• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရန်ကုန်တွင် ပဋိပက္ခ ဖြေရှင်းရေး ရဲ အင်အား ၅၀၀ ခန့် ဖွဲ့စည်း ထားရှိမည်

by မေခ
26 May 2014
in သတင်း
A A
ရဲအင်အား, ပဋိပက္ခ ဖြေရှင်းရေး, ရန်ကုန်တိုင်း ဒေသကြီး, EU

မင်္ဂလာတောင်ညွှန့် မြို့နယ်တွင် ပြုလုပ်သည့် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်း တာဝန်များ ပြည်သူများသို့ ရှင်းလင်းပွဲ (ဓာတ်ပုံ - မေခ / ဧရာဝတီ)

4.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပဋိပက္ခ ဖြေရှင်းနိုင်ရေး အတွက် ရဲအင်အား ၅၀၀ ခန့် ဖွဲ့စည်းထားရှိမည် ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး တိုင်းဦးစီး ဌာနမှ သိရသည်။

“ရန်ကုန်တိုင်း ဒေသကြီးမှာ လူစုလူဝေး ထိန်းဖို့ အကူအနေနဲ့ ထပ်ပြီး ဖွဲ့လိုက်တာပါ။ ထိန်းသိမ်းရေး တပ်ခွဲ စတာတွေနဲ့ လုပ်ဆောင် နေပါတယ်၊ အနီးစပ်ဆုံး ထားတာပါ”ဟု ရန်ကုန်တိုင်း ဒေသကြီး တိုင်းဦးစီး ဌာနမှ ရဲမှူးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန့် မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်း တာဝန်များကို ပြည်သူများ နားလည်စေ ရန်အတွက် မေ ၂၅ ရက်က မင်္ဂလာတောင်ညွှန့် ရဲစခန်းတွင် ပြုလုပ်သည့် ပြည်သူများသို့ ရှင်းလင်းပွဲ (Open Day)၌ ၎င်းက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

ပဋိပက္ခ ဖြေရှင်းနိုင်ရေးအတွက် ဖွဲ့စည်းထားသော အဖွဲ့မှာ ပဋိပက္ခ ထိန်းသိမ်းရန်မဟုတ်ဘဲ ကျန်ရှိသည့် ရဲလုပ်ငန်း တာဝန်များကိုပါ လုပ်ဆောင်မည် ဖြစ်ပြီး သီးခြား တာဝန်တခု အနေဖြင့်သာ ဖွဲ့ထားခြင်း ဖြစ်ကြာင်း သိရသည်။

“ရဲ တာဝန်တွေ ရှိပါတယ်၊ ဥပမာ လှည့်ကင်းလဲ လုပ်ရမယ်၊ မူခင်းလဲစစ် ရမယ်၊ အကုန် လုပ်ရမှာပါ။ ဒီတာဝန် တခုတည်းကို သီးခြား ယူမှာတော့ မဟုတ်ပါဘူး”ဟုလည်း ရန်ကုန်တိုင်း ဒေသကြီး တိုင်းဦးစီး ဌာနမှ ရဲမှူး က ပြောဆိုသည်။

လက်ရှိတွင် အဆိုပါ ရဲအဖွဲ့များကို ဥရောပ သမဂ္ဂနိုင်ငံများ(EU) နှင့် ပေါင်းပြီး လူစုလူဝေး ထိန်းသိမ်းရန် အတွက် သင်တန်းများ ပေးလျက် ရှိကြောင်း၊ သင်တန်းသား ဦးရေ ၃၀၀၀ ခန့် ကို သင်တန်းပေးပြီး ဖြစ်ကြောင်း သိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
71
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
678

“သင်တန်းက ခုဆို အပတ်စဉ် ၅ ရောက်ပါပြီ၊ သင်တန်းက ၄ အထိ ဆင်းပြီးပါပြီ၊ မှုခင်းတွေ တအားများတဲ့ သန်လျင်တို့ လှိုင် သာယာ တို့မှာလည်း သင်တန်းတွေ ဖွင့်မယ်။ သင်တန်း ဆင်းပြီးတာနဲ့ သက်ဆိုင်ရာ ဌာနတွေမှာ ပြန်ပြီး တာဝန်ယူမှာပါ”ဟု အထက်ပါ တိုင်းဦးစီးဌာန ရဲမှူးက ပြောသည်။

လက်ရှိတွင် လုံခြုံရေး တာဝန်များနှင့် ပဋိပက္ခ ဖြေရှင်းရာတွင် အဆင့် ၃ ဆင့် ခွဲကာ တာဝန်ယူထားသည်ဟု သိရပြီး၊ ပထမ အဆင့်တွင် ဒိုင်းကာ မပါ နံပါတ်တုတ် ကိုင်ဆောင် တာဝန်ယူသည့် အဆင့်၊ အဆိုပါ အဆင့်မှ လူစုလူဝေး ပိုများလာပါက ဒုတိယ အဆင့် အဖြစ် ဒူးကာ၊ ခေါင်းကာ၊ ဒိုင်းကာ စသည့်ဖြင့် ဒုတိယ အဆင့် ဖြစ်ပြီး၊ နောက်ဆုံး အဆင့် သတ်မှတ်ချက်မှာ ဒူးကာ၊ ဒိုင်းကာ၊ ခေါင်းကာ စသည့် ပစ္စည်း ၅ မျိုးပါ အကာအကွယ် ဝတ်စုံပြည့်ဖြင့် ကာကွယ်သည့် အဆင့်သို့ အဆင့်ဆင့် တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။

“လူအုပ် ပမာဏနဲ့ ပြောရတာက ပထမ အဆင့် လူစုလူဝေးက ဘာလက်နက်မှ မပါရင် ကျနော်တို့က ပထမ အဆင့် ဘာ အကာအကွယ်မှ မပါတဲ့ ထိန်းသိမ်းမှုနဲ့ ထိန်းပါမယ်။ ဒီကနေတဆင့် လူစုလူဝေးများ လာတယ်၊ နောက်လက်နက်တွေ ပါရင် ဒုတိယ အဆင့်ကို သုံးပါမယ်၊ နောက်ဆုံး လူစုလူဝေးက လက်နက် အားကိုးလာရင် ဆူပူလာရင် နောက်ဆုံးအဆင့် သုံးမှာပါ၊ နောက်တခုက နိုင်ငံတကာ စံနှုန်းအတိုင်းပဲ ကျနော်တို့ ထိန်းသိမ်းမှာပါ။ လူစုလူဝေးပဲ ဘာမှအန္တရာယ် မရှိဘူး ဆိုရင် ကျနော် တို့က ပထမအဆင့်ပဲနဲ့ ထိန်းမှာပါ”ဟု တပ်ဖွဲ့ခွဲမှုး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ခွဲ အမှတ်(၈)မှ ဒုရဲအုပ် ကြည်ဇော်ထွေးက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် EU ပူးပေါင်းကာ သင်တန်း ပေးခြင်း၊ အကာကွယ် ပစ္စည်းများ ထောက်ပံ့ခြင်း တို့ကို လုပ်ဆောင် ပေးလျက် ရှိကြောင်း၊ လှည့်ကင်း ဆောင်ရွက်ရာတွင် ယခင် ခြေလျင်ထက် စက်ဘီးဖြင့် လှည်ပတ်နိုင်ရေး အတွက် EU မှ ထောက်ပံ့ ပေးထားကြောင်း သိရသည်။

“စမ်းချောင်းနဲ့ မင်္ဂလာတောင်ညွှန့် စတဲ့ စခန်း တခုကို သူတို့က စက်ဘီး (၂၀) ထောက်ပံ့တယ်၊ စုစုပေါင်း လေ့ကျင့်တာနဲ့ ဆို သူတို့ဘက်က အစီး ၆၀ ထုတ်ပေး ထားပါတယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ထပ်ပြီး မှာယူထားတာ ရှိပါတယ်။ ကျနော်တို့ဆီကို ဒိုင်းကာတွေလည်း အီးယူဘက်က အခု ၄၀၀ ထောက်ပံံ့ ထားပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး တိုင်းဦးစီး ဌာနမှ ရဲမှူးက ဆက်ပြောသည်။

လက်ရှိဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများတွင် ရဲတပ်ဖွဲ့မှ ဖြေရှင်း ကိုင်တွယ်မှု အားနည်းလျက် ရှိကြောင်း ဝေဖန်မှုများ ရှိသလို ရဲ တပ် ဖွဲ့ စွမ်းဆောင်ရည်ပိုင်းကို ပြည်သူများက စိတ်ချ ယုံကြည်နိုင်ဖွယ် မရှိသေးကြောင်း သုံးသပ်မှုများလည်း ရှိသည်။

“ပြည်သူတွေ အတွက် လုပ်နေတယ်၊ သင်တန်းတွေ ပေးနေတယ် ဆိုပေမယ့် သူတို့ ပြောင်းလဲသလား မေးရင် ပြောရ ခက် သေးတယ်၊ အားကိုးထိုက်တဲ့ အနေအထားတော့ မရောက်သေးပါဘူး။ လူစုလူဝေး ဖြစ်ရင် ရဲက နောက်မှ ရောက်တယ်။ အပြစ်မဲ့ ပြည်သူတွေ ခံရတာတွေက များနေသေးတယ်။ အခုချိန်ထိ ကျနော်တို့ စိတ်ထဲ မယုံနိုင်သေးဘူး၊ အခုလို နိုင်ငံတကာ စံ နဲ့အညီ လုပ်ဆောင်နေတာတော့ ကောင်းပါတယ်”ဟု မင်္ဂလာတောင်ညွှန့် မြို့နယ်တွင် နေထိုင်သူ ဦးဝင်းဇော်လတ်က ပြော သည်။

ယခုအချိန်ထိ မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် တဦးလျှင် ပျမ်းမျှ လူ ၁၀၀၀ ခန့်ကို တာဝန်ယူ စောင့်ရှောက် နေရကြောင်း သိရသည်။ ယင်းအခြေအနေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တိုင်းဒေသကြီးမှ တိုင်းဒေသ လွှတ်တော်တွင် တင်ပြထားပြီး ထိန်းသိမ်းမှု လုပ်ငန်းများတွင် ထိရောက်သည့် ထိန်းသိမ်းမှု လုပ်နိုင်ရန် အားနည်းနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဒု ဗိုလ်မှူးကြီး တင်ဝင်းက တိုင်းဒေသကြီး လွှတ်တော်တွင် ပြောဆိုခဲ့သည်။

“လုံခြုံရေးပိုင်း အတွက် ကျနော်တို့ လူအင်အား စုဆောင်းမှုတွေ လုပ်နေပါတယ်၊ တဆက်တည်း အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ကိုလည်း သင်တန်း ပေးပါတယ်။ လူအင်အားက လက်ရှိ ထိန်းနိုင် ထိန်းသင့်တဲ့ ပမာဏထက် လျော့နည်း နေသေးပေ မယ့် ကြိုးစား လုပ်ဆောင် နေပါတယ်။ လုံခြုံရေးပိုင်းကို အကောင်းဆုံး လုပ်ဆောင် နေပါတယ်”ဟု ၎င်းက ဧရာဝတီကို ပြော သည်။

ယင်းသို့ ရဲအင်အား မလုံလောက်ခြင်းသည် ရဲတပ်ဖွဲ့သို့ ဝင်ရောက်ရာတွင် အခြေခံ ခံစားခွင့်ရရှိမှု နည်းခြင်း၊ ပြည်သူများဘက်မှ ယုံကြည်မှု ရရှိရန် ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိသည်။

“ရဲတယောက် ထိခိုက်ပြီဆို ရလာတဲ့ဟာက မလုံလောက်ဘူးလေ၊ နောက်တခုက တချို့သော တပ်ဖွဲ့ဝင်တွေကြောင့် လူတွေက ရဲ ဆို အမြင်မကြည်ဘူး၊ ငိုစားရယ်စား အလုပ်ဆိုပြီး တော်ရုံ မလုပ်ချင်ကြဘူး၊ ရဲဝန်ထမ်း သားသမီးတောင် ရဲအလုပ်ကို မကြိုက်တာတွေ ရှိနေတယ်”ဟု လုံခြုံရေး တပ်ခွဲ တခုမှ ရဲအရာရှိ တဦးက ပြောဆိုသည်။

Your Thoughts …
Tags: PoliceRule of Law
မေခ

မေခ

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

Next Post
ကြိုးတိုက် ဋီကာ (၅)

ကြိုးတိုက် ဋီကာ (၅)

ဒီပုတ်ထဲက ဒီပဲ

ဒီပုတ်ထဲက ဒီပဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved