• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထန်းကုန်းကျေးရွာ အဓိကရုဏ်းကြောင့် လူ ၁၁ ဦးကို ထိန်းသိမ်းထား

by ဧရာဝတီ
26 August 2013
in သတင်း
A A
ထန်းကုန်းကျေးရွာ အဓိကရုဏ်းကြောင့် လူ ၁၁ ဦးကို ထိန်းသိမ်းထား

ထန်းကုန်းကျေးရွာတွင် လူမျိုးရေး ဘာသာရေး အဓိကရုဏ်း ဖြစ်ပြီးနောက် မီးလောင်ကျွမ်းခဲ့ရသည် နေအိမ် အဆောက်အဦးပျက်များ အကြားတွင် တွေ့ရသော ကလေးငယ်တဦး (ဓာတ်ပုံ - Reuters / စိုးဇေယျာထွန်း)

4.1k
VIEWS
Share on FacebookShare on Twitter

မြန်မာပြည် အလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ်ရှိ ထန်းကုန်းကျေးရွာတွင် ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သဖြင့် လူ ၁၁ ဦးကို ထိန်းသိမ်းလိုက်ကြောင်း ဒေသခံအာဏာပိုင်များက ဧရာဝတီကို ပြောသည်။

“အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့ လူ ၁၁ ဦးကို ထိန်းသိမ်းထားတယ်။ အသေးစိတ် ကတော့ စုံစမ်းဆဲမို့ မပြောနိုင်သေးဘူး” ဟု ထန်းကုန်း ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

သြဂုတ်လ ၂၄ ရက်နေ့က လူ့အဖွဲ့စည်း နှစ်ခုအကြား ထွက်ပေါ်လာသော ကောလာဟလ သတင်းများကြောင့် ထန်းကုန်း ကျေးရွာတွင် ဘာသာရေး ပဋိပက္ခ အသွင်ဆောင်သည့် မီးရှို့မှုများ ဖြစ်ပွားခဲ့သည်။

ယင်းနေ့ ညနေ ၆ နာရီခွဲက လူနေအိမ်များနှင့် ဆိုင်ခန်းများ မီရှို့ဖျက်ဆီးခြင်း၊ တုတ်၊ ဓားလက်နက်များ၊ လောက်စာလုံးများ၊ ဂျင်ကလိများနှင့် အပြန်လှန် ပစ်ခတ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

အကြောင်းရင်းမှာ ထန်းကုန်းမြို့ ဆံပင်စက်ရုံသို့ လာရောက် အလုပ်လုပ်သော ဇီးပင်သာ ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မိန်းကလေး ညနေ အလုပ်သိမ်းချိန် စက်ဘီးနှင့် အိမ်အပြန်တွင် အသက် ၁၇ နှစ်အရွယ်ရှိ ဘာသာခြား အမျိုးသား တဦးက သမီးရည်းစား စကားပြောပြီး လက်ဆွဲသည့် ကိစ္စမှ စတင်ခဲ့ခြင်းဟု သိရသည်။

သို့ရာတွင် သြဂုတ် မွတ်စလင်တဦးက မြန်မာမိန်းကလေး တဦးကို လူပြတ်သည့် နေရာတွင် လက်ဆွဲ၍ ခြုံထဲသို့ ဆွဲခေါ် သွားခဲ့ပြီး အဓမ္မ ပြုကျင့်သည်ဆိုသော ကောလာဟလ သတင်း ထွက်ပေါ် ပြန့်နှံ့သွားသဖြင့် ရွာသားများက မခံနိုင် သောကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

“ဖြစ်ရပ်အားလုံးကို ကျနော်တို့ သေသေချာချာ စစ်ဆေး မေးမြန်းပြီးပါပြီ။ အမျိုးသမီးကို အဓမ္မ ပြုကျင့်တယ်ဆိုတာ မဟုတ် ပါဘူး။ နောက်ပြီး အစ္စလမ် ဘာသာဝင် အမျိုးသား ၃ ဦးဆိုတာလည်း လုံး၀ မဟုတ်ပါဘူး။ ဒီလို ကောလာဟလ တွေကြောင့် အခုကိစ္စက ပိုမို ကြီးထွားသွားတာပါ။ ဖြစ်ဖြစ်ချင်း အခြေနေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးကြည်နိုင်က ဧရာဝတီကို ပြောသည်။

ကောလာဟလ သတင်း ထွက်ပေါ် လာပြီးနောက် ထန်းကုန်းတိုက်နယ် အတွင်းရှိ ကျေးရွာများမှ သံဃာနှင့် လူအင်အား တထောင်ခန့်က နယ်မြေခံ ထန်းကုန်း ရဲစခန်းသို့ စုဝေး ရောက်ရှိလာကာ ထိန်းသိမ်းထားသည့် တရားခံအား ထုတ်ပေးရန် တောင်းဆိုခဲ့ပြီးနောက် ရဲစခန်းမှ ထုတ်မပေး ခဲ့သောကြောင့် ယခုကဲ့သို့ မီးရှို့မှုများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

“ရဲစခန်းမှာ သွားပြီးတော့ တရားခံကို ထုတ်ပေးဖို့ ဘုန်းကြီးတချို့က ဦးဆောင်ပြီး ညှိနှိုင်းတယ်။ ရဲကလည်း တရားခံကို ကန့်ဘလူပို့လိုက်ပြီ၊ မရှိတော့ဘူးလို့ ငြင်းတာကို လက်မခံဘဲ အဲဒီလူစုက အနီးမှာ ရှိတဲ့ မွတ်စလင်ဆိုင်ခန်း ၉ ခုကို စဖျက်ကြတယ်။ မဟာနန္ဒာ ကန်တော်ရဲ့ အရှေ့ဘက်က မူးဘောင်နားမှာ စဖျက်တာ။ နောက်ကြက်ခြံတွေ အဖျက်ခံရတယ်။ မီးလည်း အရှို့ခံရတယ်။ ဗမာတွေ ပိုင်တဲ့ ဂိုဒေါင်တလုံးတောင် မီးထဲပါသွားတယ်” ဟု ကန့်ဘလူဒေသခံ ကိုတင်နိုင်ထွန်းက ရှင်းပြသည်။

ပြဿနာ စတင်စေခဲ့သူမှာ အသက်မပြည့် သေးသည့်အပြင် မှတ်ဉာဏ်အား ချို့ယွင်းလျှက် ရှိနေသည်ဟု သိရသည်။

“ကလေးက အရဗီ ကျောင်းမှာ ဆရာ၊ ဆရာမတွေက ဉာဏ်ရည်မပြည့်လို့ဆိုပြီး ကျောင်းထုတ်ထားတာ တနှစ်လောက် ရှိပါပြီ။ အဲဒီနေ့ကလည်း ကျမက ကလေးကို အိမ်မှာထားပြီး လယ်ထဲဆင်းနေတာ။ နောက်တော့ ရွာထဲမှာ လူအုပ်တွေနဲ့ ဆူဆူညံညံ အသံတွေကြားလို့ အိမ်ပြန်ပြေးတဲ့အခါ ကလေးကို မတွေ့ရတော့ပါဘူး။ နေရာအနှံ့ လိုက်ရှာပေမယ့်လည်း ဘယ်မှာမှ ရှာမတွေ့ ခဲ့ပါဘူး။ နောက်တော့မှ မိန်းကလေးတယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့လို့ ရဲက ဖမ်းသွားတယ် ဆိုတာပဲ သိခဲ့ရပါတယ်။

ရဲစခန်းရောက်တော့ စခန်းကို လူအုပ်ကြီးက ဝိုင်းထားပြီး ကျမ ကလေးကို ထုတ်ပေးဖို့ ဝိုင်းတောင်းဆို နေတာ တွေ့ခဲ့ရတယ်။ တကယ်တော့ ကျမသားလေးက ဦးနှောက်မမှန်ပါဘူး” ဟု လူငယ်၏ မိခင် မမာဦးက ဧရာဝတီသို့ ပြောသည်။

အခင်းဖြစ်ပွားသည့်နေ့ ည ၇ နာရီအချိန်မှ စတင်ပြီး မွတ်စလင်များ နေထိုင်သည့် ထန်းကုန်းအနောက် ကျေးရွာရှိ ကွမ်းယာ ရောင်းချသည့် ဆိုင်ကို စတင် မီးရှို့ခဲ့ကာ၊ ယင်းမှတဆင့် ကြက်ခြံအပါဝင် ဈေးဆိုင်ခန်းများ၊ လူနေအိမ်များ မီးထဲပါသွားခဲ့ပြီး ဒုက္ခရောက်သူ ၂၀၀ ကျော်ရှိသည်။

“မီးလောင်လောင်ခြင်း မီးသတ်ဖို့ ကျနော်တို့ဘက်က ကြိုးစားတယ်။ ဒါပေမယ့် မီးသတ်ကား ရေဖြည့်နေတဲ့အချိန်မှာ မီးသတ်ကားကို ရေမဖြည့်ဖို့ ဝိုင်းတားတာကို ခံရတယ်။ နောက်ပြီး မီးသတ်ကားရဲ့ ရေစုပ်နေတဲ့ ပိုက်တွေကိုလည်း ဓားနဲ့ ခုတ်ပစ်တယ်။ အဲဒါကြောင့် အချိန်မီ မီးမငြှိမ်းနိုင်ခဲ့ဘူး။ အဲဒီလိုလုပ်နေတဲ့ လူတွေကို နောက်ဆုံး ဘယ်လိုမှ ပြောဆိုလို့ မရတာနဲ့ မိုးပေါ် သေနတ်ဖောက်ပြီး လူစုခွဲခိုင်းမှ လူစုကွဲသွားတယ်” ဟု လုံခြုံရေး ဝန်ကြီး ဦးကြည်နိုင်က ပြောသည်။

အခင်း စတင်ဖြစ်ပွားချိန်တွင် နယ်မြေခံရဲများနှင့် ဆရာတော်များ ဝင်ရောက်တားမြစ် ဖျန်ဖြေသော်လည်း ထိရောက်မှု မရှိခဲ့ကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

“ဘုန်းကြီးတို့လည်း ဖြစ်ဖြစ်ခြင်း လူအုပ်ကြီးကို ဝင်တားသေးတယ်။ ဒါပေမယ့် တားလို့ မရခဲ့ဘူး။ ဘုန်းကြီးတောင်မှ ညာဘက် နားမှာ ဂျင်ကလိ မှန်သွားသေးတယ်။ ဒီလိုဖြစ်ဖို့ တာစူနေတာ တော်တော်ကြာပြီ။ ဒီတကြိမ်ဟာ ၃ ကြိမ်မြောက်ပဲ။ အရင် ၂ ကြိမ်ကတော့ တားလို့ ရခဲ့သေးတယ်။ ဒီတကြိမ်ကတော့ ဘယ်လိုမှ တားလို့ မရတော့ဘူး။ မိတ္ထီလာ ဖြစ်စဉ် ဖြစ်သွားကတည်း ဒီဒေသခံ လူတွေကလည်း တုတ်၊ ဓား လက်နက်အပြင် ဂျင်ကလိတွေ စုထားကြတာ။ အခု ဒီဖြစ်စဉ်မှာ အသုံးတည့် သွားတယ် ထင်ပါ့” ဟု ထန်းကုန်း ကျေးရွာရှိ ရွာလယ်ကျောင်းတိုက် ဆရာတော် ဦးစန္ဒာသီရိက မိန့်သည်။

အခင်းဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသော်လည်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားရာ ည ၁၀ နာရီခန့်တွင် လက်ဖက်ရည်ဆိုင်၊ ဆန်ပွဲရုံ တရုံနှင့် ကွမ်းယာဆိုင်တဆိုင် မီးရှို့ဖျက်ဆီးခံရကြောင်း၊ နံနက် ၁ နာရီ ခန့်တွင် အနည်းဆုံး ရာဂဏန်းရှိသော လူများက မွတ်စလင် ရပ်ကွက်များကို ဆက်လက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က
သေနတ်ပစ်ဖောက် လူစုခွဲခဲ့သော်လည်း ဂျင်ကလိများ၊ လောက်လေးခွများဖြင့် ပြန်လည်ခုခံခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ ဒေသခံတဦးထံမှ သိရသည်။

မီးငြိမ်းသတ်ရန် ကြိုးစားနေသော မီးသတ်တပ်ဖွဲ့ဝင်များကိုပါ အန္တရာယ်ပြုရန် ကြိုးပမ်းလာသောကြာင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရပြီး နံနက် ၃ နာရီခွဲခန့်တွင် မီးညွန့်ကျိုးကာ နေအိမ် ၄၄ လုံး၊ ဈေးဆိုင် ၉ ဆိုင်၊ အိမ်ဆိုင် ၄ ဆိုင် မီးရှို့ ဖျက်ဆီး ခံခဲ့ရကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင် တဦးနှင့် တခြားသူတဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
အခင်းဖြစ်ပွားပြီး မကြာမီ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်နှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းရာ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အကြမ်းဖက်မှုများ ပြီးဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မီးရှို့ ဖျက်ဆီးခံရသည့် အထဲတွင် အစ္စလမ် ဘာသာဝင်များ၏ အိမ်ခြေများ အများဆုံးပါဝင်သည်။ ဒုက္ခသည်များကို ထန်းကုန်း ကျေးရွာ အမှတ် ၁ ရပ်ကွက် အာရဗီ အလယ်တန်းကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်ထားသည်။ အကြမ်းဖက် မှုများ ကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်း ၃၀၀ ကျော်ခန့်ရှိကြောင်း ဒေသခံ အာဏာပိုင်များနှင့် ကယ်ဆယ်ရေး ပူးတွဲ ဆောင်ရွက်နေသူ တဦးထံမှ သိရသည်။

“မီးရှို့ခံရတဲ့ အိမ်တွေကို ပြန်လည် ဆောက်လုပ်ဖို့အတွက် ဘိလပ်မြေတို့၊ သံချောင်းတို့ကို ဝန်ကြီးချုပ်ရဲ့ အစီအစဉ်နဲ့ ကျနော်တို့ တွက်ချက်နေပါပြီ။ ကယ်ဆယ်ရေး စခန်းအတွင်းမှာလည်း နေထိုင် စားသောက်တာတွေကို အဆင်ပြေအောင် လုပ်ဆောင်ထားပါတယ်” ဟု လုံခြုံရေးဝန်ကြီး ဦးကြည်နိုင်က ပြောသည်။

သြဂုတ်လ ၂၆ ရက်နေ့တွင် အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ၊ သံဃာတော်များနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသည့် ပုဂ္ဂိုလ်များ စုပေါင်းကာ အထက်ပါ ဖြစ်ရပ်နှင့် ပတ်သက်၍တွေ့ဆုံညှိနှိုင်းရေးများ လုပ်ဆောင်နေပြီ ဖြစ်သည်။

ပြည်ထောင်စု သာသနာရေး ဒုဝန်ကြီး ဦးစိုးဝင်းက “ဘာသာနှစ်ခုမှာ ဖြစ်ပွားနေတဲ့ သံသယတွေကို ပြေလည်သွားအောင် ကျနော်တို့ လုပ်ဆောင်သွားမှာပါ။ နှစ်ဘက်က လူ့အဖွဲ့စည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲလေး လုပ်ပြီး ဘာသာရေး ပဋိပက္ခ တားဆီးကာကွယ်ရေး အဖွဲ့တွေ ဖွဲ့စည်းသွားမှာပါ” ဟု ဆိုသည်။

ဖြစ်ရပ်၌ အဓိက ပါဝင်ခဲ့သူနှင့် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ပြီး မီးရှို့သည်ဟု ယူဆရသူ စုစုပေါင်း ၁၁ ဦးကို တာဝန်ရှိသည့် ရဲစခန်းမှ ထိန်းသိမ်းထားပြီး အပြစ်မရှိက ပြန်လည် လွှတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ မီးရှို့အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားခြင်း မရှိသေးဘဲ အခြေအနေ တည်ငြိမ်နေသော်လည်း စောင်ကြည့်လျှက် ရှိပြီး ရဲအင်အား ရာနှင့်ချီ၍ လုံခြုံရေး ယူပေးထားကြောင်း၊ တပ်မတော်မှလည်း လိုအပ်ပါက ပူးပေါင်းရန် အဆင့်ရှိကြောင်း ဒေသခံ ရဲအရာရှိတဦးက ဧရာဝတီကို ရှင်းပြသည်။

“အခုဖြစ်တဲ့ အဖြစ်အပျက်တွေက သာမန် ရာဇဝတ်မှုတခုကို အကြောင်းပြုပြီး ဘာသာရေး ခွဲခြားမှုပုံစံနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။ အဓိကကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ အမုန်းတရားတွေကို ဖြန့်ချိတဲ့လူတွေနဲ့ ဝေဖန် ပိုင်းခြားမှု မရှိဘဲ အဲဒီအမုန်းတရား ဖြစ်စေတဲ့ သတင်းတွေ၊ အချက်အလက် တွေကို ဆက်ပြီးဖြန့်ပေးမိတဲ့ လူတွေကြောင့်ပဲ။ သူတို့ကြောင့် အမုန်းတရားတွေ၊ သံသယတွေ ဖြစ်လာတယ်။ ယမ်းပုံက အသင့်ဖြစ်တဲ့အခါ မီးစလေး တခုကြောင့် ပေါက်ကွဲတော့တာပဲ” ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီကို ပြောသည်။

ထန်းကုန်း ဖြစ်စဉ်တွင် ထန်းကုန်းစခန်း၌ ရဲအင်အား ၉ ယောက်သာ ရှိသောကြောင့် အကြမ်းဖက်မှုကို အချိန်မီ တားဆီး နိုင်ခြင်း မရှိခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် အပါအဝင် တခြားမြို့နယ်များမှ ရဲတပ်ဖွဲ့များ ရောက်လာမှ တားဆီး နိုင်ခဲ့ကြောင်း ဦးရဲထွဋ်က ဆိုသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှုများမှာ တနိုင်ငံလုံးတွင် ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့တွင် အဓိက ဖြစ်ပွားခဲ့သည်။

ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်နှင့် မန်းသားလေးတို့ ပူးပေါင်းရေးသားသည်။

Your Thoughts …
Tags: ConflictReligious
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း

ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော မိုင်းဖုန်းဆရာတော်ကို ပြန်လည်ကြွလာခွင့်ပြုပြီ

ပြည်ဝင်ခွင့် ပိတ်ပင်ခံခဲ့ရသော မိုင်းဖုန်းဆရာတော်ကို ပြန်လည်ကြွလာခွင့်ပြုပြီ

by နန်းဆိုင်နွမ်
6 July 2013
12.6k

မိုင်းဖုန်းကျောင်းတွင် ကျိုးပဲ့ ဆွေးမြေ့နေသည့် သစ်များကို ပြန်ပြင်ရန် စီစဉ်နေကြောင်း၊ ကာလကြာရှည် ချိတ်ပိတ်ထားသည့် အတွက် မသမာ သူတချို့က ဘုရားဆင်းတုတော်များကို လာရောက် ခိုးယူမှုများ ရှိနေ

ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး သူရဦးအောင်ကို / ထက်နိုင်ဇော် / ဧရာဝတီ

မိုးပြာဂိုဏ်းကို ဗုဒ္ဓဘာသာ အမည်မခံရန် သာသနာရေးဝန်ကြီး သူရဦးအောင်ကို တောင်းဆို

by ထက်နိုင်ဇော်
5 January 2017
121.4k

ဗုဒ္ဓဘာသာနှင့် မကိုက်ညီသည့် မိုးပြာဂိုဏ်း၏ သဘောထားများကို ဟောပြောခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းများ ပြုလုပ်ပါက တရားစွဲဆိုရန် နိုင်ငံတော် သံဃာ့ မဟာနယက က ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
137

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

မြန်မာ့သစ်တော ထိန်းသိမ်းရေး နိုင်ငံတကာ ရန်ပုံငွေ လိုအပ် (ရုပ်/သံ)

မြန်မာ့သစ်တော ထိန်းသိမ်းရေး နိုင်ငံတကာ ရန်ပုံငွေ လိုအပ် (ရုပ်/သံ)

by ဧရာဝတီ
8 July 2024
98

ရာသီဥတုပြောင်းလဲမှု (climate change) နောက်ဆက်တွဲ အပူရှိန်လွန်ကဲတာ၊ ရေကြီးတာနဲ့ သီးနှံစိုက်ပျိုးမှုအပေါ် သက်ရောက်မှုတွေကို ဆယ်စုနှစ်ချီ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ စစ် ပဋိပက္ခကြောင့် သစ်တောထိန်းသိမ်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုအရေး ဆိုင်ရာ ရေရှည်ပြဿနာတွေကို ဦးစားပေးဖြေရှင်းနိုင်ဖို့ ခက်ခဲနေရတယ်လို့ ဝါရင့်...

Next Post

ပြန်ကြားရေး ဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု

ဒီမိုကရေစီ, ရွေးကောက်ပွဲ, နိုင်ငံရေး, အစိုးရ, ခရိုနီ

အဓိကရုဏ်းကို အစိုးရ အဆုံးမသတ်ချင်သလော

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved