• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဦးသန်းရွှေ ပိတ်ဆို့အရေးယူမှု စာရင်းက ထွက်၊ မထွက်

by ဧရာဝတီ
6 October 2016
in ဆောင်းပါး
A A
၂၀၀၈ မေလ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး /  Reuters

၂၀၀၈ မေလ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး / Reuters

2.6k
VIEWS
Share on FacebookShare on Twitter

အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို လုံးဝ ရုပ်သိမ်းပေးမှာဖြစ်ပြီး  ပိတ်ဆို့ အရေးယူမှု စာရင်းထဲမှာ ထည့်ထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ စီးပွားရေးသမား ခရိုနီကြီးတွေကိုလည်း စာရင်းထဲကနေ ပယ်ထုတ်ပေးမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်  အပြီးမှာ သတင်းတွေ ထွက်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ဆန်ရှင်ထဲမှာဆိုရင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဦးအောင်သောင်း၊ ဦးတင်အောင်မြင့်ဦး တို့ ပါဝင်သလို လက်ရှိအစိုးရတာဝန် ထမ်းဆောင်နေတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေလည်း ဆန်ရှင်စာရင်းထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ ယဉ်ပါးတဲ့ နာမည်တွေဖြစ်တဲ့ ဦးတင်နိုင်သိန်း၊ ဦးစိုးသာ၊ ဦးအောင်သိန်းလင်း၊ ဦးချမ်းငြိမ်း၊ ဦးသိန်းဇော်၊ ဦးဉာဏ်ဝင်း၊ ဦးလွန်းသီ၊ ဦးရဲမြင့် အစရှိတဲ့ ဗိုလ်ချုပ်ဟောင်းတွေ၊ ဝန်ကြီးဟောင်းတွေလည်း စာရင်းထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

စစ်အစိုးရခေတ်မှာ ဗိုလ်ချုပ်ကြီးတွေ၊ ဝန်ကြီးဌာနတွေနဲ့ ပေါင်းပြီး ကြီးပွားချမ်းသာသွားတဲ့ ခရိုနီသူဌေးကြီးတွေ အများအပြားလည်း ပါဝင်ပါတယ်။ အဲဒီ ခရိုနီ သူဌေးကြီးတွေထဲမှာတော့ ဦးတေဇ၊ ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လော၊ ဦးဇော်ဇော်၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့် အစရှိသူတွေ ပါဝင်ပါတယ်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
465
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
178
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ စတင်လုပ်ချိန်က စပြီး သမ္မတဟောင်း ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးရွှေမန်းတို့ကို ဆန်ရှင်ကနေ ထုတ်ပယ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံး အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့်ကို ခွင့်ပြုပေးလိုက်ပြီ ဖြစ်တဲ့အတွက် တရားဝင် သွားရောက်လည်ပတ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်မှာ စီးပွားရေး ကုန်သွယ်ခွင့်တွေ ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးလိုက်ပါပြီ။ ဒါ့အပြင် အမေရိကန် ပိတ်ဆို့ အရေးယူမှု ထိထားတဲ့ လူပုဂ္ဂိုလ် ၁၀၀ ကျော်ကိုလည်း အမေရိကန် ဆန်ရှင် စာရင်းကနေ ထုတ်ပယ်ပေးမယ်လို့ သိရပါတယ်။ ဒါပေမယ့် အကုန်လုံးကို ထုတ်ပယ်ပေးမှာလား၊ တချို့ကို ချန်ထားမှာလား ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

မြောက်ကိုရီးယားနဲ့ ပတ်သက်သူတွေ၊ ဘိန်းမှောင်ခို ရာဇာတွေအပြင် စစ်အစိုးရခေတ်က လူ့အခွင့်အရေး၊ ချိုးဖောက်မှုတွေမှာ စီစဉ်ညွှန်ကြားသူ၊ တာဝန်ရှိသူတွေကိုတော့ စာရင်းထဲမှာ ချန်ထားမယ်ဆိုတဲ့ အတည်ပြုလို့မရတဲ့ သတင်းတွေလည်း ထွက်ရှိနေခဲ့ပါတယ်။

စီးပွားရေး၊ ကုန်သွယ်ရေး ဆန်ရှင်တွေ ဖွင့်ပေးလိုက်တာကို မြန်မာပြည်သူတွေက ကြိုဆိုကြပေမယ့် စစ်အာဏာရှင်တွေ၊ မူးယစ် မှောင်ခိုရာဇာနဲ့ အဆွယ်အပွားတွေ၊ လက်နက် မှောင်ခိုကုန်သည်တွေ ဆန်ရှင်စာရင်းထဲမှာ ဆက်ရှိသင့်တယ်  လို့ ယုံကြည်တဲ့ အုပ်စုတွေလည်း ရှိနေသေးပါတယ်။

၁၉၉၂ ခုနှစ်က နေ ၂၀၁၁ ခုနှစ် အာဏာ လွှဲပြောင်းချိန်အထိ နဝတ၊ နအဖ အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး စစ်ဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဦးသန်းရွှေကတော့ လောလောဆယ် နေပြည်တော်မှာရှိတဲ့သူ့ရဲ့ အိမ်မှာ အနားယူနေပါတယ်။ အခုချိန်အထိ တပ်မတော်အပေါ်မှာ သြဇာသက်ရောက်မှု ရှိနေဆဲဖြစ်တယ်လို့ ပြည်တွင်း၊ ပြည်ပက ထင်ကြေးပေးမှု ရှိနေဆဲဖြစ်ပါတယ်။

မကြာသေးခင်က တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှူး မစ္စတာ ဆုန်တောင်နဲ့ တွေ့ခဲ့သလို ဒီမတိုင်ခင် ရွေးကောက်ပွဲ အပြီးမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့မြေးကတဆင့် ကြားလိုက်ရတဲ့ အနာဂတ်ရဲ့ ခေါင်းဆောင်ဆိုတဲ့ အသုံးအနှုန်းက လွဲလို့ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာတော့ မသိရပါဘူး။

အမေရိကန် သမ္မတဟောင်း ဂျော့ချ် ဒဗလျူ ဘုရှ် လက်ထက်မှာ ဦးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရကို ပိတ်ဆို့မှု အကြီးအကျယ် လုပ်ခဲ့ပြီး ဦးသန်းရွှေ အနေနဲ့ ရာထူးကနေဆင်းပေးကာ မြန်မာပြည်ကို လွတ်လပ်ခွင့် ပေးဖို့ကိုတောင် တောင်းဆိုခဲ့ဖူးပါတယ်။

အခုလို အမေရိကန်က မြန်မာပြည်အပေါ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းချိန်မှာ မြန်မာ ပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကမ္ဘာသိ ကျူးလွန်ထားတဲ့ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေရော ဆန်ရှင်က လွတ်မလား၊ မလွတ်ဘူးလား ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်နေကြမှာ အမှန်ပါ။

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကနေ ဘယ်သူတွေ လွတ်မယ် မလွတ်ဘူး ဆိုတာကတော့ နိုဝင်ဘာလအတွင်းမှာ အဖြူအမည်း သဲသဲကွဲကွဲ သိရတော့မှာ ဖြစ်ပါတယ်။

မြန်မာပြည်နဲ့ ပတ်သက်လို့ ပိတ်ဆို့အရေးယူမှုဆိုင်ရာ အချက်အလက်များ ရှာဖွေရန် Link များ

OFAC
https://sanctionssearch.ofac.treas.gov/
U.S. Department of the Treasury
https://www.treasury.gov/resource-center/sanctions/Programs/pages/burma.aspx
https://www.treasury.gov/resource-center/sanctions/Programs/Documents/burma.txt
Consult-Myanmar
http://consult-myanmar.com/tag/sdn-list/

Your Thoughts …
Tags: Sanction
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

ဦးဝင်းအောင်, ဆန်ရှင်, စီးပွားရေး, UMFCCI

ဦးဝင်းအောင် ဆန်ရှင်ရုပ်သိမ်းမှု မြန်မာစီးပွားရေး အသိုင်းအဝိုင်း ကြိုဆို

by သစ်နေမိုး
24 April 2015
5.4k

ဦးဝင်းအောင်သည် ဒဂုံအင်တာနေရှင်နယ် စီးပွားရေးအုပ်စု၏ ဥက္ကဌလည်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

by လင်းသန့်
14 July 2012
17.4k

ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

by ရဲနည်
3 July 2013
8.5k

မြောက်ကိုရီးယားထံမှ လက်နက် ဝယ်ယူသည်ဟု စွပ်စွဲကာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည် ကောင်းမွန် လာနေသော အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး ပြောင်းလဲလာမှုကို ထင်ဟပ်နေသည်။

ဦးတေဇ , NLD , ရွေးကောက်ပွဲ , ဖွဲ့စည်းပုံ အခြေခံဥပဒေ , ခရိုနီ

ဦးတေဇ ကျောက်မျက် အသင်းဥက္ကဋ္ဌ ဆက်တာဝန်ယူမည်လော

by သာလွန်ဇောင်းထက်
31 January 2013
16.1k

စီးပွားရေး ပိတ်ဆို့မှု ရှိနေလင့်ကစား မြန်မာ့ ကျောက်မျက် ဈေးကွက်ဖွံ့ဖြိုးတက်ရေး အတွက် ဥက္ကဋ္ဌဦးတေဇ၏ ဦးဆောင်မှုလိုအပ်သည်ဟု ကျောက်မျက်အသင်းက တရားဝင်ထုတ်ပြန်သည်

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

by အဲရစ်ကာ ကင်နက်ဇ် နှင့် မက်သယူး ပန်နင်တန်
23 May 2013
3.8k

လူ့အခွင့်အရေး ဆောင်ရွက်သူများကမူ အိုဘားမားအစိုးရသည် ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်၏ အစိုးရအပေါ် လိုက်လျောမှုများက အလျင်စလိုနိုင်လွန်းသည်ဟု စွပ်စွဲကြသည်။

Next Post
ဟံသာဝတီလေဆိပ်သစ်တည်ဆောက်ရေး နှစ်ကုန် နောက်ဆုံးအဆင့်လက်မှတ်ရေးထိုးမည်

ဟံသာဝတီလေဆိပ်သစ်တည်ဆောက်ရေး နှစ်ကုန် နောက်ဆုံးအဆင့်လက်မှတ်ရေးထိုးမည်

မြန်မာသံစဉ်အဆိုရှင် ပိုးအိစံ / ယုမွန်ကျော် / ဧရာဝတီ

ဂီတသက်တမ်း အနှစ် ၂၀ ပြည့်တဲ့ ပိုးအိစံ Live Show လုပ်မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved