• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

NASA မှာ အလုပ်လုပ်နေတဲ့ မြန်မာပြည်ဖွား သိပ္ပံပညာရှင် ဒေါက်တာ ပဒေသာတင်

by ရေဗန်
23 July 2019
in Trend
A A
ဒေါက်တာ ပဒေသာတင် “Snoopy Silver Award” ချီးမြှင့်ခံရစဉ်

ဒေါက်တာ ပဒေသာတင် “Snoopy Silver Award” ချီးမြှင့်ခံရစဉ်

18.2k
VIEWS
Share on FacebookShare on Twitter

လပေါ်မှာ လူတွေ စတင်ပြီး ခြေချနိုင်ခဲ့တာ နှစ်ပေါင်း ၅၀ တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာပြည်ဖွား သိပ္ပံပညာရှင်တဦးဖြစ်တဲ့ ဦးပဒေသာတင် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဒေါက်တာ ပဒေသာတင်ဟာ ရန်ကုန်တက္ကသိုလ်မှာ ရူပဗေဒ အထူးပြု M.Sc ဘွဲ့၊ အမေရိကန် ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ် Western Illinois University မှ MS ဘွဲ့၊ University of Missouri မှ ရူပဗေဒအထူးပြု Ph.D ဘွဲ့တို့ကို ရရှိထားသူ ဖြစ်ပြီး နာဆာရဲ့ မြေပြင်ထိန်းချုပ်ရေး ဌာနမှာ Liquid Crystal Facility နဲ့ ပတ်သက်ပြီး သုသေသန ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဦးပဒေသာတင်ဟာ အမေရိကန်အမျိုးသား လေကြောင်းနဲ့ အာကာသသုသေသန ဌာနရဲ့ ဂလန်း (Glenn) သုသေသနဌာနမှာ တာဝန်ထမ်းဆောင်နေသူ တဦးပါ။ သူဟာ ယခင်က မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်မှာ ရူပဗေဒကို သင်ကြားပြသတဲ့ ဆရာတဦး ဖြစ်ပြီး ယခုအချိန်မှာတော့ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်မှာ နေထိုင်လျက် ရှိပါတယ်။

အာကာသ စူးစမ်းရေးအဖွဲ့ USRA (Universities Space Research Association) ရဲ့ အဖွဲ့ဝင်တဦး ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာလည်း “Snoopy Silver Award” ကို အာကာသယာဉ်မှူး ဒေါက်တာ ရှနွန်ဝေါကာဆီက လက်ခံရရှိထားပါတယ်။ Snoopy Silver Award ဟာ မြေပြင်အာကသစခန်းမှာ ရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ အာကာသယာဉ်မှူးများကို အာကာသထဲ အောင်မြင်စွာပို့ဆောင်နိုင်ခြင်းကြောင့် ဂုဏ်ပြုချီးမြင့်ခံရတဲ့ ဆုတဆု ဖြစ်ပါတယ်။

“ဒီဆုဟာ တသက်မှာ တခါသာ ရတဲ့ တသက်တာ မှတ်တမ်းဆုဖြစ်ပြီး လုပ်သက်ပေါ် အခြေခံခြင်း မရှိပါဘူး။ ၁၉၆၀ နောက်ပိုင်းက စလို့ အာကာသထဲကို လွှတ်တင်တဲ့ ဒုံးပျံတွေမှာ အာကာသ ယာဉ်မှူးတွေ စတင် လိုက်ပါကြတယ်ပေါ့။ ဒီလို လိုက်တဲ့အခါ အာကာသယာဉ်မှူးတွေမှာ အများကြီး အသက်စွန့်ပြီး သွားရတာပေါ့။ အဲဒီအတွက် မြေပြင်က သုသေသနပြုလုပ်သူတွေမှာ အရမ်းကို ဂရုစိုက်ပြီး အလုပ်လုပ်ကြရပါတယ်။ ဒါမှသာ အာကာသယာဉ်မှူးတွေအနေနဲ့ အသက် အန္တရာယ ်မရှိမှာပေါ့နော်။ Snoopy Silver Award ဆိုတာ အဲဒီိလို လုပ်ပေးနိုင်လို့ ရတဲ့ ဆု ဖြစ်ပါတယ်”လို့ ဦးပဒေသာတင်က VOA သတင်းဌာနက ပြုလုပ်တဲ့ အင်တာဗျုးတခုမှာ ဖြေခဲ့ပါတယ်။

ဦးပဒေသာတင်ဟာ မြန်မာပြည်ဖွား တဦးဖြစ်ပြီး အင်တာဗျူးတွေ ဖြေကြားတဲ့ အခါမျိုးမှာလည်း မြန်မာဖြစ်ကြောင်း ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလေ့ ရှိပါတယ်။ မြန်မာနိုင်ငံသား လူငယ် မျိုးဆက်သစ်တွေအနေနဲ့ လေးစား အတုယူစရာ ကောင်းသူတွေကို လေးစားအတုယူပြီး အနာဂတ်မှာ အောင်မြင်သူတွေ ဖြစ်လာနိုင်ဖို့့ အတွက် ကြိုးစားကြဖို့ကိုလည်း ဦးပဒေသာတင်က အမြဲ ဆုံးမလေ့ ရှိပါတယ်။

Ref. USRA, VOA

You May Also Like These Stories:

နေနဲ့ အနီးဆုံးရောက်အောင် ဦးတည်ချဉ်းကပ်နေတဲ့ အာကာသယာဉ်

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

နာဆာက ရိုက်ကူးခဲ့တဲ့ ဧရာဝတီမြစ် ဓာတ်ပုံ ထွက်ပေါ်

မားစ်ဂြိုဟ်ပေါ်ကို အမှတ်တရအဖြစ် သင့်နာမည် ပေးပို့နိုင်

ရက်ပေါင်း ၆၀ ကြာ အိပ်စက်လေ့လာရေးအတွက် ပါဝင်လိုသူတွေကို ဒေါ်လာ ၁ သောင်းကျော်နဲ့ NASA ကမ်းလှမ်း

Your Thoughts …
Tags: NASAဒေါက်တာ ပဒေသာတင်သိပ္ပံပညာရှင်
ရေဗန်

ရေဗန်

Similar Picks:

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

အိန္ဒိယ အာကာသယာဉ် လပေါ် ဆင်းပြနိုင်တဲ့အခါ

အိန္ဒိယ အာကာသယာဉ် လပေါ် ဆင်းပြနိုင်တဲ့အခါ

by Mariel Borowitz
29 August 2023
3.1k

နောက်ဆုံးတွင် လသည် လပေါ်တွင် တွေ့နိုင်သည့် ရေ၊ ဟီလီယမ်-၃ နှင့် မြေရှားသတ္တုဒြပ်စင်များ စသည့် သဘာဝ သယံဇာတများကို အခြေခံသည့် စီးပွားရေးအကျိုးအမြတ်များ ပေးနိုင်သည်။

SpaceX ကနေ ၂၀၂၅ မှာ ဒေါ်လာ ၁၅ ဘီလျံကျော် ဝင်ငွေရဖို့ အီလွန်မတ်စ် မျှော်မှန်း

SpaceX ကနေ ၂၀၂၅ မှာ ဒေါ်လာ ၁၅ ဘီလျံကျော် ဝင်ငွေရဖို့ အီလွန်မတ်စ် မျှော်မှန်း

by ဧရာဝတီ
7 June 2025
785

ဒါဟာ အာကာသကို တည်မှီပြီး ဝင်ငွေရှာတဲ့ ကဏ္ဍမှာ SpaceX ရဲ့ လွှမ်းမိုးမှု ကြီးမားလာခြင်းကို မီးမောင်း ထိုးပြနေတယ် လို့လည်း…

ရုရှား က လပေါ်မှာ နျူကလီးယား စက်ရုံ တည်ဖို့ စီစဉ်နေ

ရုရှား က လပေါ်မှာ နျူကလီးယား စက်ရုံ တည်ဖို့ စီစဉ်နေ

by ဧရာဝတီ
28 December 2025
442

လမျက်နှာပြင် ပရိုဂရမ် နဲ့ ရုရှား-တရုတ် ပူးတွဲ စူးစမ်း လေ့လာရေး စခန်းကို ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တယ်…

ဟာသရသ ဟဒယ

ဟာသရသ ဟဒယ

by ကာတွန်း ဖေသိန်း
15 June 2024
436

ရယ်မောခြင်းသည် ကျန်းမာရေး အတွက် ထူးခြားစွာ အကျိုးပြုသည်သာမက အသက်ရှည်စေသည်… စိတ်ပူပင် သောက ရောက်ခြင်း၊ စိတ်ညစ်ညူးခြင်း၊ စိတ်ရှုတ် ခေါင်းခဲခြင်း၊ အထိတ်တလန့် ဖြစ်ခြင်း၊ သွေးတိုးခြင်း စသည်တို့ကို သိသိသာသာ လျင်မြန်မာစွာ သက်သာစေသည်…

ကမ္ဘာ့မျက်နှာပြင် အထက်မှာရှိတဲ့ အိုဇုန်းလွှာဟာ ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ပေးပါတယ်။

အိုဇုန်းလွှာ ပျက်စီးမှု လျော့နည်းလာတာကို သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ

by Aurora
29 March 2020
13.4k

အိုဇုန်းလွှာ ပြန်လည် ကောင်းမွန်လာတာဟာ အခုမှတော့ မဟုတ်ပါဘူး။ ၂၀၁၅ လောက်တည်းက ပျက်စီးနေတဲ့ အိုဇုန်းလွှာ အပေါက် ပမာဏ ဧရိယာ လျော့နည်းလာတာကို တွေ့ရှိခဲ့ကြတာပါ။

Next Post
နေပြည်တော် လွှတ်တော်သို့ တက်ရောက်ကြသည့် တပ်မတော်သားကိုယ်စားလှယ်များ / ထက်နိုင်ဇော် / ဧရာဝတီ

၂၀၁၉-၂၀ ကာကွယ်ရေး အသုံးစရိတ် ကျပ် ဘီလီယံ သုံးထောင့်သုံးရာကျော် တောင်းခံ

ဗုံးတွေ့သည်ဟု သတင်းထွက်ပေါ်နေသည့် နေပြည်တော် စည်ပင် ဧည့်ရိပ်သာ

နေပြည်တော် စည်ပင် ဧည့်ရိပ်သာ ဗုံးသတင်း မှန်ကန်မှု မရှိဟုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved