တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ ၂၀၁၉ ဒီဇင်ဘာလက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ရှိအချိန်မှာတော့ ကူးစက်သူ အရေအတွက် ၁၀ သန်းကျော်အထိ ရှိလာခဲ့ပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကြေညာချက်အရ ကိုဗစ်ကြောင့် လူပေါင်း ၅ သိန်းကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ကူးစက်မှုအများဆုံးကတော့ အမေရိကန်ဖြစ်ပြီး တက္ကဆက်ပြည်နယ်မှာ ကူးစက်မှု များပြားလာခဲ့ပါတယ်။
Lockdown ရုတ်သိမ်းပြီးနောက်ပိုင်း သြစတြေးလျနိုင်ငံမှာလည်း ကူးစက်မှု များပြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုဗစ်ကူးစက်လူနာသစ် ၇၅ ယောက် ရှိခဲ့ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကူးစက်လူနာသစ် ၆၀ ကျော်အထိ ရှိခဲ့ပါတယ်။ ကန့်သတ်ချက်တွေ ရုတ်သိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံမှာလည်း ကူးစက်သူ အရေအတွက် ပြန်လည် များပြားလာခဲ့ပါတယ်။
နိုင်ငံအများစုမှာ စီးပွားရေး အကျပ်အတည်း ဖြစ်လာပြီးနောက်ပိုင်း ကန့်သတ်ချက်တွေကို ပြန်လည် ဖြေလျှော့ပေးခဲ့ပါတယ်။ Lockdown ဖြေလျှော့ပြီးတဲ့နောက်ပိုင်း သြစတြေးလျနိုင်ငံမှာ ၂၄ နာရီ အတွင်း ကူးစက်ခံရသူပေါင်း ၇၅ ယောက်အထိ ရှိခဲ့တယ်လို့ သြစတြေးလျ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာလည်း ကူးစက်သူ အရေအတွက် ပြန်လည် များပြားနေပြီး ဇွန်လ ၂၈ ရက်နေ့မှာ ကူးစက် လူနာသစ် ၇ ယောက် ထပ်မံတွေ့ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဘေဂျင်းမြို့မှာ ကူးစက်ခံနေရသူ ၃၁၈ ယောက် အထိရှိသွားခဲ့ပါပြီ။ ဇွန်လ ၂၈ ရက်နေ့မှာတော့ တရုတ်နိုင်ငံမှာ ကူးစက်လူနာသစ် ၁၂ ယောက်အထိ ရှိခဲ့ပါတယ်။
အမေရိကန် တက္ကဆက်ပြည်နယ်မှာလည်း ကူးစက်မှုနှုန်း များပြားနေပါတယ်။ လက်ရှိအချိန်မှာတော့ အမေရိကန် ပြည်ထောင်စုမှာ ကူးစက်ခံနေရသူ အရေအတွက် ၂သန်းခွဲကျော် ရှိနေပြီး လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ပါတယ်။ တက္ကဆက်ပြည်နယ်မှာ ကူးစက်သူအရေအတွက် ၁၄ ဒဿမ ၃၁ ရာခိုင်နှုန်းအထိရှိနေပါတယ်။
အမေရိကန်မှာ ကိုဗစ် ကူးစက်သူ အရေအတွက် များပြားနေတဲ့အတွက်ကြောင့်လည်း ဒုသမ္မတဖြစ်သူ Mike Pence က အပြင်ထွက်တဲ့အခါ Mask တပ်ဆင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ ကိုဗစ်ကူးစက်မှုကို လျှော့ချနိုင်ဖို့ Social distancing ကို လိုက်နာကြဖို့ လိုအပ်တယ်လို့ Mike Pence က ပြောပါတယ်။
ကိုဗစ်နဲ့ ပတ်သက်ပြီး ကာကွယ်ဆေးကို ရှာဖွေနေကြပေမယ့် လက်ရှိအချိန်အထိ ကာကွယ်ဆေး မတွေ့သေးပါဘူး။ ဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ အပြင်ထွက်ရင် Mask တပ်ဆင်ဖို့ လိုအပ်သလို သက်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။
ဘရာဇီးနိုင်ငံမှာလည်း ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်လူနာ ၃၀,၄၇၆ ယောက် ရှိခဲ့ပါတယ်။ ကူးစက်မှုအများဆုံး ၅ နိုင်ငံကတော့ အမေရိကန်၊ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံပါပဲ။
Ref: bloomberg
You may also like these stories:
အမေရိကန်မှာ ကိုဗစ် ကူးစက်ခံရသူ သန်း ၂၀ အထိ ရှိနိုင်
ဘရာဇီးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သောင်း ကျော်ပြီ
ကိုဗစ်ကာလ မပြီးသေးပေမယ့် တရုတ်မှာ ခွေးသားစားပွဲတော် ကျင်းပနေ