• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

မလေးရှားရောက် တရားမဝင် မြန်မာများ နေရပ်ပြန်နိုင်ရေး လက်မှတ် ထုတ်ပေးမည်

by နန်းသီရိလွင်
12 June 2013
in Crime
A A
မလေးရှားရောက် တရားမဝင် မြန်မာများ နေရပ်ပြန်နိုင်ရေး လက်မှတ် ထုတ်ပေးမည်

မလေးရှား ပြည်တော်ပြန် အစီအစဉ်သည် ပုံပါ ချင်းကလေးငယ်များလို ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များနှင့် မဆိုင် (ဓာတ်ပုံ - Reuters)

6.8k
VIEWS
Share on FacebookShare on Twitter

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင် အလုပ်လုပ်နေ ကြသော  မြန်မာနိုင်ငံသားများ မိခင်နိုင်ငံသို့ ပြန်နိုင်ရေးအတွက်  မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ ယာယီ သက်သေခံလက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ပြောဆိုလိုက်သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ရှိ ကပုန်းဘုန်းတော်ကြီးကျောင်းတွင် မလေးရှားရောက် မြန်မာ လူမှု အဖွဲ့အစည်း များနှင့် ယနေ့ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးဦးဇင်ယော်က ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မလေးရှားနိုင်ငံတွင် နိုင်ငံကူးလက်မှတ်မရှိသော တရားမဝင် မြန်မာအလုပ်သမားများ အနေနှင့် သန်းခေါင် စာရင်း မိတ္တူ ၊ မှတ်ပုံတင် မိတ္ထူ၊ ရပ်ကွက် ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာများ ပြသနိုင်ပါက မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက ယာယီသက်သေခံလက်မှတ် Certificate of Identity များ ထုတ်ပေးမည်ဖြစ်ကြောင်း၊ ယာယီ သက်သေခံ လက်မှတ် ထုတ်ပေးရာ တွင်လည်း အကန့်အသတ်မရှိ နေ့ချင်းပြီး ထုတ်ပေးမည် ဖြစ်ကြောင်း၊ ယင်းလက်မှတ်များ ဖြင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနသို့ ပြသပြီး ကွာလာလမ်ပူလေဆိပ်မှ မြန်မာနိုင်ငံမှ သို့ လေယာဉ်ဖြင့် ပြန်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

“တချို့ မြန်မာအလုပ်သမားတွေက  ပြန်ချင်တယ်။ ဒါပေမယ့် အလုပ်ရှင်က ပတ်စ်ပို့ စာအုပ် ယူထားတာမျိုးဆိုရင်၊ ပတ်စ်ပို့ စာအုပ် မိတ္ထူကို ပြနိုင်တာနဲ့ CI (ယာယီသက်သေခံလက်မှတ်) ထုတ်ပေးမယ်လို့ ပြောပါတယ်။ နောက်ဆုံး မြန်မာနိုင်ငံ အဝင်မှာပါ အဆင်ပြေအောင်၊ မြန်မာကို ဝင်ရင် ပိုက်ဆံတောင်းတာတွေ ဘာတွေ မဖြစ်အောင် တခါတည်း လုပ်ပေးမယ်။ မလေးကနေ လေယာဉ်နဲ့ တင်ပေးလိုက်ပြီ၊ ဘယ်နှစ်ယောက်၊ အဲဒါကို သံရုံးက တခါတည်း စာထုတ်ပေးလိုက်မယ်လို့  ဒုဝန်ကြီး ပြောပါတယ်” ဟု နိုင်ငံခြားရေး ဒုဝန်ကြီး ဦးဇင်ယော်နှင့်တွေ့ဆုံပွဲတက်ရောက်ခွင့်ရရှိခဲ့သူ မလေးရှားနိုင်ငံတွင် ထုတ်ဝေသော ခေါင်းလောင်းသံ ဂျာနယ်မှ ဦးညီညီက ပြောသည်။

မလေးရှားနိုင်ငံတွင် လတ်တလော အကြမ်းဖက်ခံရမှုကြောင့် ဆေးရုံတက်နေရသူများ၊ ပဋိပက္ခဖြစ်ပွားခဲ့သော ဆာလာရမ်း (Sealyang) ဒေသမှ မြန်မာအလုပ်သမားများနှင့် မလေးရှားအစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံသားများကို ဦးစားပေး အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် မလေးရှားရောက် လူမှုအဖွဲ့အစည်းများက ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

“ဆေးရုံတက်နေတဲ့ မြန်မာကောင်လေး တစ်ယောက်က သူ့မှာ မှတ်ပုံတင်တောင် မရှိပါဘူး။ ဒါပေမယ့် တကယ် ကိုယ့် နိုင်ငံသား ဖြစ်နေတဲ့အတွက် ဒီလို လူမျိုးကိုတော့ ဖြစ်အောင် လုပ်ပေးမယ် လို့ အလုပ်သမား ဒုဝန်ကြီးက ပြောပါတယ်” ဟု ဦးညီညီက ဆိုသည်။

မလေးရှားရှိ  မြန်မာများအရေးဆောင်ရွက်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်ယော် ဦးဆောင်သော အစိုးရ ကိုယ်စားလှယ် အဖွဲ့ယမန်နေ့  ညနေပိုင်းက ရန်ကုန်လေဆိပ်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာ ခဲ့ပြီး အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက  တရားမဝင်သည် ဖြစ်စေ၊ တရားဝင်သည် ဖြစ်စေ မြန်မာနိုင်ငံသား အားလုံးကို ကူညီမည်ဟု ရန်ကုန်လေဆိပ်တွင် သတင်းမီဒီယာများ နှင့်တွေ့ဆုံစဉ် ထုတ်ဖော် ပြောဆိုခဲ့သည်။

နိုင်ငံတော် သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က “တရားမဝင်ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံက စစ်ဆေးထိန်းသိမ်းထားတဲ့ သူတွေဆိုရင်တော့ နိုင်ငံသားဟုတ်၊ မဟုတ် အထောက် အထားတွေစိစစ်ပြီး မြန်မာနိုင်ငံ တွင်းမှာလည်း  အထောက်အထားရယူတာတွေ လုပ်ပြီးမှ လက်ခံမှာ ပြန် ဖြစ်ပါတယ်။ အခြားတရားမဝင် ရောက်ရှိလုပ်ကိုင်နေသူများဆိုရင်လည်း သံရုံးမှာ စိစစ်ရမယ့် လုပ်နည်းစနစ် ရှိပြီးသားဖြစ်ပါတယ်။ အဲဒီအတိုင်းစိစစ်မှာပါ” ဟု  ဧရာဝတီသတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားသည်။

မလေးရှားမှ ပြန်လည်ဝင်ရောက်လာသူများကို စိစစ်လက်ခံခြင်းသည် ဘင်္ဂလီများနှင့် မဆိုင်သည့် အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နှင့် ပူးပေါင်းရန် မလိုဟု ဦးရဲထွဋ်က ဆက်ပြောသည်။

အကြမ်းဖက်မှုများကြောင့် ထိတ်လန့်နေရသော မလေးရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်လာနိုင်ရေးအတွက် မြန်မာလုပ်ငန်းရှင်ကြီးများက အလှူငွေများ ထည့်ဝင်လျှက်ရှိပြီး လေကြောင်းလိုင်းများကလည်း ဈေးလျှော့ချခြင်းနှင့် နေထိုင်ရာ နေရပ်ပြန်လည်ရောက်ရှိသည်အထိ ပြည်တွင်းလေကြောင်းလိုင်းများတွင် အခမဲ့စီးနင်းခွင့်ပြုမည်ဆိုသော အစီအစဉ်များ ဆောင်ရွက်ပေးမည်ဟု တရားဝင်သတင်းထုတ်ပြန်ကြေညာနေကြသည်။

တချို့ လုပ်ငန်းရှင်ကြီးများကမူ မလေးရှားမှ ပြန်လာသော မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်ပါ စီစဉ်ပေးမည်ဟု ပြောဆိုသော်လည်း မည်သို့သော အလုပ်အကိုင်ပေးမည်၊ လစာမည်မျှ ပေးမည်ဆိုသော တိကျရေရာသည့် သတင်းထုတ်ပြန်မှုမျိုး ပြုလုပ်ခြင်းမရှိပေ။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
4
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
2
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
6

မလေးရှားတွင် မြန်မာနိုင်ငံသားအချို့ အကြမ်းဖက် သတ်ဖြတ်ခံရမှု အချို့ရှိသော်လည်း မြန်မာအလုပ်သမားအများစုမှာ နေရပ်မပြန်လိုကြဟု မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများထံမှ သိရှိရသည်။

“ပြန်မဲ့သူတော့ နည်းပါတယ်။ ဒီမှာ ဒီလောက်ကြီး အကြီးကြီး ဖြစ်နေတာ မဟုတ်ပါဘူး။ ဖြစ်တာက  တနေရာ၊ နှစ် နေရာလောက်မှာ ဖြစ်ပြီးတော့ မီဒီယာတွေကလည်း ဖွ၊ တာဝန်ရှိသူတွေ ကလည်း လာ၊ လူမှုကွန်ရက်တွေမှာလည်း ဖွတော့ မသိတဲ့သူဆိုရင် သိပ်ဆိုးဝါးတယ်လို့ ထင်ကြမှာ” ဟု ကပုန်းနာရေးကူညီမှုအသင်းမှ အဖွဲ့ဝင် မြန်မာအလုပ် သမားတဦးက ပြောသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် မေလ ၃၀ ရက်နေ့မှစ၍ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု ခံနေရပြီး ယနေ့အထိ သေဆုံးသူ အနည်းဆုံး စုစုပေါင်း ၆ ဦး ရှိပြီ ဖြစ်ကြောင်း မလေးရှားအခြေစိုက် ကပုန်းနာရေးကူညီမှု အသင်း ထံမှ သိရှိရသည်။

Your Thoughts …
Tags: MalaysiaMigrant Workers
နန်းသီရိလွင်

နန်းသီရိလွင်

ဧရာဝတီ

Similar Picks:

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

by မြတ်စုမွန်
28 March 2013
3.7k

“အရင်နှစ်တွေက ဆိုရင် မယ်တော်ဆေးခန်းမှာ သွေးစစ်တာနဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့ လူဦး ရေက တနှစ်မှာ အသစ်၂၀၀ တွေ့ခဲ့တယ်။ အခုနောက်ပိုင်း တနှစ်ကို လူနာအသစ် ၃၅၀ လောက်ထိ တိုးလာတယ်”

ရွှေ့ပြောင်းအလုပ်သမား, ပန်းရောင်ကတ်

ထိုင်းနိုင်ငံရှိ အလုပ်သမားများအား တနှစ်သက်တမ်းရှိ ပန်းရောင်ကတ်များ ထုတ်ပေးမည်

by ခင်ဦးသာ
27 March 2015
5.1k

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ အပါအ၀င် ရွှေ့ပြောင်း အလုပ်သမားများအား တနှစ်သက်တမ်းရှိသော ယာယီနေထိုင်ခွင့် နှင့်အလုပ် လုပ်ကိုင်ခွင့် ရှိသည့် ပန်းရောင်ကတ်များကို ဧပြီ လ ၁ ရက်နေ့မှ စ၍ လုပ်ဆောင် ပေးမည်ဟု သိရသည်။

ရွှေပြောင်း အလုပ်သမား, ယာယီနိုင်ငံကူး လက်မှတ်, သာမန်နိုင်ငံကူး လက်မှတ်, ထိုင်း နိုင်ငံ, မြန်မာနိုင်ငံ, အလုပ်လုပ်ကိုင်ခွင့် လက်မှတ်

ထိုင်းရောက် မြန်မာ အလုပ်သမားတွေ ရင်ဆိုင်ရမယ့် နိုင်ငံကူး လက်မှတ်သစ်

by ကျော်ခ
22 March 2014
5.7k

အရင်ဟာက ယာယီနိုင်ငံကူး လက်မှတ်၊ အခု ဟာက သာမန်နိုင်ငံကူး လက်မှတ် ဆိုတာ စာအုပ်ကြီးပေါ့၊ ပြောင်းလိုက် ရတဲ့ ရည်ရွယ် ချက်ကတော့ သံအမတ်ကြီး ပြောတဲ့ အတိုင်းပဲ အထောက် အထား ခိုင်မာချင်လို့ပေါ့

အမှိုက်ပုံကို မစွန့်နိုင်သေးသူများ

အမှိုက်ပုံကို မစွန့်နိုင်သေးသူများ

by မြတ်စုမွန်
28 March 2013
4.6k

နှစ်နိုင်ငံ သဘောတူညီ ချက်ဖြင့် ရွှေ့ပြောင်း လုပ်သားများ အတွက် ယာယီ နိုင်ငံကူး လက်မှတ်များ ပြုလုပ်ပေးနေသည် ဆိုသော်လည်း ၀င်ငွေနှင့် ထွက်ငွေကြား အပိုစုဆောင်းရန် မလုံလောက်သည့် သူတို့ဘ၀ အတွက်တော့ အလှမ်းကွာနေဆဲ ဖြစ်သည်

ချာလင် လီ နှင့် စတီဗင် ချန်း / Karim Raslan

တရုတ်မျိုးနွယ်စု တခု၏ နှစ်သစ်ကူးနှင့် အနာဂတ် အိပ်မက်

by Karim Raslan
28 January 2017
53.8k

“ကျနော့် သမီးလေးတွေ ဘေးကင်းလုံခြုံ ရေးအတွက် ဒေသခံ လုံခြုံရေးတွေကို တလကို မလေးရှား ရင်းဂစ် ၁၅၀ ကနေ ၂၀ဝ လောက်အထိ ပေးနေရတယ်” ဟု စတီဗင် ချန်း က ကျနော့်ကို ပြောပြသည်

Teo Seng Chan, Song Singha, သာသာရေး, ဗုဒ္ဓ, ယမကာ, ရွှေတိဂုံစေတီ,

ရွှေတိဂုံစေတီပုံပါ မလေးရှားအရက် ကန့်ကွက်လာနေ

by ဧရာဝတီ
21 April 2015
29.7k

Song Singha အထူး အရက် ပုလင်းများတွင် ရွှေရောင် တောက်ပနေသည့် မြန်မာတို့ အထွဋ်အမြတ် ထားသော ရွှေတိဂုံစေတီပုံများ ကပ်နှိပ်ထားခြင်း ဖြစ်သည်။

Next Post
ပဋိပက္ခ နောက်ကွယ်မှာ ဘယ်သူ ကြိုးကိုင်နေလဲ

ပဋိပက္ခ နောက်ကွယ်မှာ ဘယ်သူ ကြိုးကိုင်နေလဲ

၉၆၉ တရားပွဲများ အပြီး ပဋိပက္ခ ဖြစ်မည်ကို တောင်ကြီးဒေသခံများ စိုးရိမ်

၉၆၉ တရားပွဲများ အပြီး ပဋိပက္ခ ဖြစ်မည်ကို တောင်ကြီးဒေသခံများ စိုးရိမ်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved