• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးတေဇ ကျောက်မျက် အသင်းဥက္ကဋ္ဌ ဆက်တာဝန်ယူမည်လော

by သာလွန်ဇောင်းထက်
31 January 2013
in သတင်း
A A
ဦးတေဇ , NLD , ရွေးကောက်ပွဲ , ဖွဲ့စည်းပုံ အခြေခံဥပဒေ , ခရိုနီ

ခရိုနီများနှင့် NLD ပတ်သက်မှုအပေါ် မေးခွန်းထုတ်မှုများ ရှိလာနေသည်။(ဓာတ်ပုံ-ဧရာဝတီ)

16.1k
VIEWS
Share on FacebookShare on Twitter

အနောက်နိုင်ငံကြီးများ၏စီးပွားရေးပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေသော ဦးတေဇက မြန်မာနိုင်ငံကျောက်မျက်ရတနာအသင်း ဥက္ကဋ္ဌအဖြစ် နုတ်ထွက်ခွင့်ပြုပါရန် တင်ပြလာမှုအပေါ် အသင်းက လက်မခံဘဲ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ပေးရန် မေတ္တာရပ်ခံလိုက်ပြီး ဦးတေဇ၏ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေကြောင်း သတင်းရရှိသည်။

စစ်အစိုးရနှင့် နီးစပ်သည်ဟု နာမည်ကျော်ကြားသည့် သူဌေးကြီးဦးတေဇ (ဓာတ်ပုံ – ygnutd.com)

ရန်ကုန်မြို့၊ မင်းရဲကျော်စွာ လမ်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ယနေ့ ညနေပိုင်း ကျင်းပပြုလုပ်သော ကျောက်မျက် အသင်း၏ သတင်းစာ ရှင်းလင်းပွဲတွင် အသင်း တာဝန်ရှိသူများက ဦးတေဇကို ကျောက်မျက် အသင်း ဥက္ကဋ္ဌအဖြစ် ဆက်လက် မြင်လိုကြောင်း ပြောဆိုကြသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
361
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
50

ကျောက်မျက်အသင်း ဥက္ကဋ္ဌဦးတေဇက ရာထူးတာဝန်မှ ကျန်းမာရေးအရ အနားယူလိုသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် အသင်းထံသို့ တရားဝင် အကြောင်းကြားလာကြောင်း၊ သို့ရာတွင် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျောက်မျက် အသင်းက အရေးပေါ် အစည်းအဝေး တရပ်ခေါ်ယူပြီး ဥက္ကဋ္ဌဦးတေဇကို မူလအတိုင်း ဥက္ကဋ္ဌ ရာထူးတာဝန် ဆက်လက်ထမ်းဆောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း၊ လက်ရှိတွင် ဦးတေဇထံသို့ ကျောက်မျက်အသင်း၏ မေတ္တာရပ်ခံချက်ပေးပို့ထားပြီဟု သိရှိရသည်။

မြန်မာနိုင်ငံကျောက်စိမ်းနှင့်ကျောက်မျက်ရတနာအသင်းသည် မြန်မာနိုင်ငံတွင် ကျောက်စိမ်းနှင့်ကျောက်မျက်ရတနာ အချောထည်ဈေးကွက်ဖြစ်ပေါ်ရေး၊ နိုင်ငံတကာအဆင့်မီ ကျောက်မျက်အရည်အသွေးစမ်းသပ်သည့် ဓာတ်ခွဲခန်း ဖွင့်လှစ်ရေး၊ နေပြည်တော်တွင် အခွန်ကင်းလွတ်ခွင့်ရှိသည့် ရွှေကြာပင် ကျောက်မျက်ရတနာ အချောထည်ဈေးကွက်ကြီးဖြစ်ပေါ်ရေး အပါအဝင် မြန်မာ့ကျောက်စိမ်း နှင့်ကျောက်မျက်ရတနာဈေးကွက်ဖွံ့ဖြိုးတက်ရေး အတွက်ဥက္ကဋ္ဌဦးတေဇ၏ ဦးဆောင်မှုလိုအပ်ကြောင်း၊ ဥက္ကဋ္ဌရာထူးကို ရာထူးသက်တမ်းကုန်ဆုံးသည့် ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်စေလိုကြောင်း၊ ဦးတေဇနုတ်ထွက်သွားပါက ကျောက်မျက်အသင်း၏ ရှေ့ဆက်လုပ်ငန်းစဉ်များ နှေးကွေးသွားမည်ဖြစ်ကြောင်း ကျောက်မျက်အသင်းအတွင်းရေးမှူး ၁ ဦးကျော်ဌေးက ပြောသည်။

“ဥက္ကဋ္ဌက နာမည်ပျက်မရှိဘူး။ အသင်းချုပ်ရဲ့ လုပ်လက်စလေးတွေ မပျက်သေးဘူး။ ကျောက်မျက် အချောထည်ဈေးကွက် ထူထောင်ဖို့၊ ကျောက်မျက် ဓာတ်ခွဲခန်း တည်ထောင်ဖို့ရှိတယ်။ အဲဒါကြောင့် ဥက္ကဋ္ဌရာထူး ဆက်ယူထားဖို့ မေတ္တာရပ်ခံတာပါ” ဟု ဦးကျော်ဌေးက ဆိုသည်။

ဦးတေဇသည် ၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလက ပူတာအိုရေခဲတောင်ပေါ်တွင် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီး ချိန်ကလည်း ကျောက်မျက်အသင်း ဥက္ကဋ္ဌအဖြစ် နုတ်ထွက်ခွင့်တောင်းခဲ့ပြီး ယခုအကြိမ်ပါဆိုလျှင် နှစ်ကြိမ်တိုင်တိုင် နုတ်ထွက်ခွင့်တောင်း ခြင်းဖြစ်ကြောင်း၊ သူနုတ်ထွက်ခွင့်တောင်းခြင်းမှာလည်း ကျန်းမာရေးအရဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့်မဟုတ်ကြောင်း ကျောက်မျက်အသင်းတာဝန်ရှိသူများက ဆိုကြသည်။

ဦးတေဇသည် ကျောက်မျက်အသင်းဥက္ကဋ္ဌရာထူးမှ ကျန်းမာရေးအကြောင်းပြချက်ကြောင့် နုတ်ထွက်သည်ဟု အသင်းက ထုတ်ပြန်ပြောဆိုသော်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကမူ အမေရိကန်ပြည်ထောင်စုက ၂၀၁၂ ခုနှစ်အောက်တိုဘာလ ၁၆ ရက်နေ့ထုတ်ပြန်သော စီးပွားရေးပိတ်ဆို့မှုစာရင်းတွင် ဦးတေဇနှင့်ဦးထွန်းမြင့်နိုင် ပါရှိနေဆဲ ဖြစ်သဖြင့့် ကျောက်မျက်အသင်းဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခြင်းဖြစ်သည်ဟု သူ၏ နုတ်ထွက်ခွင့်ပြုတောင်းသည့်စာတွင် ရေးသားထားကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့ RFA မြန်မာသတင်းဌာနနှင့်တွေ့ဆုံခန်းတွင်ပြောဆိုခဲ့သည်။

ကျောက်မျက်အသင်းတာဝန်ရှိသူတဦးကမူ ဦးတေဇ နုတ်ထွက်မှုကြောင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းမည်လောဟု မေးခွန်းထုတ်သည်။

“ဥက္ကဋ္ဌနုတ်ထွက်သွားတော့ရော ပိတ်ဆို့မှုက ရုပ်သိမ်းသွားမှာလား။ သူရဲ့ နုတ်ထွက်စာမှာတော့ ကျန်းမာရေးကြောင့်လို့ပဲ ရေးထားပါတယ်။ စီးပွားရေးပိတ်ဆို့မှုကြောင့် မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ဦးတေဇသည် ၂၀၀၇ ခုနှစ်တွင် ကျောက်မျက်အသင်းဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး သူတာဝန်ယူချိန် ကတည်းက ကျောက်မျက်ရောင်းချရမှုမှ ဝင်ငွေမြင့်မားတိုးတက်လာကြောင်း၊ ၂၀၀၇ မတိုင်မီက ကျောက်မျက်ရောင်းချမှုမှ ဝင်ငွေယူရို သန်း ၂၀၀ သာရှိခဲ့ပြီး နောက်ပိုင်းတွင် မြင့်မားတိုးတက်လာကြောင်း၊ ဦးတေဇ၏ ကျောက်မျက်တူးဖော်ရေး လုပ်ပိုင်ခွင့်သည် အမြောက်အမြားမဟုတ်ဘဲ ဧက ၁၀၀ အောက်တွင်သာရှိကြောင်း  အသင်းတာဝန်ရှိသူတို့က ဆိုကြ သည်။

လတ်တလော ဦးတေဇသည် ပြည်ပခရီးထွက်ရှိနေပြီး အသင်း၏ မေတ္တာရပ်ခံအပေါ် မည်သို့ မည်ပုံ တုံ့ပြန်မည်ကို စောင့်ဆိုင်းနေကြောင်း၊ ဦးတေဇသည် အသင်းဝင်များ၏ ဆန္ဒကို အလေးအနက်ထားတတ်သူဖြစ်သဖြင့် ဥက္ကဋ္ဌရာထူး တာဝန်ဆက်လက် ယူလိမ့်မည်ဟု မျှော်လင့်ကြောင်း ကျောက်မျက် အသင်းအလုပ်အမှုဆောင်များ၏ အဆိုအရ သိရှိရသည်။

Your Thoughts …
Tags: JadeSanction
သာလွန်ဇောင်းထက်

သာလွန်ဇောင်းထက်

ဧရာဝတီ

Similar Picks:

၂၀၀၈ မေလ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး /  Reuters

ဦးသန်းရွှေ ပိတ်ဆို့အရေးယူမှု စာရင်းက ထွက်၊ မထွက်

by ဧရာဝတီ
6 October 2016
2.6k

မြောက်ကိုရီးယားနဲ့ ပတ်သက်သူတွေ၊ ဘိန်းမှောင်ခို ရာဇာတွေအပြင် စစ်အစိုးရခေတ်က လူ့အခွင့်အရေး၊ ချိုးဖောက်မှုတွေမှာ စီစဉ်ညွှန်ကြားသူတွေကိုတော့ စာရင်းထဲမှာ ချန်ထားမယ်ဆိုတဲ့ အတည်ပြုလို့မရတဲ့ သတင်းတွေလည်း ထွက်ရှိနေခဲ့ပါတယ်

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

ဦးဝင်းအောင်, ဆန်ရှင်, စီးပွားရေး, UMFCCI

ဦးဝင်းအောင် ဆန်ရှင်ရုပ်သိမ်းမှု မြန်မာစီးပွားရေး အသိုင်းအဝိုင်း ကြိုဆို

by သစ်နေမိုး
24 April 2015
5.4k

ဦးဝင်းအောင်သည် ဒဂုံအင်တာနေရှင်နယ် စီးပွားရေးအုပ်စု၏ ဥက္ကဌလည်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

by လင်းသန့်
14 July 2012
17.4k

ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

by ရဲနည်
3 July 2013
8.5k

မြောက်ကိုရီးယားထံမှ လက်နက် ဝယ်ယူသည်ဟု စွပ်စွဲကာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည် ကောင်းမွန် လာနေသော အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး ပြောင်းလဲလာမှုကို ထင်ဟပ်နေသည်။

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

by အဲရစ်ကာ ကင်နက်ဇ် နှင့် မက်သယူး ပန်နင်တန်
23 May 2013
3.8k

လူ့အခွင့်အရေး ဆောင်ရွက်သူများကမူ အိုဘားမားအစိုးရသည် ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်၏ အစိုးရအပေါ် လိုက်လျောမှုများက အလျင်စလိုနိုင်လွန်းသည်ဟု စွပ်စွဲကြသည်။

Next Post
စစ်မှန်တဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာအတွက် အဆင်သင့် ဖြစ်ပြီလား

စစ်မှန်တဲ့ ပြည်သူ့ဝန်ဆောင်မှု မီဒီယာအတွက် အဆင်သင့် ဖြစ်ပြီလား

“ရေသည် အသက်” ဆုများ မြန်မာ ဓာတ်ပုံဆရာများ သိမ်းပိုက်

“ရေသည် အသက်” ဆုများ မြန်မာ ဓာတ်ပုံဆရာများ သိမ်းပိုက်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved