမီး ၇ ဦးရဲ့ ဦးဆောင်မှုအောက်က နိုင်ငံတွေ၊ ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုတားဆီး ကာကွယ်ခဲ့တယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။ အဲဒီအထဲမှာ ထိုင်ဝမ်က ခေါင်းဆောင် အမျိုးသမီးလည်း ပါဝင်တာဖြစ်ပါတယ်။
ဂျာမဏီက Angela Merkel ၊ ဒိန်းမတ်နိုင်ငံက Mette Frederiksen ၊ ဖင်လန်နိုင်ငံက Sanna Marin ၊ နယူးဇီလန်နိုင်ငံက ဝန်ကြီးချုပ် Jacinda Ardern ၊ Iceland က ဝန်ကြီးချုပ် Katrin Jakobsdottir ၊ နော်ဝေက ဝန်ကြီးချုပ် Erna Solberg တို့နဲ့အတူ ထိုင်ဝမ်သမ္မတ Tsai Ing-wen ဟာ မဂ္ဂဇင်းမှာ အသိအမှတ်ပြု ဖော်ပြခြင်းခံရတာ ဖြစ်ပါတယ်။
အာရှမှာ သူမတဦးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဝင်ခဲ့ပေမယ့် သေဆုံးသူဦးရေ အနည်းငယ်ပဲ ရှိခဲ့ပါတယ်။ ဒိန်းမတ်မှာ ၂၆၀, ဖင်လန်မှာ ၄၉ ဦး၊ နယူးဇီလန်မှာ ၄ ဦး၊ နော်ဝေမှာ ၉၈ ဦး၊ Iceland မှာ ၈ ဦး၊ ဂျာမဏီမှာ ၂၆၇၃ ဦးနဲ့ ထိုင်ဝမ်မှာ ၆ ဦးတို့ ဖြစ်ပါတယ်။
You may also like these stories:
ဖိလစ်ပိုင်မှာ ဆေးဝါးတင်ပို့တဲ့ လေယာဉ် ပျက်ကျပြီး လိုက်ပါသူ ၈ ဦး သေဆုံး
အစိမ်းရောင် Mask ဖြင့် H1N1 မကာကွယ်နိုင်ဟု ပြောကြား