• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တာချီလိတ်တွင် တရက်တည်း မူးယစ်ဆေးဝါးများ ၄ ကြိမ် ဆက်တိုက် ဖမ်းမိ

by ကျော်ခ
6 July 2016
in သတင်း
A A
မူးယစ်ဆေးဝါး

တရက်တည်း ၄ ကြိမ် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများနှင့် တရားခံများ (ဓာတ်ပုံ - တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ပူးပေါင်း ရဲတပ်ဖွဲ့)

3.5k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ကျပ် သိန်း ၇၀၀ ခန့်ရှိ ဘိန်းဖြူနှင့် ရောင်စုံ စိတ်ကြွဆေးပြားများကို တရက်တည်း ၄ ကြိမ် ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ပူးပေါင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

တာချီလိတ်မြို့နယ်တွင် ယခုလ ၅ ရက် နေ့လယ် ၁၂ ခွဲမှ ည ၇ နာရီအတွင်း မိုင်းဖုန်း (ခ) အုပ်စု၊ ဖန်မင်အုပ်စု၊ ဝိန်းကျောက် ရပ်ကွက်နှင့် ဆေခမ်း ရက်ကွက်တို့မှ မူးယစ်ဆေးဝါးများကို ဖမ်းမိခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၈ ဦးကိုလည်း ဖမ်းဆီးရမိထားကြောင်း တာချီလိတ်မြို့နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး အထူး ရဲတပ်ဖွဲ့ရုံး ဦးစီးမှူး ရဲအုပ် အောင်ကျော်စိုးက ဧရာဝတီကို ပြောသည်။

“သူတို့က တနေရာရာကိုပို့ဖို့အတွက် ပြင်ဆင်နေတာတော့ မဟုတ်ဘူး။ သူတို့ရှိပြီးသားဟာကို ရောင်းဖို့အတွက် နမူနာပြဖို့ လုပ်နေတဲ့ ပစ္စည်းတွေကို ကျနော်တို့က ဖမ်းဆီးရမိတာ။ ဝယ်လက်ကတော့ သာစည်မြို့နယ် နားယောင်း ကျေးရွာမှာ သွား စပ်ပြီးတော့မှ ဘယ်ကိုဆက်ပို့မယ်ဆိုတာတော့ သူတို့အစီအစဉ်ပေါ့”ဟုလည်း ရဲအုပ် အောင်ကျော်စိုးက ပြောပြသည်။

ဖမ်းဆီးရမိသူများတွင် အသက် ၂၃ နှစ်အရွယ်ရှိ ပက်တနာဘွန် (ခ) နီး အမည်ရ ထိုင်းနိုင်ငံသားတဦး ပါဝင်ပြီး ၎င်းကို ကာလတန်ဖိုး ကျပ် ၉ သန်းနီးပါး ရှိသည့် နီညိုရောင် စိတ်ကြွဆေးပြားများ၊ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား များ နှင့် အတူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) အုပ်စု၊ ဝှေလေလန် ပူးပေါင်း စစ်ဆေးရေးစခန်းတွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံသား ပက်တနာဘွန် (ခ) နီး မောင်းနှင်လာသည့် ဆိုင်ကယ်ကို တားဆီးစစ်ဆေးရာ၌ ၎င်းဝတ်ဆင်ထားသော အတွင်းခံဘောင်းဘီနှင့် ပေါင်ခွကြားတွင် ရာဘာပူပေါင်းအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြားများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု မူးယစ်တပ်ဖွဲ့၏မှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နေ့ တရက်တည်းတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ မယ်ယန်း ပူးပေါင်း စစ်ဆေးရေးစခန်းတွင် အသက် ၃၇ နှစ် အရွယ်ရှိ ကျော်နိုင်ထူး မောင်းနှင်လာသည့် Hilux Vigo အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ကာလ တန်ဖိုး ကျပ် ၅၆ သိန်းခန့်ရှိ ဘိန်းဖြူ ဘလောက်တုံးကို ဖမ်းဆီးရမိခဲ့သည်ဟု ရဲအုပ် အောင်ကျော်စိုးက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
351
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

ဖမ်းဆီးရမိသည့်တရားခံများ၏ ထွက်ဆိုချက်အရ တာချီလိတ်မြို့ရှိ ဝိန်းကျောက် ရပ်ကွက်နှင့် ဆေခမ်း ရပ်ကွက်တို့မှ ကွင်းဆက် တရားခံများထံမှ ကျပ်သိန်း ၆၀၀ နီးပါးခန့်ရှိ ဘိန်းဖြူနှင့် ပန်းရောင်၊ အညိုရောင်၊ လိမ္မော်ရောင် ၊ အစိမ်းရောင် များ ရောနှာထားသည့် စိတ်ကြွဆေးပြားများ ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

တရက်တည်း ၇ နာရီအတွင်း ၄ ကြိမ် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့်တရားခံ ၈ ဦးအား တာချီလိတ် မြို့မရဲစခန်းက မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း ရဲအုပ် အောင်ကျော်စိုး က ပြောသည်။

Your Thoughts …
Tags: Drug
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ချောင်းဆိုးပျောက်ဆေး, မူးယစ်ဆေး , Dextro Tablet , ကျောင်းသား လူငယ် , ပုသိမ်

ချောင်းဆိုးပျောက် ဆေးကို မူးယစ်ဆေးအဖြစ် ပုသိမ်က လူငယ်တချို့ သုံးစွဲနေ

by ဆလိုင်းသန့်စင်
21 August 2014
9.2k

Dextro Tablet ခေါ် ချောင်းဆိုး ပျောက်ဆေး လုံးများကို မူးယစ်ရီဝေ စေရန်အတွက် အလုံးရေများစွာ သောက်သုံး၍ မူးယစ်ဆေး သဖွယ် အသုံးပြု နေခြင်းများ တွေ့ရှိရကြောင်း

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

by ရန်ပိုင်
8 July 2013
7k

ကိုးကန့် စော်ဘွားရဲ့ ကာကွယ်ရေး တပ်အရာရှိဟောင်း တဦးဖြစ်တဲ့ ဦးလော်စစ်ဟန်ဟာ ဗမာ ပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကို ဖြိုခွဲရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူ ဖြစ်ပြီး မြန်မာစစ်တပ် အရာရှိကြီးတွေနဲ့ နီးစပ်ခဲ့သူ လည်းဖြစ်ပါတယ်။

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

လွိုင်ကော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့် အကွာတွင်ရှိသော ကျတ်ဂူ ရှိရာ တောင်ပေါ် အတက်လမ်း

ကယားပြည်နယ်က ထူးဆန်းတဲ့ ကျတ်ဂူ

by ကျော်ခ
3 February 2014
18.3k

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ထဲမှာ ဝိညာဉ်တွေ ခိုအောင်းတယ်ဆိုပြီး ဒေသခံတွေကြားမှာ ပြောစမှတ်ဖြစ်နေတဲ့“ကျတ်ဂူ”လို့ခေါ်တဲ့ သဘာဝ မြေအောက် လိုဏ်ဂူကြီးထဲမှာ ရုပ်အလောင်းတွေထည့်တဲ့ အခေါင်းသဏ္ဌာန် ထူးဆန်းတဲ့

Next Post
မြန်မာ့တပ်မတော်, ရက္ခိုင့်တပ်မတော်, ချင်းပြည်နယ်, ပလက်ဝ

မြန်မာ့တပ်မတော်နှင့် AA တို့ ဖိနှိပ်မှုများ ရပ်တန့်ရန် ချင်းပါတီ တောင်းဆို

ကျောင်းသားသမဂ္ဂ, အစိုးရ

အစိုးရသစ်နဲ့ ၅၄ နှစ်မြောက် ဆဲဗင်း ဇူလိုင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved