ယနေ့ မြန်မာ့ချည်ထည်နှင့် မြန်မာ့ဖက်ရှင်များကို အများစု ပြန်လည် စိတ်ဝင်စားလာ သောကြောင့် ချည်ထည် လုပ်ငန်း သည် မတိမ်ကောသည့် လုပ်ငန်းတခု အဖြစ် ပြန်လည် သက်ဝင်လာသည်။ ယခင်က ရက်ကန်း လုပ်ငန်းများသည် မိသားစု အိမ်တွင်း လက်မှုလုပ်ငန်း အဖြစ်သာ လုပ်ကိုင်ခဲ့ကြရာမှ ဈေးကွက်၏ တောင်းဆိုမှုကြောင့် အသေးစား လုပ်ငန်းများ အဖြစ် အသက်ဝင် လာသည်။ ချည်ထည်များတွင် လူကြိုက်များသည့် ကချင်လုံချည်၊ ကချင်ထမီများ ပြုလုပ်ရာ မြစ်ကြီးနားရှိ ကချင် ချည်ထည်လုပ်ငန်းခွင်တခုတွင် ကချင်ချည်ထည်များ ရရှိအောင် ဆေးဆိုး၊ ရေလျှော်၊ ရက်ကန်းခတ် အထည်ရက် စသည့်လုပ်ငန်းများကို သွားရောက်ရိုက်ကူးထားပါတယ်။
(The Irrawaddy Weekly Journal, Vol.1, No.3 – Page 26 တွင်လည်း ပုံနှိပ်ဖော်ပြထားပါသည်။)