• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

အင်္ဂါဂြိုဟ်ပေါ်မှာ ပထမဆုံး ပျံသန်းနိုင်ခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ်

by Aurora
21 April 2021
in Trend
A A
အင်္ဂါဂြိုဟ်ပေါ် ပျံသန်းခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ်

အင်္ဂါဂြိုဟ်ပေါ် ပျံသန်းခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ်

13.8k
VIEWS
Share on FacebookShare on Twitter

အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ (NASA) ကနေ လွှတ်တင်ခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ်လေးဟာ သမိုင်းဝင် ပထမဆုံးအကြိမ် ပျံသန်းမှုကို ဧပြီ ၁၉ ရက် အစောပိုင်းက အင်္ဂါဂြိုဟ်ပေါ်မှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်နိုင်ခဲ့တယ်လို့ နာဆာက ထုတ်ပြန် ကြေညာပါတယ်။ ဒါဟာ ဂြိုဟ်ရဲ့မြေပြင်ပေါ်ကနေ လေထုထဲ ပထမဆုံးအကြိမ် ပျံသန်းမှုခရီးစဉ်လည်း ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ Pasadena က နာဆာရဲ့ Jet Propulsion Laboratory (JPL) မှာ ရှိနေတဲ့ ရဟတ်ယာဉ်ငယ် တည်ဆောက်ရေးအဖွဲ့ဟာ Ingenuity ယာဉ်ငယ်လေးရဲ့ ပျံသန်းမှုကနေ ပထမဆုံးသက်ဆိုင်ရာ အချက်အလက်တွေ လက်ခံရရှိခဲ့ကြပါတယ်။

မူလအစီအစဉ်မှာတော့ Ingenuity ရဟတ်ယာဉ်ငယ်လေးကို ဧပြီ ၁၁ ရက်မှာ ပျံသန်းဖို့ စီစဉ်ထားပေမယ့် ချို့ယွင်းမှုပြဿနာ ဖြေရှင်းဖို့အတွက် ရက်ရွှေ့ဆိုင်းခဲ့ရတာပါ။ နောက်ဆုံးမှာတော့ ယာဉ်ငယ်ဟာ ပါးလွှာတဲ့ Martian လေထုထဲမှာ လူလုပ်ရဟတ်ယာဉ်အဖြစ် ပထမဆုံး ပျံသန်းနိုင်ခဲ့ပါတယ်။

“အခုတော့ လူသားတွေဟာ နောက်ထပ် ဂြိုဟ်တခုပေါ်မှာ ရဟတ်ယာဉ်ငယ်တစင်း စတင်ပျံသန်းပြနိုင်ခဲ့ပြီ” လို့ မြန်မာနိုင်ငံဖွား Ingenuity ပရောဂျက်မန်နေဂျာ ဒေါ်မီမီအောင်က JPL ကနေ ပြောပြသွားပါတယ်။

မြန်မာနိုင်ငံဖွား Ingenuity ပရောဂျက်မန်နေဂျာ ဒေါ်မီမီအောင်နှင့် အဖွဲ့

“နောက်ထပ် ဂြိုဟ်တခုပေါ်မှာ Wright ညီနောင်တွေရဲ့ လှုပ်ရှားမှု ပုံရိပ်တွေအကြောင်းကို အကြာကြီးပဲ ပြောခဲ့ကြပါတယ်။ အခုတော့ တွေ့မြင်နေရပြီ” လို့ ဒေါ်မီမီအောင်က ဆိုပါတယ်။

အဆိုပါယာဉ်ပေါ်မှာ Wright ညီနောင်ရဲ့ ၁၉၀၃ ခုနှစ်က ပထမဆုံး လေယာဉ်ပျံသန်းမှု ခရီးစဉ်က အမှတ်တရ ပိတ်စလည်း ပါသွားတယ်လို့ ဆိုပါတယ်။ ယာဉ်ပျံလေးဟာ တပ်ဆင်ထားတဲ့ ကင်မရာတွေကတဆင့် အင်္ဂါ ဂြိုဟ်ပေါ်က အချက်အလက်တွေကို ပုံရိပ်တွေ၊ ဗီဒီယိုတွေ ပေးပိုခဲ့ပါတယ်။ Perseverance ကနေ ဖမ်းယူထားတဲ့ Ingenuity ရဲ့ ပထမဆုံး ပျံသန်းမှုခရီးစဉ် မှတ်တမ်းဗီဒီယိုကိုလည်း အဖွဲ့ကနေ ဝေမျှပေးခဲ့ပြီး ဖြစ်ပါတယ်။

ပထမဆုံး ပျံသန်းမှုကို စက္ကန့် ၄၀ နီးပါး ပျံသန်ခဲ့တဲ့ Ingenuity ယာဉ်ငယ်ဟာ အလေးချိန် လေးပေါင် သာသာပဲ ရှိတာပါ။ ဒလက် ၄ ခု ပါဝင်ပြီး မြေပြင်အထက် ၁၀ ပေ (၃ မီတာ) အမြင့်ကနေ ပျံသန်းနိုင်ခဲ့တာဖြစ်ပါတယ်။ လာမယ့် အပတ်ထဲမှာတော့ Ingenuity ယာဉ်ငယ်လေးဟာ ဒီ့ထက် အချိန်ကြာကြာ ပိုပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

“အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်ဖို့တင် မဟုတ်ပါဘူး၊ မြေပြင်ဝန်းကျင်မှာ ယာဉ်ငယ်တစီး ပျံသန်းပြဖို့ဆိုတာ ပိုတောင် မလွယ်ကူပါဘူး။ အင်္ဂါဂြိုဟ်ပေါ်က ပါးလွှာတဲ့ လေထုသိပ်သည်းဆတွေရယ်ကြောင့် ယာဉ်ငယ်တည်ဆောက်ရာမှာ သူ့နေရာနဲ့သူ မှန်ကန်နေဖို့ လိုပါတယ်” လို့ ဒေါ်မီမီအောင် ပြောပြသွားပါတယ်။

အဆိုပါယာဉ်ငယ်ကို သယ်ဆောင်သွားတဲ့ NASA ကနေ တည်ဆောက်ခဲ့တဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်တွေထဲက အကြီးဆုံး Perseverance Rover ဟာ ယာဉ်ငယ်နဲ့ မြေပြင်ထိန်းချုပ်ရေးစင်တာကြား ချိတ်ဆက် ကူညီပေးခဲ့တာပါ။

Ingenuity ပရောဂျက်မန်နေဂျာ ဒေါ်မီမီအောင်နှင့် အဖွဲ့

Perseverance ကိုတော့ ရဟတ်ယာဉ်ငယ်နဲ့ ၂၁၅ ပေ (၆၅ မီတာ) အကွာမှာ ရပ်ထားပြီး ပျံသန်းမှုတွေစောင့်ကြည့်ကာ ပုံရိပ်နဲ့ ဗီဒီယိုတွေ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ပေးပို့တဲ့ အချက်အလက် အားလုံးကို နာဆာ မြေပြင်ထိန်းချုပ်ရေးစင်တာကနေ ရရှိဖို့ ၃ နာရီကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

NASA ဟာ အင်္ဂါဂြိုဟ်ခရီးစဉ်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၃၀ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဆင်းသက်နိုင်ခဲ့ပါတယ်။ Ingenuity ရဟတ်ယာဉ်ငယ်ကို သယ်ဆောင်လာတဲ့ Perseverance Rover ဟာ အင်္ဂါဂြိုဟ်ပေါ်မှာ တချိန်က မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်ခဲ့ဖူးတဲ့နေရာမှာ ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သက်ရှိတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ အချက်အလက်တွေကို ရှာဖွေ မှာဖြစ်သလို ဂြိုဟ်ရဲ့ မြေသားနမူနာတွေနဲ့ ကျောက်သားတွေကိုပါ သုတေသန ပြုလုပ်သွားမှာပါ။

NASA ဟာ အဆိုပါခရီးစဉ်အတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိပြီး ပထမဆုံးပျံသန်းနိုင်ခဲ့တဲ့ Ingenuity ရဟတ်ယာဉ်ငယ် တခုတည်းအတွက်တင် အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့် အကုန်ကျခံခဲ့တယ်လို့ ဆိုပါတယ်။

Ref: edition.cnn

You may also like these stories:

စမတ်ဖုန်း လောကကို ကျောခိုင်းတော့မယ့် LG

တရုတ်အစိုးရက Alibaba ကို ကန်ဒေါ်လာ ၂.၇၈ ဘီလီယံ အမြင့်ဆုံး ဒဏ်ကြေးချမှတ်

ဗြိတိန်ဘုရင်မကြီး၏ ကြင်ယာတော် ဖိလစ် မင်းသားကြီး ကွယ်လွန်

Your Thoughts …
Tags: IngenuityNASAဒေါ်မီမီအောင်ရဟတ်ယာဉ်ငယ်အင်္ဂါဂြိုဟ်
Aurora

Aurora

Contributor

Similar Picks:

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

အိန္ဒိယ အာကာသယာဉ် လပေါ် ဆင်းပြနိုင်တဲ့အခါ

အိန္ဒိယ အာကာသယာဉ် လပေါ် ဆင်းပြနိုင်တဲ့အခါ

by Mariel Borowitz
29 August 2023
3.1k

နောက်ဆုံးတွင် လသည် လပေါ်တွင် တွေ့နိုင်သည့် ရေ၊ ဟီလီယမ်-၃ နှင့် မြေရှားသတ္တုဒြပ်စင်များ စသည့် သဘာဝ သယံဇာတများကို အခြေခံသည့် စီးပွားရေးအကျိုးအမြတ်များ ပေးနိုင်သည်။

SpaceX ဒုံးပျံစမ်းသပ်မှု အာကာသခရီးသွားလုပ်ငန်းအတွက် အလွန်အရေးပါ

SpaceX ဒုံးပျံစမ်းသပ်မှု အာကာသခရီးသွားလုပ်ငန်းအတွက် အလွန်အရေးပါ

by ဧရာဝတီ
15 October 2024
2k

"ဒါဟာ ကြောင်တောင်တောင် စိတ်ကူးလိုမျိုး ဖြစ်နေတယ်ဆိုတာ ကျနော်သိတယ်။ အဲဒီလိုမျိုး ကျနော်ပြောတော့ လူတွေက ကျနော် စိတ်မမှန်တော့ဘူးလို့ ထင်ကြတာ"

SpaceX ကနေ ၂၀၂၅ မှာ ဒေါ်လာ ၁၅ ဘီလျံကျော် ဝင်ငွေရဖို့ အီလွန်မတ်စ် မျှော်မှန်း

SpaceX ကနေ ၂၀၂၅ မှာ ဒေါ်လာ ၁၅ ဘီလျံကျော် ဝင်ငွေရဖို့ အီလွန်မတ်စ် မျှော်မှန်း

by ဧရာဝတီ
7 June 2025
785

ဒါဟာ အာကာသကို တည်မှီပြီး ဝင်ငွေရှာတဲ့ ကဏ္ဍမှာ SpaceX ရဲ့ လွှမ်းမိုးမှု ကြီးမားလာခြင်းကို မီးမောင်း ထိုးပြနေတယ် လို့လည်း…

ရုရှား က လပေါ်မှာ နျူကလီးယား စက်ရုံ တည်ဖို့ စီစဉ်နေ

ရုရှား က လပေါ်မှာ နျူကလီးယား စက်ရုံ တည်ဖို့ စီစဉ်နေ

by ဧရာဝတီ
28 December 2025
442

လမျက်နှာပြင် ပရိုဂရမ် နဲ့ ရုရှား-တရုတ် ပူးတွဲ စူးစမ်း လေ့လာရေး စခန်းကို ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တယ်…

ဒေါက်တာ ပဒေသာတင် “Snoopy Silver Award” ချီးမြှင့်ခံရစဉ်

NASA မှာ အလုပ်လုပ်နေတဲ့ မြန်မာပြည်ဖွား သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်

by ရေဗန်
23 July 2019
18.2k

ဦးပဒေသာတင်ဟာ အမေရိကန်အမျိုးသား လေကြောင်းနဲ့ အာကာသသုသေသန ဌာနရဲ့ ဂလန်း (Glenn) သုသေသနဌာနမှာ တာဝန်ထမ်းဆောင်နေသူ တဦးပါ။

Next Post
စစ်ကိုင်းတိုင်း ကလေး၊ တမူး၊ တန့်ဆည်၊ မင်းကင်း၊ ကနီနှင့် ယင်းမာပင်မြို့နယ်များတွင် စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ပြန်လည် တိုက်ခိုက်နေသည် / MIMU

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အနီးတွင် တိုက်ပွဲဆက်ဖြစ်၊ ဒေသခံ ၆ ဦး ကျဆုံး

ဂျပန်ကန်ထရိုက်များ ဖြစ်သော Tokyo Tatemono နှင့် Fujita တို့ ပူးပေါင်းပြီး မြန်မာစစ်တပ်ကို မြေငှားခ ပေးနေရသော Y Complex စီမံကိန်း/Nikkei Asia

စစ်တပ်နှင့်ပတ်သက်သည့် နိုင်ငံစုံကုမ္ပဏီများ ရှေ့ရေးခက်ခဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved