• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

TikTok နဲ့ WeChat အပါအဝင် တရုတ်မိုဘိုင်း App များကို အိန္ဒိယပိတ်ပင်

by မစ်ကီ
30 June 2020
in Trend
A A
တရုတ်မိုဘိုင်း App များဖြစ်တဲ့ WeChat နဲ့ TikTok

တရုတ်မိုဘိုင်း App များဖြစ်တဲ့ WeChat နဲ့ TikTok

7.9k
VIEWS
Share on FacebookShare on Twitter

နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံ ၂ နိုင်ငံ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဟိမဝန္တာနယ်စပ်မှာ လူသေဆုံးမှု ရှိခဲ့တဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနိုင်ငံတဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့ TikTok နဲ့ WeChat အပါအဝင် တရုတ်မိုဘိုင်း App ၅၉ ခုကို အိန္ဒိယအစိုးရက ဇွန်လ ၂၉ ရက်နေ့မှာ ပိတ်ပင်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လလယ်ပိုင်းလောက်က နယ်စပ်ဒေသမှာ တရုတ်နဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ သေဆုံးခဲ့ပြီးတဲ့နောက် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံနှစ်ခုကြား ဆက်ဆံရေး ဆိုးရွားခဲ့ရပါတယ်။

“အဲ့ဒီ App တွေဟာ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ တည်တံ့ခိုင်မြဲမှု၊ အိန္ဒိယရဲ့ ကာကွယ်ရေး၊ နိုင်ငံတော်ရဲ့ လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ အမိန့်လိုက်နာမှုတို့အပေါ် မုန်းတီးမှုတွေကို ဖြစ်စေပါတယ်။ အိန္ဒိယအစိုးရဟာ အဲ့ဒီ App တွေ အသုံးပြုမှုကို အသုံးခွင့်မပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အိန္ဒိယဆိုင်ဘာလောကရဲ့ ဘေးကင်းလုံခြုံမှု့နဲ့ အချုပ်အခြာ အာဏာတည်မြဲစေဖို့ ပစ်မှတ်ထား လုပ်ဆောင်မှု ဖြစ်ပါတယ်” လို့ သတင်းအချက်အလက် ဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ခိုးယူခံရပြီး အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ချိုးဖောက်မှုတွေ ရှိကြောင်း ဝန်ကြီးဌာနထံ တိုင်ကြားမှုတွေရှိလာခဲ့ပြီးတဲ့နောက်အခုလိုလုပ်ဆောင်မှုကို ပြုလုပ်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါပေမဲ့ အဲ့ဒီတားမြစ်ချက် ဘယ်တော့ အသက်ဝင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဗီဒီယို ဝေမျှတဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ TikTok နဲ့ Helo ၊ ဖိုင်ဝေမျှတဲ့ App ဖြစ်တဲ့ SHAREit ၊ Alibaba ရဲ့ UC browser နဲ့ UC News တို့အပါအဝင် အိန္ဒိယမှာ လူသုံးအများဆုံး App တွေကိုလည်း ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။

တောင်အာရှမှာ လူဦးရေ ၁ ဒဿမ ၃ ဘီလီယံရှိပြီး TikTok အသုံးပြုသူအများဆုံးဈေးကွက်ဖြစ်တဲ့ အိန္ဒိယမှာ အသုံးပြုသူ သန်း ၁၂၀ လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပိတ်ပင်လိုက်တဲ့ တခြား App တွေထဲမှာ Weibo နဲ့ Clash of Kings ဂိမ်းတွေလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ Ladakh ဒေသမြောက်ပိုင်းမှာ ဇွန်လ ၁၅ ရက်နေ့တုန်းက ဖြစ်ခဲ့တဲ့ နယ်စပ်တလျှောက် အငြင်းပွားမှုကြောင့် ဖြစ်ခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေ အတွင်း စစ်သားတွေ သေဆုံးခဲ့ရပြီးတဲ့နောက် အိန္ဒိယနိုင်ငံတဝန်း ဒေါသပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Ref:CNA

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
229
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134

You may also like these stories:

TikTok ကုမ္ပဏီ နှစ်ဝက်အတွင်း ဒေါ်လာ ၇ ဘီလျံကျော် ရရှိ

TikTok ကုမ္ပဏီထုတ် ပထမဆုံး စမတ်ဖုန်း ထွက်ရှိ

Your Thoughts …
Tags: TikTokWeChatတရုတ်မိုဘိုင်း Appပိတ်ပင်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်

အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်

by ဧရာဝတီ
15 June 2024
5.3k

စစ်ကောင်စီသည် အင်တာနက်တွင် သတင်းစီးဆင်းမှု ပိတ်ပင်ရန် အဓိက အားထုတ်မှုအနေဖြင့် VPN များကို လိုက်လံပိတ်ဆို့နေသည်။

မြန်မာအကျပ်အတည်း အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းဖြစ်

မြန်မာအကျပ်အတည်း အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းဖြစ်

by Laura Kelly
4 May 2024
3.6k

အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်ဟာ တော်တော်လေး အဆင်ပြေနေတယ်လို့ပြောရင် ချဲ့ကားပြောဆိုတာ ဖြစ်နိုင်ပေမယ့် သူတို့ဟာ ဆက်ဆံရေး တည်ငြိမ်အောင်လုပ်နေတယ်

တရုတ် TikTok အီလွန်မတ်စ်ထံ ရောင်းချဖို့ အလားအလာရှိ

တရုတ် TikTok အီလွန်မတ်စ်ထံ ရောင်းချဖို့ အလားအလာရှိ

by ဧရာဝတီ
19 January 2025
3.4k

TikTok ရဲ့ ပြောရေး ဆိုခွင့်ရှိသူ တဦးကတော့ “စိတ်ကူးယဉ် ဇာတ်လမ်းတွေ အပေါ် မှတ်ချက်ပေးဖို့ မျှော်လင့်မနေပါနဲ့” လို့ တုံ့ပြန်ပါတယ်။

ရန်ကုန်မြို့တွင်း၌ ဖွင့်လှစ်ထားသည့် ဘားတခုကို ၂၀၁၉ တွေ့ရစဉ်  / ထက်ဝေ / ဧရာဝတီ

ရခိုင်တွင် ပြည်မထုတ် အရက်ဘီယာများ သောက်သုံး ရောင်းချခြင်း မပြုရန် AA အမိန့်ထုတ်

by ဧရာဝတီ
20 December 2024
3.2k

ထိုသို့ နိုင်ငံခြားနှင့် ပြည်မထုတ် ယစ်များမျိုးအား တင်းသွင်း ရောင်းချခြင်း မပြုလုပ်ရန် အမိန့်ထုတ်ပြန်တားမြစ် ထားသော်လည်း နောက်ပိုင်းတွင် ဒေသတွင်း အရည်အသွေးပြည့် စံချိန်မီ အရက်များ မထုတ်လုပ်နိုင်ပါက နိုင်ငံခြားနှင့် ပြည်မထုတ် အရက် ဘီယာများသည် ရခိုင်ပြည်တွင်...

အမေရိကန်မှာ TikTok အသုံးပြုမှု ပိတ်ပင်

အမေရိကန်မှာ TikTok အသုံးပြုမှု ပိတ်ပင်

by ဧရာဝတီ
19 January 2025
1.9k

တရုတ် ရဲ့ TikTok နဲ့ ဆက်နွယ်မှုအပြင် အချက်အလက် များစွာကို ရယူနိုင်ခွင့်ဟာ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက် နေတယ်လို့ လွှတ်တော် အမတ်တွေက ဆိုပါတယ်။

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

by ဧရာဝတီ
11 May 2025
1.8k

အိုင်ယာလန် နိုင်ငံ အချက်အလက် ကာကွယ် စောင့်ကြည့်ရေး အဖွဲ့ရဲ့ အဆိုအရ TikTok ဟာ ဥရောပ တိုက်ရဲ့ အချက်အလက်တွေကို တရုတ်မှာ သိမ်းဆည်းခဲ့တယ်လို့ ကြားနာမှုမှာ ဝန်ခံခဲ့ကြောင်း…

Next Post
ဘေဂျင်းမြို့မှာ ဇွန်လလယ်ပိုင်းလောက်က ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကြောင့် လက်ရှိအချိန်ထိ ၃၁၁ ယောက် ကူးစက်ခံထားရပါတယ်။

ဘေဂျင်းမြို့အနီးမှာ လူပေါင်း ၄ သိန်းကို Lockdown ချထား

မွတ်စလင်များကို မြောင်းမြမြို့နယ်သို့ ခေါ်ဆောင်လာသည်ဟု သံသရှိသူ ၁ဦးအား ရုံးထုတ် စစ်ဆေး နေစဉ် / ဘိုဘို / မြောင်းမြ

မြောင်းမြသို့ အထောက်ထားမဲ့ မွတ်စလင်များ ခေါ်ဆောင်လာသူ ၈ ဦးကို ဖမ်းဆီး စစ်ဆေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved