အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် စင်ကာပူ ထိပ်သီးညီလာခံ တက်ရောက်ရန် စင်ကာပူနိုင်ငံ သို့ ယနေ့ နေ့လည်ပိုင်း တွင်ရောက်ရှိမည် ဖြစ်ပြီး စင်ကာပူတွင် စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၄ ရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသမ္မတ Dr. Tony Tan Keng Yam ၊ စင်ကာပူ ပါလီမန် ဥက္ကဋ္ဌ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း၊ ဝါရင့်ဝန်ကြီး ဂိုချောက်ထောင် တို့နှင့် တွေ့ဆုံမည် ဖြစ်ပြီး စင်ကာပုူရောက် မြန်မာများနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း၊ Singapore Management တက္ကသိုလ် တွင် Mindset In Leadership ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည်ဖြစ်ပြီး စင်ကာပူရှိ တက္ကသိုလ်၊ ကောလိပ်တချို့သို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။











