• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးနှင့် မြန်မာ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေး

by လင်းသန့်
17 April 2013
in သတင်း
A A
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးနှင့် မြန်မာ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေး

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝီလျံဟိဂ်နှင့် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ (ဓာတ်ပုံ - Hla Maung Shwe / Facebook)

3.5k
VIEWS
Share on FacebookShare on Twitter

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝီလျံဟိဂ်နှင့် လန်ဒန်တွင် ရောက်ရှိနေသော သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့တို့သည် မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

“မြန်မာနိုင်ငံမှာ ကျနော်တို့ မြင်ရတဲ့ သိသာတဲ့ အပြောင်းအလဲတွေမှာ ဝန်ကြီး ဦးအောင်မင်းရဲ့ အခန်းကဏ္ဍအပေါ် ချီးမွမ်းစကား ပြောကြားလိုပါတယ်” ဟု ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိဂ်က ပြောကြောင်း ဗြိတိန်အစိုးရ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လက်နက်စွဲကိုင်ထားကြသည့် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ထဲမှ ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေးများ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်များ ကို မစ္စတာ ဝီလျံဟိဂ်နှင့် ဝန်ကြီး ဦးအောင်မင်း တို့ ဧပြီလ ၁၆ ရက်နေ့က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် နောက်ထပ် တိုးတက်မှုများကို ကျွမ်းကျင်ပညာရှင်များ အပါအဝင် ဗြိတိန်ဘက်မှ မည်ကဲ့သို့ အကောင်းဆုံး အားပေး ထောက်ခံ သွားကြမည်ကို လည်း ထည့်သွင်းဆွေးနွေးကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင်လည်း ထာဝရ အပစ်အခတ် ရပ်စဲရေး ရရှိရန် ရှေ့ဆက်လုပ်ဆောင်ရမည့် လိုအပ်သည့် အချက်များကိုလည်း နှစ်ဖက် ဆွေးနွေးခဲ့ကြောင်း၊ မကြာမီက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းများတွင် နောက်ကွယ်မှ ပါဝင်ပတ်သက်မှုများနှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဘာသာမတူ အယူကွဲပြားသော်လည်း အတူတကွ လူ့အဖွဲ့အစည်းကို ဖော်ဆောင်ရေးအတွက် ဗြိတိန်အစိုးရက ဆက်လက် အားပေး ထောက်ပံ့ကာ လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မစ္စတာ ဝီလျံဟိဂ်က ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အခြေချနေထိုင်ပြီး နိုင်ငံတကာ စံချိန်စံညွှန်းများအရ နိုင်ငံသားဖြစ်ခွင့် အပြည့်အ၀ ရသင့်သည့် ဘင်္ဂါလီများနှင့် ပတ်သက်၍လည်း အရေးကြီးကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အရေးပေါ် အကူအညီပေးရေး ကိစ္စများလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
64
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
76

လွန်ခဲ့သည့် သီတင်းပတ်က G8 ထိပ်သီး နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများကလည်း တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ မြန်မာအစိုးရ၏ ကတိပေးမှုကို အားပေးထောက်ခံခဲ့ကြသည်။ လွတ်လပ်ပြီး ကြွယ်ဝချမ်းသာသည့် လူ့အဖွဲ့အစည်းတခု ဖြစ်ပေါ်လာစေရေး မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကို ဗြိတိန်အစိုးရက ဆက်လက်၍ ကူညီလုပ်ဆောင်ပေးမည် ဆိုသည်ကို ယခု ရှင်းလင်းစွာ ထပ်မံ ပြသလိုက်ခြင်း ဖြစ်ကြောင်း မစ္စတာ ဝီလျံဟိဂ်က ဆိုသည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိန်အစိုးရ တာဝန်ရှိသူများ၏ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင်လည်း ဆက်လက် တွေ့ဆုံးကြောင်း၊ ယင်းသို့ တွေ့ဆုံရာတွင် ဗြိတိန် အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ ကင်မ် ဒါရိုလည်း ပါဝင်ကြောင်း သိရသည်။

သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့တွင် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ သမ္မတ အကြံပေးအဖွဲ့ဝင်တဦးဖြစ်သူ ဦးလှမောင်ရွှေ စသူတို့ ပါဝင်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ယမန်နေ့က ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် ၎င်း၏ ရုံးအရာရှိချုပ် ဂျွန်နသန် ပါဝဲလ်တို့နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ယခုအခါ ဦးအောင်မင်းနှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အိုင်ယာလန်နိုင်ငံသို့ ဆက်လက် ထွက်ခွာသွားပြီး အိုင်ယာလန်နိုင်ငံမှ သမ္မတ ဦးသိန်စိန်အား ချီးမြှင့်သည့် ငြိမ်းချမ်းရေး စွမ်းဆောင်ရှင်ဆုကို ဦးအောင်မင်းက ကိုယ်စား လက်ခံရယူမည် ဖြစ်သည်။

ထို့နောက် ဦးအောင်မင်းနှင့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် အမေရိကန် ပြည်ထောင်စုသို့ ဆက်လက်ထွက်ခွာရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

Your Thoughts …
Tags: PeacePresidentsUK
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

မြန်မာ့ သွေးစွန်းကျွန်းသစ် တင်သွင်းသည့်  ဗြိတိန် ဇိမ်ခံ ရွက်လှေသင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို ဒဏ်ငွေရိုက်

မြန်မာ့ သွေးစွန်းကျွန်းသစ် တင်သွင်းသည့် ဗြိတိန် ဇိမ်ခံ ရွက်လှေသင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို ဒဏ်ငွေရိုက်

by ဧရာဝတီ
28 November 2024
493

ဘွန်းမောက်တရားရုံးက နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကြားနာပြီး ဒေါဆက်ခရိုင်၊ ပိုးလ်မြို့ အခြေစိုက် Sunseeker International ကို ပေါင်ငွေ ၃၅၈,၇၆၀ ဒဏ်ငွေရိုက်သည်။

UK ဂီတ အနုပညာရှင် ၁၀၀၀ ကျော် အသံတိတ် အယ်လ်ဘမ် ထုတ်ပြီး AI မူပိုင်ခွင့် ဥပဒေကို ဆန့်ကျင်

UK ဂီတ အနုပညာရှင် ၁၀၀၀ ကျော် အသံတိတ် အယ်လ်ဘမ် ထုတ်ပြီး AI မူပိုင်ခွင့် ဥပဒေကို ဆန့်ကျင်

by ဧရာဝတီ
2 March 2025
482

တင်သွင်းထားတဲ့ ဥပဒေပြောင်းလဲမှုတွေဟာ AI ဖန်တီးသူတွေ အနေနဲ့ ဥပဒေ ခွင့်ပြုချက်ရရင် ဘယ်လို အကြောင်း အရာကို မဆို AI လေ့ကျင့်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပြီး မူရင်း ဖန်တီးရှင်တွေဟာ တားဆီးပိုင်ခွင့် မရှိတော့ဘူးလို့ ဆိုပါတယ်။

UK ခေတ်သစ် မဟာဗျူဟာ စီမံကိန်း ထိုင်း ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်

UK ခေတ်သစ် မဟာဗျူဟာ စီမံကိန်း ထိုင်း ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်

by ဧရာဝတီ
3 August 2025
455

ထိုင်းကုမ္ပဏီတွေ အနေနဲ့ UK မှာ လုပ်ငန်း တည်ထောင်နိုင်ဖို့နဲ့ ရှိပြီးသား လုပ်ငန်းတွေကို တိုးချဲ့နိုင်ဖို့ ရည်ရွယ်တယ်လို့…

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

by ဧရာဝတီ
2 September 2024
359

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေအပါအဝင် ပြည်သူတရပ်လုံး ခံနေရတဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် တရားမျှတမှု ရရေးကို တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်သည့်အချိန်တွင် ပြည်တွင်းတရားစီရင်ရေးစနစ် နဲ့ပါ ကြိုးပမ်းရင် ပိုမို မြန်ဆန်နိုင်မယ်လို့ ဆရာမ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

by ဧရာဝတီ
27 August 2024
244

စစ်အာဏာရှင်တော်လှန်ရေးပြီးရင် ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဆက်လက်ထိန်းထားနိုင်ဖို့ နိုင်ငံရေးဦးဆောင်မှုမှာ အမျိုးသမီးတွေ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါဝင်ဖို့ လိုတယ်လို့ သုတေသနအချက်အလက်တွေကို ထောက်ပြပြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

by ဧရာဝတီ
17 June 2025
160

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာ ဟာ အမေရိကန်နဲ့ ဗြိတိနိုင်ငံ (UK) က အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။

Next Post

မြောက်ဦးတွင် စက်လှေ မှောက်၍ ၃ ဦးသေဆုံး

ကချင်စစ်ပွဲများအပြီး လမ်းပန်းဆက်သွယ်ရေး

ကချင်စစ်ပွဲများအပြီး လမ်းပန်းဆက်သွယ်ရေး

Please login to join discussion
No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved