• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လားရှိုးမှာ ဓာတ်ဆီလောင်းပြီး မီးရှို့သူ ထောင်ဒဏ် ၂၆ နှစ်ကျ

by နန်းသီရိလွင်
12 June 2013
in သတင်း
A A
လားရှိုးမှာ ဓာတ်ဆီလောင်းပြီး မီးရှို့သူ ထောင်ဒဏ် ၂၆ နှစ်ကျ

မအေးအေးဝင်းကို လားရှိုးဆေးရုံက မန္တလေးဆေးရုံကြီးကို ရွှေ့လိုက်ပြီ (ဓာတ်ပုံ - စတိဗ်တစ်ကနာ)

4.6k
VIEWS
Share on FacebookShare on Twitter

မေလကုန်ပိုင်းက လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း ဖြစ်ပွားရာ အစဖြစ်ခဲ့သော ဓာတ်ဆီလောင်း မီးရှို့သူအား လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

မအေးအေးဝင်းကို ဓါတ်ဆီဖြင့်ပက်၍ မီးရှို့ခဲ့သည့် ကျိုင်းငင်းရပ်၊ ရပ်ကွက် ၂ ကျိုင်းတုံမြို့နေ ဦးနေဝင်းကို ဇွန်လ ၁၀ ရက်နေ့က လားရှိုးမြို့နယ် တရားရုံးတွင် စွဲချက်တင်ခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့တွင် ပြစ်မှု ပုဒ်မ ၃၀၇ (လူသတ်ရန် အားထုတ်မှု)၊ ပုဒ်မ ၃၂၆ (အပြင်းအထန် ဒဏ်ရာရရှိစေမှု)၊ ၁၉၉၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဥပဒေ ပုဒ်မ ၁၅/ ၁၆ (ဂ) တို့အရ ထောင်ဒဏ်စုစုပေါင်း ၂၆ နှစ်ကျခံစေကြောင်း သိရသည်။

“ဦးနေဝင်း တစ်ယောက်ကိုပဲ စီရင်ချက် ချတာပါ။ စီရင်ချက် ချပြီးပြီးချင်း လက်ရှိုးထောင်ကို ချက်ချင်း လွှဲလိုက်တယ်။ အဓိကရုဏ်းမှာ ပါဝင်တယ်လို့ ယူဆပြီး ဖမ်းဆီးထားတဲ့ ၄၄ ယောက်ကိုတော့ စစ်ဆေးနေတုန်းပဲ” ဟု ပြည်နယ် ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝေလင်းက ဧရာဝတီကို ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
51
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
22
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
61

မီးရှို့ခံခဲ့ရသူ မအေးအေးဝင်းမှာ ကျန်းမာရေးကောင်းမွန်သော်လည်း မိသားစု၏ သဘောထားအရ ယနေ့ နံနက်ပိုင်းတွင် ခရိုင်ပြည်သူ့ဆေးရုံ လူနာတင်ယာဉ်ဖြင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

“တရားရုံးက ဆုံးဖြတ်တာဆိုတော့လည်း ကျမတို့က ဘာမှ ပြောစရာမရှိပါဘူး။ အမကတော့ သက်သာတယ်လို့တော့ ပြောလို့ မရဘူး။ အနာက အရမ်းကို နာနေတဲ့ပုံပဲ။ မန္တလေးမှာ ပိုအဆင်ပြေမယ် ဆေးဝါးလည်း ပိုပြည့်စုံမယ်လို့ ဆရာဝန်တွေကလည်း ပြောတယ်။ ကျမတို့ကလည်း ဒီမှာဆို အချိန်လည်း ကြာမယ်ဆိုပြီးတော့ မန္တလေးကို ပြောင်းလိုက်တာပါ” ဟု မအေးအေးဝင်း၏ မိသားစုဝင် တစ်ဦးက ဧရာဝတီကို ပြောသည်။

လားရှိုးတွင် အဓိကရုဏ်းစတင်ဖန်တီးခဲ့သည့် ဦးနေဝင်းသည် မန္တလေး၊ တောင်ကြီးနှင့် ကျိုင်းတုံမြို့တို့တွင်လည်း အလားတူ ဖြစ်ရပ်မျိုးဖြစ်ပေါ်စေရန် ဖန်တီးခဲ့ပြီး အောင်မြင်မှု မရှိခဲ့ကြောင်း၊ သူ့နောက်တွင် ကြိုးကိုင်နေသူရှိနိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့ဖူးသည်။

“ကျနော်တို့ အမှုစစ်တော့ ဒီကိစ္စတွေ ထည့်မစစ်ပါဘူး။ လားရှိုးကိစ္စ ကျနော့် စီရင်ပိုင်ခွင့်ထဲက အမှုကိစ္စတွေကိုပဲ အဓိက စစ်ဆေး စီရင်ချက် ချခဲ့တာပါ” ဟု လားရှိုးမြို့နယ် တရားသူကြီး ဦးနေဝင်းက ဧရာဝတီကို ပြောသည်။

မေ ၂၈ ရက်နေ့ မအေးအေးဝင်းကို မီးရှို့ရာမှ စတင်ခဲ့သည့် လားရှိုးမြို့ အဓိကရုဏ်းသည် မေ ၂၉၊ ၃၀ ရက်များအထိ ဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးကာ ပျက်စီးဆုံးရှုံးမှု ပမာဏ စုစုပေါင်း ၆၈၄ သိန်း ၂ သောင်း ငါးထောင် ရှိသည်ဟု ပြည်နယ် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။ အဓိကရုဏ်းတွင် ပါဝင်သူများ ၄၄ ဦးကို ဖမ်းဆီးထားပြီး စစ်ကြော ဖော်ထုတ်ရေးနှင့် တရားစွဲဆိုရေး အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။ ပဋိပက္ခကြောင့် လားရှိုးမြို့မဈေးကြီးကို ၅ ရက်တိုင် ပိတ်ထားခဲ့ရသည်။

Your Thoughts …
Tags: MuslimRiot
နန်းသီရိလွင်

နန်းသီရိလွင်

ဧရာဝတီ

Similar Picks:

မိတီ္ထလာက အမုန်းမီးတောက်များ

မိတီ္ထလာက အမုန်းမီးတောက်များ

by ဂျေဆင်ဇပ်
23 April 2013
15.6k

ရွှေဆံညှပ်ပိုင်ရှင် ဒေါ်အေးအေးမြင့်က ခုချိန်ထိ ထိတ်လန့် တုန်လှုပ်နေဆဲ ရှိသေးသည်။ “အသတ်ခံလိုက်ရတဲ့ မူဆလင်တွေ အတွက် ကျမ စိတ်မကောင်းပါဘူး၊ လူတွေအားလုံး တူတူပါပဲ။ ကျမ ဆံညှပ် ကလေးကြောင့် ဘာတွေဖြစ်လာရတယ် ဆိုတာ ကျမ မသိတော့ပါဘူး”

မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှု အရှိန်ရနေပြီ

မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှု အရှိန်ရနေပြီ

by အင်ဒရူးမာရှယ်
1 July 2013
14.1k

၉၆၉ လှုပ်ရှားမှုကို အစိုးရထိပ်တန်း ပုဂ္ဂိုလ်များမှစ၍ အောက်ခြေ လူတန်းစား အလွှာများ အထိ ကျယ်ကျယ် ပြန့်ပြန့် ထောက်ခံနေကြပြီး မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုသည်လည်း အရှိန်ရနေပြီ ဖြစ်သည်။

ဗလီများကို ဝင်ရောက် လေ့လာနိုင်ပြီ

ဗလီများကို ဝင်ရောက် လေ့လာနိုင်ပြီ

by ညိမ်းပြည့်စုံ
12 June 2013
15.1k

စွပ်စွဲချက်တွေ၊ သံသယတွေ ဖြစ်လာတဲ့ အတွက် ကျနော်တို့ တံခါးဖွင့်လိုက်ပါပြီ။ လာလေ့လာပါ ကြည့်ပါ။ ဒါပေမယ့် သန့်သန့် ရှင်းရှင်းဖြစ်အောင် ခြေလက်ဆေးတာတွေ လုပ်စေချင်တယ်။

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

“ဆွဲ၊ တင်၊ စစ်”နဲ့ လဝက

by ငြိမ်းချမ်း
31 January 2013
10.4k

“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။

မြောက်ဥက္ကလာတွင် ဗလီ၌ သံဃာများကို ဆွမ်းကပ်၊ ငြိမ်းချမ်းရေး ဆွေးနွေး

မြောက်ဥက္ကလာတွင် ဗလီ၌ သံဃာများကို ဆွမ်းကပ်၊ ငြိမ်းချမ်းရေး ဆွေးနွေး

by ညိမ်းပြည့်စုံ
3 July 2013
8.5k

ကိုယ့်ကိုလာပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ရင်လည်း ကိုယ်က ဘာမှပြန်မကျူးလွန်ဘဲ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို၊ ရပ်ကွက်က အကြီးအကဲတွေကို၊ ဥပဒေအရ တာဝန်ရှိသူတွေကို အသိပေးပြီး အပြစ်ပေး အရေးယူခိုင်းမယ် ဆိုရင်လည်း ရတာပဲလေ။

ထိမ်းမြားမှု ဥပဒေသစ်ပြုရေး ဦးဝီရသူ တိုက်တွန်း

ထိမ်းမြားမှု ဥပဒေသစ်ပြုရေး ဦးဝီရသူ တိုက်တွန်း

by မေစစ်ပိုင်
13 June 2013
18.7k

မည်သည့် ဘာသာဝင် မဆို ဘာသာခြား၊ လူမျိုးခြား ဖြစ်ခဲ့ပါက ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည် ဆိုလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်း တရားဝင် လက်မှတ် ရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး လက်ထပ်မည့် အမျိုးသမီး၏ မိဘ သို့...

Next Post
“တရုတ်လုပ်တဲ့ လေယာဉ်ပျံတွေကြောင့်လို့ ပြောတာလည်း မမှန်ဘူး”

“တရုတ်လုပ်တဲ့ လေယာဉ်ပျံတွေကြောင့်လို့ ပြောတာလည်း မမှန်ဘူး”

ရခိုင်ပြည်နယ် မြို့နယ် ၆ ခုတွင် ညမထွက်ရ အမိန့် သက်တမ်းတိုး

ရခိုင်ပြည်နယ် မြို့နယ် ၆ ခုတွင် ညမထွက်ရ အမိန့် သက်တမ်းတိုး

Please login to join discussion
No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved