Trend

ဘေဂျင်းမြို့အနီးမှာ လူပေါင်း ၄ သိန်းကို Lockdown ချထား

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကိုဗစ်ကူးစက်မှုနှုန်း ပြန်လည် ဖြစ်ပွားနေတဲ့အတွက် တရုတ်အစိုးရအနေနဲ့ တင်းကျပ်တဲ့ ကန့်သတ်မှုတွေကို ပြုလုပ်နေရပါတယ်။ ကန့်သတ်မှုကြောင့် လူပေါင်း ၄ သိန်း နီးပါးထိခိုက်ခံနေရပါတယ်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့တဲ့ ကိုဗစ် ကပ်ရောဂါကို တရုတ်နိုင်ငံက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဘေဂျင်းမြို့မှာ တကျော့ပြန် ကူးစက်မှု စတင်ခဲ့ပါတယ်။

ဒုတိယလှိုင်း ပြန်လည် ဖြစ်ပွားမှာကို စိုးရိမ်တဲ့အတွက် တရုတ်ကျန်းမာရေး အာဏာပိုင်တွေအနေနဲ့ သတိကြီးကြီးထားပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ဟူဘေး ပြည်နယ်အတွင်းက Anxin ခရိုင် ကျန်းမာရေးအာဏာပိုင်တွေက ကိုဗစ်ကြောင့် ခရိုင်ကို အပြည့်အဝ ထိန်းချုပ်ထားကြောင်း ကြေညာခဲ့ပါတယ်။

Lockdown ချပြီးနောက်ပိုင်းမှာတော့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူဖို့ အိမ်ထောင်စုတစုမှာ လူတယောက်ကိုသာ အပြင်ထွက်ခွင့် ပြုထားပါတယ်။ ကျန်တဲ့ပြည်နယ်၊ ခရိုင်တွေက လူတွေကိုလည်း Anxin ခရိုင်ကို လာရောက် လည်ပတ်ခွင့် ပိတ်ပင်ထားပါတယ်။ အာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို မလိုက်နာရင်တော့ ရဲတပ်ဖွဲ့ရဲ့အရေးယူခြင်းကို ခံရပါလိမ့်မယ်။

Anxin ခရိုင်ဟာ ဘေဂျင်းမြို့ တောင်ဘက် ၁၅၀ ကီလိုမီတာ (မိုင် ၉၀) အကွာမှာ တည်ရှိပါတယ်။ တရုတ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဘေဂျင်းမြို့မှာ ကူးစက်လူနာသစ်တွေ့ပြီး ၂ ပတ်အကြာမှာတော့ Anxin ခရိုင်မှာ ကူးစက်လူနာသစ် ၁၈ ယောက် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ Anxin ခရိုင်ဟာ လူဦးရေ သိပ်သည်းတဲ့ခရိုင် မဟုတ်တဲ့အတွက်ကြောင့်လည်း ကူးစက်မှုကို ရပ်တန့်နိုင်မယ်လို့ ဒေသကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘေဂျင်းမြို့မှာ ကူးစက်လူနာသစ် ၁၄ ယောက် ထပ်မံ တွေ့ရှိခဲ့ပါတယ်။ ဘေ ဂျင်းအာဏာပိုင်တွေကတော့ တရုတ်နိုင်ငံမှာ ဒုတိယလှိုင်း ပြန်လည် စတင်မှာကို စိုးရိမ်နေကြပါတယ်။ ဘေဂျင်းမြို့မှာ ဇွန်လလယ်ပိုင်းလောက်က ပြန်လည်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကြောင့် လက်ရှိအချိန်ထိ ၃၁၁ ယောက် ကူးစက်ခံထားရပါတယ်။

အမေရိကန်နဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ တရုတ်နိုင်ငံရဲ့ ကူးစက်လူနာက နည်းပါးပါတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၈၃,၀၀၀ ကျော် ရှိနေပြီး ၄၆၀၀ ယောက် သေဆုံးခဲ့ပါတယ်။

Ref: BBC

You may also like these stories:

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ သန်းကျော်ရှိလာ

စင်ကာပူ – မလေးရှား နယ်စပ်ဂိတ်များ ပြန်ဖွင့်ပြီ

အမေရိကန်မှာ ကိုဗစ် ကူးစက်ခံရသူ သန်း ၂၀ အထိ ရှိနိုင်

Did you find apk for android? You can find new Free Android Games and apps.
Loading