• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်ယွက်စစ် ပြော

by နန်းသီရိလွင်
14 June 2013
in သတင်း
A A
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်ယွက်စစ် ပြော

မြန်မာနိုင်ငံမှ ဘိန်းခင်းတခု (ဓာတ်ပုံ – UNODC)

2.7k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ အနေဖြင့် ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာအစိုးရ၊ ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့တွင် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်သည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNODC) မှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Jason Eligh နှင့် ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း တွေ့ဆုံအပြီး ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယခင်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် အစိုးရနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီတို့ သဘော တူညီချက်များ ရှိသော်လည်း တိုက်ပွဲများ တလျှောက်လုံး ဖြစ်ပွား နေသည့်အတွက် အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ယခု အပစ်အခတ် ရပ်စဲ ထားချိန်တွင် ဘိန်းတိုက်ဖျက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးနိုင်ရေးတို့ကို အာရုံစိုက် လုပ်ဆောင်သွားမည်ဟု ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ဆိုသည်။

မြန်မာနိုင်ငံမှ ဘိန်းခင်းတခု (ဓာတ်ပုံ – UNODC)

“အရင်က  မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ အစိုးရနဲ့ သဘောတူညီ ထားခဲ့တာတွေက စက္ကူပေါ်မှာပဲ ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သဘောတူညီချက် တွေကို အကောင်အထည် ဖော်ဖို့ ကျနော်တို့ လာပြီးဆွေးနွေးတာပါ။ ကျနော်တို့ တလျှောက်လုံး မြန်မာစစ်တပ်နဲ့ တိုက်ပွဲဝင် နေရပါတယ်။ ပြည်သူလူထု အတွက် ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ အခု ကျနော်တို့ အပစ်ရပ်ထားပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးတွေ၊ ဘိန်း အစားထိုး စိုက်ပျိုးနိုင် ဖို့တွေ ကျနော်တို့ အာရုံစိုက် နေပါတယ်။ အခု လောလောဆယ် မှာကို UNODC နဲ့ ပူးပေါင်း ပြီးတော့ မိုးနဲနဲ့ မိုင်းပန်မြို့တွေမှာ ဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်နေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွင် ရှမ်းပြည်နယ်သည် အများဆုံး ပါဝင်ပတ်သက်နေပြီး စိုက်ပျိုး ဧရိယာ ကျယ်ပြန့်ခြင်း၊ ဘိန်းစိုက်ပျိုးမှု အပေါ် မှီခိုနေရသည့် လူဦးရေ များပြားခြင်း၊ ဘိန်းစိုက်ပျိုးမှုတွင် လက်နက်ကိုင် အဖွဲ့အစည်း များ ပါဝင် ပတ်သက်နေခြင်း စသည်တို့ကြောင့် မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းရာတွင် အခက်အခဲများ ကြုံတွေ့ နေရကြောင်း၊ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တဖြည်းဖြည်း ပြန်လည် မြင့်တက်လျက် ရှိရာ ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး ကို ချက်ချင်း အကောင်အထည် ဖော်နိုင်ရန် ခက်ခဲကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr.Jason Elighက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
292
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
42

“UNODC အနေ နဲ့ အစိုးရမှာ ရှိနေတဲ့ သက်ဆိုင်ရာဌာနတွေကို အကောင်းဆုံး အထောက်အပံ့ပေးဖို့ အမြဲတမ်း အဆင်သင့် ရှိနေပါတယ်။ မူးယစ်ဆေးဝါး ပပျောက်ရေးမှာ ပူးပေါင်း ပါဝင်မယ့် အဖွဲ့အစည်းတွေ ကိုလည်း အားပေးသွားမှာပါ။ ဘိန်းစိုက် တောင်သူတွေရဲ့ အစားအစာနဲ့ လုံခြုံရေးက  အရေးအကြီးဆုံး ဖြစ်နေပါတယ်။ လုံခြုံရေး ဆိုတဲ့ နေရာမှာ စားဖို့၊ ရေ၊ ပညာရေး၊ ကျန်းမာရေးတွေ အားလုံး ပါဝင်ပါတယ်။ ဆိုးသွမ်း မိုက်မဲလို့ ဘိန်း စိုက်ပျိုးနေတာ မဟုတ်ပါဘူး။ စားစရာ မရှိလို့ ဘိန်းစိုက်နေတာပါ။ သူတို့အတွက် အစားအစာ၊ ရေ၊ ပညာရေး၊ ကျန်းမာရေးတွေ ဖြည့်ဆည်း ပေးရပါမယ်။ ဘိန်း အစားထိုး သီးနှံတွေ ရောင်းဖို့ ဈေးကွက် ဖန်တီးပေးရပါမယ်။ အဲဒီလို ထိထိရောက်ရောက် လုပ်နိုင်ဖို့ဆိုရင် အပစ်အခတ်တွေ အားလုံး လုံးဝ ရပ်စဲဖို့ လိုနေပါတယ်။ ဒါမှပဲ ကျနော်တို့ အဖွဲ့တွေ အားလုံး ဝင်ရောက် ကူညီနိုင်မှာ ဖြစ်ပါတယ်” ဟု Mr.Jason Elighက ဆိုသည်။

UNDOC အနေဖြင့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေး လုပ်ဆောင်ရာ၌ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ကဲ့သို့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိကိုမူ Mr.Jason Eligh က ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် ပြီးလျှင် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် ဆက်လက် တည်ရှိနေကြောင်း၊ တကမ္ဘာလုံး၌ မူးယစ်ဆေးဝါး သုံးစွဲသူပေါင်း ၂၇ သန်းခန့်ရှိပြီး တနှစ်လျှင် သုံးစွဲသူ၏ ၁ ရာခိုင်နှုန်း နီးပါး သေဆုံးမှု ရှိကြောင်း၊ ဘိန်းဖြူနှင့် ကိုကင်းသုံးစွဲမှုကြောင့် တနှစ်လျှင် လူ ၂ သိန်း ဝန်းကျင် သေဆုံးမှုရှိကြောင်း UNODC ၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု သည် ကမ္ဘာပေါ်တွင် ဒုတိယအဆင့် ရှိနေပြီး ဘိန်းစိုက်ပျိုးမှုကို မှီခိုနေရသည့် မိသားစုပေါင်း ၃ သိန်းကျော် ရှိနေကြောင်း UNODC ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Your Thoughts …
Tags: DrugShan State
နန်းသီရိလွင်

နန်းသီရိလွင်

ဧရာဝတီ

Similar Picks:

ချောင်းဆိုးပျောက်ဆေး, မူးယစ်ဆေး , Dextro Tablet , ကျောင်းသား လူငယ် , ပုသိမ်

ချောင်းဆိုးပျောက် ဆေးကို မူးယစ်ဆေးအဖြစ် ပုသိမ်က လူငယ်တချို့ သုံးစွဲနေ

by ဆလိုင်းသန့်စင်
21 August 2014
9.2k

Dextro Tablet ခေါ် ချောင်းဆိုး ပျောက်ဆေး လုံးများကို မူးယစ်ရီဝေ စေရန်အတွက် အလုံးရေများစွာ သောက်သုံး၍ မူးယစ်ဆေး သဖွယ် အသုံးပြု နေခြင်းများ တွေ့ရှိရကြောင်း

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

by ရန်ပိုင်
8 July 2013
7k

ကိုးကန့် စော်ဘွားရဲ့ ကာကွယ်ရေး တပ်အရာရှိဟောင်း တဦးဖြစ်တဲ့ ဦးလော်စစ်ဟန်ဟာ ဗမာ ပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကို ဖြိုခွဲရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူ ဖြစ်ပြီး မြန်မာစစ်တပ် အရာရှိကြီးတွေနဲ့ နီးစပ်ခဲ့သူ လည်းဖြစ်ပါတယ်။

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

by ကိုဖိုးသား (တောင်ကြီး)
2 February 2013
10.2k

အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော် စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင် တဦးက ပြောသည်။

Next Post
စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ ခန့်အပ်

စစ်အရာရှိများကို ရေကြောင်းနှင့် လေကြောင်း ရဲတပ်ဖွဲ့တွင် ပြောင်းရွှေ့ ခန့်အပ်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကြောင့် ရန်ကုန် စက်မှုဇုန်မြေ ကျပ်သိန်းသောင်းချီ ဈေးတက်

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကြောင့် ရန်ကုန် စက်မှုဇုန်မြေ ကျပ်သိန်းသောင်းချီ ဈေးတက်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved