• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

EU သင်တန်းဆင်း ရဲ ၄၀၀၀ ကို လူစုလူဝေး ထိန်းသိမ်းမှုများအတွက် သုံးမည်

by မေခ
29 November 2013
in သတင်း
A A
ရဲတပ်ဖွဲ့, ဥရောပ သမဂ္ဂ, EU

ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းတွင် သင်္ကြန် အကြတ်နေ့ ညနေပိုင်းက မူးယစ် သောင်းကျန်းသူ တဦးကို ရဲများက ထိန်းသိမ်းနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

3.7k
VIEWS
Share on FacebookShare on Twitter

လူစုလူဝေးနှင့် ပတ်သက်သည့် ထိန်းသိမ်းမှုများအတွက် ဥရောပသမဂ္ဂ (EU) မှ လေ့ကျင့်ပေးထားသည့် သင်တန်းဆင်း ရဲဝန်ထမ်း ၄၀၀၀ ကျော်ကို အသုံးပြုသွားမည် ဖြစ်ကြောင်း ရဲမှူးချုပ် သူရဘိုနီက ပြောကြားသည်။

ရန်ကုန်မြို့ရှိ EU ရုံးတွင် ယနေ့ ကျင်းပသည့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီက မေးမြန်းခဲ့ရာ ရဲမှူးချုပ် သူရဘိုနီက “အခု ၁၈ လမှာ ရဲဝန်ထမ်း ၄၀၀၀ လောက်ကိုပဲ EU ဘက်က သင်ကြား ပေးနိုင်တယ်။ အခုကတော့ ဒီသင်တန်း ပေးထားတဲ့လူတွေကို လူစုလူဝေးမှာ သုံးမယ်။ နောက်ပိုင်းကျရင်တော့ ဆင့်ပွား သင်ယူပေးသွားမယ်” ဟု ဖြေကြားသည်။

လာမည့် ဆီးဂိမ်းစ်အတွက် EU သင်တန်းဆင်း ရဲဝန်ထမ်း ၄၀၀ ကို စတင် ထည့်သွင်း အသုံးပြုရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“ရဲဝန်ထမ်းတွေမှာ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ မှန်ပါတယ်။ နောက်တခုက ဒီပြောင်းလဲမှုက သိပ်ပြီးတော့ မြန်မြန်ဆန်ဆန် ပြောင်းလဲဖို့ မလွယ်ကူနိုင်ပေမယ့် အချိန်တခု အတိုင်းအတာအတွင်းမှာ အမြန်ဆုံး လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။ လက်ရှိ သမ္မတကြီး လက်ထက်မှာ ပြည်တွင်းလုံခြုံမှုကို ရဲဝန်ထမ်းတွေကပဲ တာဝန်တခု အနေနဲ့ တာဝန်ယူထားပါတယ်။ ဝန်ဆောင်မှုပိုင်းကိုလည်း မကြာခင် ပြောင်းလဲပေးသွားနိုင်အောင် လုပ်ဆောင်မှာပါ” ဟု ရဲမှူးချုပ် သူရဘိုနီက ပြောသည်။

EU က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များအတွက် ရဲဝန်ဆောင်မှုလုပ်ငန်းနှင့် ဆိုင်သော လက်တွေ့ အသုံးချနိုင်မည့် သင်ခန်းစာများကို ၁၈ လကြာ ပို့ချသွားရန် စီစဉ်ထားကြောင်း၊ သင်တန်းအပြင် ရဲဝန်ထမ်း တဦးချင်းဆီအတွက် ရဲအသုံးအဆောင် ပစ္စည်းများကိုပါ ထောက်ပံ့သွားရန် စီစဉ်ထားကြောင်း ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက ပြောကြားသည်။

“EU အနေနဲ့ မြန်မာနိုင်ငံရဲတွေနဲ့ ပြည်သူတွေ နီးစပ်နိုင်ဖို့ ဒီ ပရောဂျက်အရ လုပ်ဆောင်သွားမှာပါ။ ပရောဂျက်မှာ လူမှုဝန်းကျင်ဆိုင်ရာ မူဝါဒ၊ လူစုလူဝေး စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒတွေကို အဓိကထား သင်ပေးသွားမယ်။ အဓိကအနေနဲ့ မြန်မာနိုင်ငံ ရဲတွေအနေနဲ့ သူတို့လုပ်ရပ်ကို တာဝန်ယူနိုင်အောင် သင်တန်းပေးသွားမှာဖြစ်တယ်” ဟု သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက ပြောသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
71
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
678

၁၈ လကြာ ဆောင်ရွက်မည့် အဆိုပါ ပရောဂျက်တွင် ရဲဝန်ထမ်းများသာမက လူမှုအဖွဲ့အစည်းများ၊ မီဒီယာများကိုပါ ပြည်သူလူထုနှင့် ထိတွေ့မှုဆိုင်ရာ သင်တန်းများကို ပို့ချသွားရန် စီစဉ်ထားကြောင်း၊ ရဲဝန်ထမ်းများနှင့် လူမှု အဖွဲ့အစည်းများ အတွက် သင်တန်းပေးမည့် ၁၈ လအတွင်းတွင် ယူရိုငွေ ၁၀ သန်း (မြန်မာကျပ်ငွေ ၁၃.၂ ဘီလီယံခန့်) ကုန်ကျခံသွားရန် စီစဉ်ထားကြောင်း သိရသည်။

“ရဲဝန်ထမ်းတွေကို အသုံးအဆောင် ပစ္စည်းတွေ ကူညီပေးတယ်ဆိုပေမယ့် လက်နက်ပစ္စည်း ကူညီမှု မရှိပါဘူး။ ဦးထုပ်၊ ဒိုင်းနဲ့ အကာအကွယ် ပစ္စည်းတွေကိုပဲ ကူညီတာပါ” ဟု သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက ပြောသည်။

လက်ရှိတွင် တနိုင်ငံလုံးတွင် ပြည်တွင်းလုံခြုံရေးအတွက် ရဲဝန်ထမ်းဦးရေ ၁ သိန်းကျော်ဖြင့် ကာကွယ်မှုပေးနေကြောင်း ရဲမှူးချုပ် သူရကိုနီက ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံတွင်း လူအုပ်စု အဓိကရိုဏ်းများ၊ မတည်မငြိမ်မှုများ ဖြစ်ပေါ်သည့်အခါ ကိုင်တွယ် ဖြေရှင်းရာတွင် အားနည်းချက်များ ရှိနေကြောင်း ဝေဖန်မှုများ ခံနေရပြီး လက်ရှိချိန်တွင် ပြည်သူများမှ အားကိုးမှုထက် ကြောက်ရွံ့စရာ အဖွဲ့အစည်းတခုအဖြစ် မှတ်ယူလေ့ရှိသည်။

ယခု EU မှ သင်ကြားမှုအပိုင်း အစီအစဉ် အကောင်အထည် ဖော်ဆောင်မှုကို ရန်ကုန်မြို့တွင် မင်္ဂလာတောင်ညွန့် မြို့နယ်၌ စတင် လုပ်ဆောင်သွားမည်ဖြစ်ပြီး အဆိုပါ အကောင်အထည် ဖော်ဆောင်မှုကို စောင့်ကြပ်ကြည့်ရှုရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ (MPF) က အဆင့်မြင့်အရာရှိတဦးနှင့် နိုင်ငံတကာမှ လေ့လာသူ ၇ ဦး၊ ပေါင်း ၈ ဦးပါ အဖွဲ့ဖြင့် စောင့်ကြည့်ရန် စီစဉ်ထားကြောင်း သိရသည်။

စောင့်ကြည့်မည်သူများတွင် မည်သူပါမည်၊ ထောက်ပံ့ငွေ ယူရိုငွေ ၁၀ သန်း (မြန်မာကျပ်ငွေ ၁၃.၂ ဘီလီယံခန့်) ထောက်ပံ့မည် ဆိုရာတွင် မည်သည့်အပိုင်းအတွက် မည်မျှသုံးမည် စသည်တို့ကိုမူ အီးယူဘက်မှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

Your Thoughts …
Tags: PoliceRule of Law
မေခ

မေခ

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

Next Post
မီဒီယာ, ဆီးဂိမ်း

ဆီးဂိမ်းတွင် ဝင်ရောက် သတင်းယူရေး အခက်အခဲများရှိ

ဦးဝင်းချို, လယ်သိမ်းမှု, ပုဒ်မ ၁၈, ပုဒ်မ ၅၀၅ (ခ)

ပဲခူး လယ်သိမ်းမှု ဆန္ဒပြသူ ၇ ဦး ထောင်ဒဏ် ၆ လ နှင့် ငွေဒဏ် ချမှတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved