• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

OIC ရုံးကိစ္စ မြန်မာအစိုးရ တရားဝင် အကြောင်းမကြားသေး

by ဧရာဝတီ
19 October 2012
in သတင်း
A A
OIC ရုံးကိစ္စ မြန်မာအစိုးရ တရားဝင် အကြောင်းမကြားသေး

OIC ရုံး ဖွင့်ခွင့် မပြုရေး ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့အပြီး "ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့်" ရုံးကို ခွင့်ပြုမှာ မဟုတ်လို့ သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ် (ဓာတ်ပုံ - ဧရာဝတီ)

3.1k
VIEWS
Share on FacebookShare on Twitter

အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Organization of Islamic Cooperation – OIC) အထွေထွေအတွင်းရေးမှူး အက်မဲလက်ဒင် အစ်စန်နိုးလူ (Ekmeleddin Ihsanoglu) က မြန်မာနိုင်ငံမှာ OIC ရဲ့ လူသား ချင်းဆိုင်ရာ ရုံးဖွင့်ခွင့် မရတော့တဲ့ကိစ္စအပေါ် မြန်မာအစိုးရဆီက တရားဝင် အကြောင်းကြားမှု တစုံတရာ မရရှိသေးဘူး လို့ ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါး (Jeddah) မြို့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

တရားဝင် အကြောင်းကြားစာ ရပြီဆိုရင် နိုဝင်ဘာလမှာ လုပ်ဖို့ရှိတဲ့ OIC နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ ဘာဆက်လုပ်ကြမယ်ဆိုတာ ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ရုံးဖွင့်ဖို့ကိစ္စရွှေ့ဆိုင်းဖို့ မြန်မာအစိုးရရဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးသိန်းဌေးက  အစောပိုင်းမှာ OIC ကို တရားဝင်မဟုတ်ပဲ မေတ္တာရပ်ခံခဲ့တာကိုလည်း သူက ထုတ်ဖော်ပြောဆိုပါတယ်။

OIC နဲ့ မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ပြီးခဲ့ တဲ့လမှာ နှစ်ဖက် လက်မှတ်ထိုးကြတဲ့အခါ နယ်စပ်ရေးရာဝန်ကြီးက မြန်မာအစိုးရကိုယ်စား လက် မှတ်ရေးထိုးခဲ့တာပါ။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
7
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
62
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
21

အဲ့ဒီသဘောတူညီချက်ထဲမှာ OIC ရုံးအနေနဲ့ မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ရသူတွေဆီကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးရာမှာ ယာယီ ကြီး ကြပ်သွားရန်လို့ ဖော်ပြထားကြောင်း အက်မဲလက်ဒင် အစ်စန်နိုးလူက ပြောပါတယ်။

မြန်မာနိုင်ငံမှာဖွင့်မယ့် OIC ရုံးဟာ လူသားချင်းဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် ဒုက္ခရောက်ကြရတဲ့ အခြားနိုင်ငံတွေမှာ အဖွဲ့အစည်းအသီးသီးက တည်ထောင်ထားတဲ့ လူသားချင်းဆိုင်ရာရုံးတွေအတိုင်းကလွဲလို့ ဘာမှ ထူးထူးခြားခြား ရှိမှာမဟုတ်ဘူးလို့လည်း သူက အလေးအနက် ဆိုပါတယ်။

မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်မယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့လ OIC ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့တဲ့အချိန်မှာ မြန်မာ အစိုးရဖက်က ရုံးဖွင့်ဖို့ထောက်ခံခဲ့တယ်၊ OIC ဘက်ကလည်း လူမျိုး ဒါမှမဟုတ် ဘာသာရေးအရ ခွဲခြားမှုမရှိဘဲ ဒုက္ခ ရောက်ရသူတွေကို အကူအညီပေးဖို့သာ ရည်ရွယ်ကြောင်း မြန်မာအစိုးရကို အာမခံချက်ပေးခဲ့တယ်လို့ သူက ပြောပါ သေးတယ်။

OIC အနေနဲ့ လူသားချင်းဆိုင်ရာအလုပ်တွေကို နိုင်ငံရေးကိစ္စဖြစ်အောင် လုပ်မှာမဟုတ်ဘူး ဆိုတာနဲ့ ပတ်သက်ပြီး တော့လည်း ရိုဟင်ဂျာတွေ မြန်မာပြည်ထဲမှာ သူတို့ရဲ့ ဥပဒေကြောင်းအရ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်အရေး တွေ ပြန်ရအောင် OIC က ဆက်လက် ကြိုးပမ်းသွားမှာဖြစ်တယ်။

ဒါပေမယ့် အဲ့ဒီလို ကြိုးပမ်းတာကို တရားဝင် သံတ မန် လမ်းကြောင်းတွေကနေတဆင့်သာ ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာပြည်မှာဖွင့်မယ့် OIC ရုံးကနေတဆင့် ဆောင် ရွက်သွားမှာမဟုတ်ဘူးလို့ အက်မဲလက်ဒင် အစ်စန်နိုးလူက အလေးအနက် ဆိုပါတယ်။

လူသားချင်းဆိုင်ရာဆောင် ရွက်ချက်တွေကို နိုင်ငံရေးကိစ္စဖြစ်အောင်လုပ်ဖို့ OIC မှာ ဘယ်သူမှ စိတ်မဝင်စားဘူးလို့လည်း သူက ဖြည့်ပြောပါ တယ်။

မြန်မာပြည်မှာ OIC ရုံးဖွင့်ဖို့ ဆောင်ရွက်တာဟာ တူရကီနဲ့ အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့တွေက လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးနေသလိုမျိုး မွတ်ဆလင် ကမ္ဘာက ပြည်သူတွေနဲ့ အခြားပြည်သူတွေအကြား သွေး စည်းညီညွတ်ရရှိအောင် ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

OIC ရုံး ဖွင့်ခွင့် မပြုရေး ကန့်ကွက်ဆန္ဒပြမှုတွေ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့နှင့် မြို့ကြီးတချို့တွင် ဖြစ်ပွားခဲ့အပြီး “ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့်” ရုံးကို ခွင့်ပြုမှာ မဟုတ်လို့ သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးသိန်းဌေးနဲ့ မကြာမီက သွားရောက်တွေ့ဆုံခဲ့ပြီး ရုံးကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Your Thoughts …
Tags: OICRakhine State
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

by ဧရာဝတီ
14 November 2023
5.4k

ဦးသိန်းစိန် အစိုးရတွင် ပညာရေးအကြံပေး လုပ်ခဲ့သည့် ရှမ်း-မွန် တိုင်းရင်းသူ ဒေါ်ရင်ရင်နွယ်က ဂမ်ဘီယာနိုင်ငံကို ထိုထက်ပင် ပိုမိုစော်ကားသည်။

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.4k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

မြန်မာကို စွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှုတွင် ဥရောပ ၅ နိုင်ငံနှင့် ကနေဒါတို့ ဂမ်ဘီယာနှင့် ပူးပေါင်းမည်

မြန်မာကို စွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှုတွင် ဥရောပ ၅ နိုင်ငံနှင့် ကနေဒါတို့ ဂမ်ဘီယာနှင့် ပူးပေါင်းမည်

by ဧရာဝတီ
17 November 2023
3.9k

တရားရုံးက ထိုအမှုကို စီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ထားသော်လည်း ကြားနာမည့် အစီအစဉ်ကို မပြုလုပ်ရသေးပေ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်များ

by ခင်ဦးသာ
11 July 2012
4.9k

တောင်ကုတ်၊ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် စသည့် ဒေသတွင်း၌ ဇွန် လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ပဋိပက္ခဖြစ်စဉ်များကို တလပြည့်သည့်အချိန်အဖြစ် ရက်စွဲအလိုက် အကျဉ်းချုံးဖော်ပြ အပ်ပါသည်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.4k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

မသီတာထွေးအမှု ကျူးလွန်သူ တရားခံများအား ရုံးထုတ်စစ်ဆေး

by ခင်ဦးသာ
8 June 2012
20.1k

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများကို ကျောက်ဖြူ ခရိုင်တရားရုံး၌ ယနေ့ နံနက် ၉ နာရီက ရုံးထုတ် စစ်ဆေး

Next Post

မြန်မာ့ အသွင်ကူးပြောင်းမှု အောင်မြင်ရေး အမေရိကန် ကူညီမည်

Cobra Gold စစ်ရေးလေ့ကျင့်မှု လေ့လာရန် မြန်မာကို ဖိတ်ခေါ်

Please login to join discussion
No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved