• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အိန္ဒိယရှိ ဗုဒ္ဓဘာသာ နယ်မြေများနှင့် မြန်မာများ လုံခြုံရေး အစိုးရ စီစဉ်မည်

by လင်းသန့်
8 July 2013
in သတင်း
A A
အိန္ဒိယရှိ ဗုဒ္ဓဘာသာ နယ်မြေများနှင့် မြန်မာများ လုံခြုံရေး အစိုးရ စီစဉ်မည်

ဇူလိုင်လ ၇ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာ၌ ဗုံးကွဲမှုများ ပေါ်ပေါက်ပြီးနောက် မဟာဗောဓိ ကျောင်းတော်ရာအတွင်း စောင့်ကြပ်နေသော အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်တဦးကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)

3k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယ နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ ဘာသာရေးအရ အထွဋ်အမြတ်ထားရာ နေရာများနှင့် အိန္ဒိယရောက် မြန်မာများ၏ လုံခြုံရေး ဆိုင်ရာ အစီအစဉ်များအတွက် အစိုးရ တာဝန်ရှိသူများ ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် ယမန်နေ့က ဗုံးများ ဆက်တိုက် ပေါက်ကွဲမှုကြောင့် မြန်မာ ရဟန်းတပါးနှင့် အမျိုးသားတဦး ဒဏ်ရာရရှိမှု ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ အစီအစဉ် ဖြစ်ပေါ်လာရကြောင်း သမ္မတ ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပြောသည်။

“အိန္ဒိယနိုင်ငံမှာ သတင်းသုံးနေတဲ့ မြန်မာရဟန်းတော်များ၊ မြန်မာနိုင်ငံသားများ၊ နောက် ဗုဒ္ဓဘာသာဝင်တွေ ဘာသာ ရေး အရ အထွဋ်အမြတ်ထားရာနေရာများရဲ့ လုံခြုံရေး ကိစ္စတွေအတွက် အိန္ဒိယနိုင်ငံအစိုးရ၊ သက်ဆိုင်ရာ ပြည်နယ် အစိုးရများနဲ့လည်း ကျနော်တို့ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လျက်ပဲ ရှိပါတယ်။ လောလောဆယ် အဲဒီလောက်ပဲ ရှိပါသေး တယ်”ဟု သူက ဧရာဝတီကို ပြောပြသည်။

ယခုအခါ နယူးဒေလီမြို့ရှိ မြန်မာသံရုံးနှင့် သာသနာရေးဝန်ကြီးဌာနကလည်း ဒဏ်ရာရ ရဟန်းတော်၏ မိသားစုကို ဆက် သွယ် ကူညီရန် ပြင်ဆင်နေကြောင်း ဦးရဲထွဋ်က ဆက်ပြောသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဗုဒ္ဓဂယာ၌ ၂ မိနစ်ခြားစီ ပေါက်ကွဲမှု ၉ ခု ဖြစ်ပွားသည်ဟု အိန္ဒိယ သတင်းများတွင် ဖော်ပြထားသည်။

ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်ဝင်း ရှိ မဟာဗောဓိညောင်ပင် အောက်၊ ရတနာဃရ သတ္တာဟ ၊ အနိမိတ္တသတ္တာဟ၊ ဂျပန်ဘုရားကြီး ကမာကူရ ဆင်း တုတော် အနီး၊ တိဗက်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တို့တွင် ပေါက်ကွဲခဲ့ကြောင်း၊ ကမာကူရ ဆင်းတုတော် အနီးတွင် မပေါက်ကွဲသေးသည့် အခြားဗုံး ၁ လုံးကို တွေ့ရှိရကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင်လည်း ဖော်ပြထားသည်။

မဟာဗောဓိ စေတီတော်သည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) က ကမ္ဘာ့ ယဉ်ကျေးမှု သမိုင်းဝင် အဖြစ် အသိအမှတ်ထားသည့် နယ်မြေတခု ဖြစ်သည်။

ဘီဟာပြည်နယ် ရဲချုပ် က“မဟာဗောဒီ ညောင်ပင်ကတော့ ဘာမှ မဖြစ်သွားခဲ့ပါဘူး၊ ပျက်စီးထိခိုက်မှုလည်း မရှိပါဘူး” ဟု ပြောကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြသည်။

ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့ကြသော မြန်မာရဟန်းတော် ပါရဂူဘွဲ့အတွက် စာတမ်း ပြုစုနေသည့် သက် တော် ၂၇ နှစ် ဝါတော် ၇ ဝါ ရှိ ဦးဝိလာ သက္ကလင်္ကာရနှင့် အသက် ၅၀ အရွယ် တိဗက်လူမျိုးတို့ကို ဗုဒ္ဓ ဂယာဆေးရုံမှ တဆင့် ပတ္တနာ ဆေးရုံသို့ ပို့ဆောင်ကုသ ပေးနေရကြောင်းလည်း အစိုးရ သတင်းစာများ၌ ပါရှိသည်။

“ကျနော်တို့ဘက်ကတော့ ဖြစ်စဉ်တွေ၊ အကြောင်းအရင်းမှန်တွေသိရအောင် သက်ဆိုင်ရာနိုင်ငံနဲ့ ပူးပေါင်းဆောင် ရွက် နေပါတယ်။ ကျနော်တို့ကတော့ ဒါမျိုးတွေမဖြစ်အောင် ကာကွယ်တားဆီးရမယ်၊ ဖြစ်လို့ရှိရင်လည်း ပြစ်မှု ကျူးလွန် တဲ့ လူကိုပဲ ဖမ်းမိဖို့လည်း လိုတာပေါ့၊ ဒီမှာဖြစ်လို့ဆိုပြီး ကျန်တဲ့လူတွေကို လွွဲမှားတဲ့ တုံ့ပြန်မှုတွေ မလုပ်ဖို့လိုတယ်”ဟု ဦးရဲထွဋ်က ပြောဆိုသည်။

ဦးဝိလာသက္ကလင်္ကာရ၏ အတူနေ မြန်မာရဟန်းတော် အရှင်ကုမုဒ(ဗောဓိတထောင်) ကလည်း ယခု တိုက်ခိုက်မှုများသည် မြန်မာရဟန်းတော်များကို ပစ်မှတ်ထားတိုက်ခိုက်မှု မဟုတ်ကြောင်း၊ ဒဏ်ရာရ ရဟန်း၏အခြေအနေ ကောင်းမွန် လျက် ရှိကြောင်းနှင့် တချို့သော ပြဿနာဖြစ်စေမည့် ချဲ့ကားပြောဆိုမှုများ မလုပ်ရန် ၎င်း၏ လူမှုကွန်ရက် အင်တာနက် စာမျက်နှာမှ တဆင့် တိုက်တွန်း နှိုးဆော်မှုပြုလုပ်သည်ကို တွေ့ရှိရသည်။

“အမျိုးမချစ်တဲ့ မျက်ကန်းတွေကြောင့် တိုင်းပြည်နှင့်လူမျိုး သိက္ခာ ကျစေနိုင်သလို မျက်ကန်းမျိုးချစ်တွေကြောင့်လည်း တိုင်းပြည်နှင့်လူမျိုး အဖတ်ဆယ် မရအောင်ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဘယ်အရာမဆို မိမိတို့ တိုင်းပြည်ရဲ့ ယနေ့ ရောက်ရှိနေတဲ့ ခေတ်အခြေနေ၊ စနစ်အခြေနေတွေနှင့် မျက်မှောက်ကမ္ဘာကြီး၏ ပကတိအခြေနေမှန်များကို ကိုယ်ပိုင် ဉာဏ်နဲ့သုံးသပ်ပြီး မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့်အတိုင်း မဇ္ဈိမပဋိပဒါ လမ်းစဉ်အတိုင်း ကျင့်သုံး နေထိုင်ခြင်းကသာ မိမိနှင့် မိမိတိုင်းပြည်အတွက် အကျိုးရှိမည်ဟု စဉ်းစားသုံးသပ်မိပါကြောင်း”ဟုလည်း ၎င်းက ဆိုသည်။

အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟန်ဆင်းမ်ကမူ ယမန်နေ့က ပေါက်ကွဲမှုဖြစ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး UNESCO အဖွဲ့ကြီးက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားသော ဘာသာရေးနှင့် သက်ဆိုင်သည့် နေရာများကို အလားတူ တိုက်ခိုက်မှုမျိုးလုပ်လာပါက မည်သို့မျှ သည်းခံမည် မဟုတ်ကြောင်း ပြောဆို သတိပေးသည်။

အိမ်လုပ်ဗုံးဟု ယူဆရသည့် အရာများနှင့်ပထမဆုံး ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲကျော်က ဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှု၏ လက်သည် တရားခံကို ယခုအထိမည်သူကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရ သည်။

အိန္ဒိယ လက်ထောက်ပြည်ထဲရေး ဝန်ကြီးက ယခုကိစ္စသည်အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်မှာ ထင်ရှားကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ အပူတပြင်း လုပ်ဆောင်နေကြောင်း သတင်းထောက်များကို ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
109
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာဒေသသည် ကမ္ဘာတဝန်းမှ ခရီးသွားများနှင့် ဗုဒ္ဓဘာသာဝင်တို့အား ဆွဲဆောင် မှုအားကောင်းသော နေရာဒေသတခုလည်း ဖြစ်သည်။

လက်ရှိအခြေအနေအရ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဂယာ အနီးတဝိုက်၌ အိန္ဒိယ အာဏာပိုင်များက လုံခြုံရေး တင်းကျပ် ထားကြောင်း သိရသည်။

နယူးဒေလီမြို့ရှိ ရဲ ဌာနက အိမ်နီးချင်း မြန်မာနိုင်ငံတွင် မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင် တို့အကြား အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့မှုကြောင့် အိန္ဒိယရှိ မူဂျာဟစ်ဒင် အုပ်စု အစ္စလမ် စစ်သွေးကြွများ က ဗုဒ္ဓဘာသာ၏ အထွဋ်အမြတ် ထားရာ ဗုဒ္ဓဂယာကို ပစ်မှတ်တခုအဖြစ် ထားလာနိုင်သည်ဟု ဒေသအာဏာပိုင်များကို ပြီးခဲ့သည့် ဆောင်းရာသီက သတိ ပေး ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန က ဖော်ပြထားသည်။

Your Thoughts …
Tags: BombBuddhismIndia
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

မိတီ္ထလာက အမုန်းမီးတောက်များ

မိတီ္ထလာက အမုန်းမီးတောက်များ

by ဂျေဆင်ဇပ်
23 April 2013
15.6k

ရွှေဆံညှပ်ပိုင်ရှင် ဒေါ်အေးအေးမြင့်က ခုချိန်ထိ ထိတ်လန့် တုန်လှုပ်နေဆဲ ရှိသေးသည်။ “အသတ်ခံလိုက်ရတဲ့ မူဆလင်တွေ အတွက် ကျမ စိတ်မကောင်းပါဘူး၊ လူတွေအားလုံး တူတူပါပဲ။ ကျမ ဆံညှပ် ကလေးကြောင့် ဘာတွေဖြစ်လာရတယ် ဆိုတာ ကျမ မသိတော့ပါဘူး”

လက်ထပ်ထိမ်းမြားခြင်း အပေါ် ဗုဒ္ဓဘာသာ အမြင်

လက်ထပ်ထိမ်းမြားခြင်း အပေါ် ဗုဒ္ဓဘာသာ အမြင်

by ကေ သီရိ ဓမ္မာနန္ဒ
10 July 2013
7.2k

ဗုဒ္ဓဘာသာဝင် မိသားစုများ အနေဖြင့် ကလေး မဖြစ်မနေ မွေးရမည် သို့မဟုတ် ကလေး အရေအတွက် မည်မျှ မွေးရမည် စသည်ဖြင့် စည်းကမ်း ချမှတ်ထားခြင်းမျိုး မရှိပေ။ ဗုဒ္ဓဘာသာက ၎င်း၏ ဘာသာဝင်တိုင်းကို အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသမျှကို...

အမျိုးသမီးများကို အဓမ္မပြုကျင့်မှု ထိန်းချုပ်လျှော့ချရေး

အမျိုးသမီးများကို အဓမ္မပြုကျင့်မှု ထိန်းချုပ်လျှော့ချရေး

by ညီစောလွင်
9 September 2013
10.2k

ဒီကြားထဲ မုဒိမ်းကျင့်ခံရတယ်လို့ တိုင်ကြားတဲ့ မိန်းကလေးတွေကို ဆရာဝန်တွေက လက်နှစ်ချောင်းနဲ့ မုဒိမ်းကျင့်ခံရတာ တကယ် ဟုတ်မဟုတ်၊ အပျိုဟုတ်မဟုတ် စမ်းသပ်နေတုန်းလို့ ဆိုတယ်။

ဗုံး, နိုင်ငံရေး, KNU, အစိုးရ, ရဲ တပ်ဖွဲ့ , လုံခြုံရေး

သံသယတွေ အပြည့်နဲ့ ဗုံး

by လင်းသန့်
27 October 2013
5k

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်ပိုင်းက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် အပါအ၀င် မန္တလေး၊ စစ်ကိုင်း၊ နမ့်ခမ်း၊ တောင်ငူ စတဲ့ နေရာဒေသတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး အသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။

အာဇာနည်ကုန်း, တောင်ကိုရီးယား, မြောက်ကိုရီးယား, ဗုံးခွဲ, အထိမ်းအမှတ်

အာဇာနည်ကုန်း ဗုံးကွဲမှု အထိမ်းအမှတ် ဆောက်လုပ်ရန် စီစဉ်

by မေစစ်ပိုင်
2 January 2014
4.5k

“အထိမ်း အမှတ်အနေနဲ့ အမှတ်အသား တခု ထားဖို့ နှစ်နိုင်ငံ သဘော တူထားပြီးပြီ၊ အဆောက် အအုံ ပုံစံနဲ့ နေရာကိုတော့ ဆွေးနွေးဆဲပဲ”ဟု ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

နေပြည်တော်တွင် ပုံစံတူ ဗုဒ္ဓဂယာ စတင်ဖွင့်လှစ်

နေပြည်တော်တွင် ပုံစံတူ ဗုဒ္ဓဂယာ စတင်ဖွင့်လှစ်

by ကျော်ခ
19 March 2013
6.3k

မဟာဗောဓိပင် ရွှေပလ္လင်တော်၊ အနိမိသ စေတီတော်၊ ရတနာ စင်္ကြတော်၊ ရတနာဃရ ရွှေအိမ်၊ အဇပါလညောင်ပင်၊ မုဉ္စလိန္ဒာရေကန်နှင့် ရာဇာယတန လင်းလွန်းပင်တို့ကိုလည်း အန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ အတိုင်းပင် တည်ထားကြောင်း ဦးကံချွန်က ပြောသည်။

Next Post
ကမ္ဘာကျော် သီချင်းတွေကို ကိုယ်ပိုင်ဟန်နဲ့ ဆိုပြီး အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ Group Justus နဲ့ …

ကမ္ဘာကျော် သီချင်းတွေကို ကိုယ်ပိုင်ဟန်နဲ့ ဆိုပြီး အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ Group Justus နဲ့ ...

ဗုဒ္ဓဂယာ ဗုံးခွဲမှု ကန့်ကွက် ဆန္ဒပြ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved