• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံတဝန်း အဓမ္မပြုကျင့်မှု တရာကျော်ဖြစ်ပွား

by ဝေဝေလွင်
9 February 2017
in သတင်း
A A
ကလေးသူငယ်များအား အဓမ္မပြုကျင့်သူများကို အနည်းဆုံးထောင်ဒဏ် နှစ် ၂၀ ချမှတ်ရန် တောင်းဆိုနေကြသည် / ဧရာဝတီ

ကလေးသူငယ်များအား အဓမ္မပြုကျင့်သူများကို အနည်းဆုံးထောင်ဒဏ် နှစ် ၂၀ ချမှတ်ရန် တောင်းဆိုနေကြသည် / ဧရာဝတီ

5.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတဝန်း ဇန်နဝါရီလ တလတည်းတွင်ပင် ကလေးသူငယ်များအပေါ် အဓမ္မပြုကျင့်မှု ၈၁ မှုအပါအဝင် အဓမ္မပြုကျင့်မှုပေါင်း ၁၂၅ မှုဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

အဓမ္မပြုကျင့်မှု ၂၅ မှုဖြစ်ပွားသော ရန်ကုန်တိုင်းတွင် အမှု ၂၀ မှာ အသက်အပြည့်သေးသော ကလေးများအပေါ် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။

အဓမ္မပြုကျင့်မှု ၂၁ မှုဖြစ်ပွားခဲ့သော ဧရာဝတီတိုင်းတွင် ၁၄ မှုမှာ ကလေးသူငယ်များအပေါ် ကျူးလွန်ခြင်းဖြစ်သည်။

တိုင်ကြားခံရသော အဓမ္မပြုကျင့်မှု အရေအတွက်မြင့်မားလာခြင်းမှာ လူထု၏နိုးကြားမှု မြင့်မားလာခြင်းနှင့် လူ့အခွင့်အရေးအုပ်စုများနှင့် ဥပဒေအကူအညီပေးရေးအဖွဲ့များ၏ လုပ်ဆောင်မှုကြောင့် ဥပဒေအကြံဉာဏ်များ လွယ်လင့်တကူ ရရှိလာခြင်းကြောင့်ဖြစ်သည်ဟု ကျောက်တံတားမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။

“ကလေးတွေကို ဒီကိစ္စ သိထားရအောင် မိဘတွေက ပြောဆိုသင်ကြားထားသင့်တယ်။ ပြီးတော့ တရားရုံးတွေကလည်း ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း မျှတတဲ့ စီရင်ချက်တွေ ချမှတ်ရမယ်” ဟုပြောကာ ကလေးသူငယ်များအား အဓမ္မပြုကျင့်သူများကို အနည်းဆုံးထောင်ဒဏ် နှစ် ၂၀ ချမှတ်ရန် ဒေါ်ကြည်ပြာက တောင်းဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
351
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

လတ်တလောတွင် သက်ငယ်မုဒိန်းမှုများကို ရာဇဝတ်မှု ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုပြီး ထိုပုဒ်မတွင် ကျူးလွန်သူများကို ထောင်ဒဏ်နှစ် ၂၀ သို့မဟုတ် ၁၀ နှစ်အထိ ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်ရမည်ဟု ဖော်ပြထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် သက်ငယ်မုဒိန်းမှုများအတွက် ပြစ်ဒဏ်တိုးမြှင့်ရန်အတွက် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ရေးဆွဲပြီးဖြစ်သည်ဟု လွန်ခဲ့သောနိုဝင်ဘာလက ပြောသည်။

ထိုကလေးသူငယ်ဆိုင်ရာဥပဒေသည် လိင်အရ အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သော ပြစ်မှုနှင့်ပြစ်ဒဏ်များကို ဖော်ပြထားခြင်း မရှိကြောင်း ဝန်ကြီးက ထောက်ပြသည်။

“မကြာသေးမီက ပြုလုပ်လိုက်တဲ့ပြင်ဆင်ချက်မှာတော့ ကလေးသူငယ်မုဒိန်းမှုတွေအတွက် ဒဏ်ငွေနဲ့အတူ ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ ပြစ်ဒဏ်တွေ ထည့်သွင်းထားပါတယ်” ဟု ဦးဝင်းမြတ်အေးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

၂၀၁၆ ခုနှစ်က တနိုင်ငံလုံးမှ အာဏာပိုင်များသည် အဓမ္မပြုကျင့်မှု စုစုပေါင်း ၁၁၀၀ ကျော်အတွက် တိုင်ကြားမှုများ ရရှိခဲ့ပြီး ၎င်းတို့အနက် ၆၇၁ မှုမှာ ကလေးသူငယ်များအပေါ် ကျူးလွန်သောအဓမ္မမှုများ ဖြစ်သည်။

Your Thoughts …
Tags: သက်ငယ်မုဒိန်း
ဝေဝေလွင်

ဝေဝေလွင်

Similar Picks:

ထွက်ပြေးခိုအောင်းနိုင်သည့် မြို့နယ်ရဲစခန်းများသို့ ဖြန့်ဝေပေးထားသော စိတ္တသုခကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိဓာတ်ပုံ / သလပ်ခွာနယ်မြေရဲစခန်း

ရေသိုးရွာ ဘုန်းကြီးကျောင်း ငရဲခန်းမှာ လပေါင်းများစွာ

by အောင်ငြိမ်းချမ်း & ဝင်းနန္ဒာ
24 May 2018
60.2k

ပုသိမ်မြို့ပြင်မှ မူလတန်းကျောင်းသူတချို့ ကာလကြာရှည် မုဒိမ်းကျင့်ခံရခြင်းသည် မိဘများ ဆင်းရဲနွမ်းပါးမှု၊ ဆင်ခြင်တုံတရားနည်းပါးမှုတို့နှင့်လည်း ဆက်စပ်နေသည်

၈ တန်းကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် တရားခံ

ကျောင်းသူ ၂ ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းဆရာကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်

by ဆလိုင်းသန့်စင်
1 June 2017
69k

တရားရုံးတော်အနေနဲ့ အခုလို သက်ငယ်မုဒိန်းကျူးလွန်သူကို ထိရောက်စွာနဲ့ ပြစ်ဒဏ်ချမှတ်တဲ့အပေါ်မှာ ကျောင်းသူတွေရဲ့ မိဘတွေရော၊ ကျမတို့ လိုက်ပါကူညီဆောင်ရွက်ပေးသူတွေရော ကျေနပ်ပါတယ်

ထွက်ပြေးခိုအောင်းနိုင်သည့် မြို့နယ်ရဲစခန်းများသို့ ဖြန့်ဝေပေးထားသော စိတ္တသုခကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိဓာတ်ပုံ / သလပ်ခွာနယ်မြေရဲစခန်း

သက်ငယ်မုဒိန်းဖြင့် အမှုဖွင့်ခံထားရသည့် ကျောင်းထိုင်ဆရာတော် ထွက်ပြေးတိမ်းရှောင်နေ

by ဆလိုင်းသန့်စင်
10 May 2018
33.3k

အမှုဖွင့်ခံထားရသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းအုပ်စု၊ ရေသိုးကျေးရွာရှိ စိတ္တသုခ ကျောင်းထိုင်ဆရာတော် ဦးနန္ဒာသီရိမှာ ထွက်ပြေးတိမ်းရှောင်နေသည်။

ဒလ ဆိပ်ကမ်း  / မျိုးမင်းစိုး / ဧရာဝတီ

ဒလ သက်ငယ်မုဒိမ်းမှု မျက်မြင်သက်သေများကို စွပ်စွဲခံရသူများက အမှုပြန်ဖွင့်

by ထက်ခေါင်လင်း
18 February 2020
14.8k

ပြီးခဲ့သည့် နွေရာသီတွင် တကြိမ်၊၂ဝ၁၉ ခုနှစ် ဒီဇင်ဘာကျောင်းပိတ်ရက်တွင် တကြိမ် ဒလမြို့နယ်ရှိ ဈေးများ အိမ်သာ၌ အသက် ၁၅ နှစ် အရွယ် ၇ တန်းကျောင်းသူကို အသက် ၆၂ နှစ်အရွယ် ဈေးသာယာရေး ဥက္ကဋ္ဌ...

သက်ငယ်မုဒိန်းမှု သေဒဏ်ပေးရေး လှုပ်ရှားမှုတခု  / ဧရာဝတီ

သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရန် ဆောင်ရွက်နေဟု ရန်ကုန် လုံ/နယ် ဝန်ကြီးပြော

by သဇင်လှိုင်
5 June 2018
9.7k

အမျိုးသမီးများ အကြမ်းဖက်ခြင်း၊ နှောက်ယှက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို တည်ဆဲ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့ လက်ရှိမှာ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းပြီး သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး သေဒဏ်ရရှိရေး တင်သွင်းဆောင်ရွက်လျက်ရှိပါတယ်

မန္ထလေး ကျုံးနဲ့ မြို့ရိုး  / ဧရာဝတီ

မန္တလေးက အဓမ္မပြုခံရသည့် ကလေးအမှု ကူညီမည့် ရှေ့နေလိုအပ်နေ

by နန်းဆိုင်နွမ်
18 November 2016
15.6k

မန္တလေး အောင်မြေသာဇံမြို့နယ်တွင် ဘုန်းကြီးတပါး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည့် ၄ နှစ်အရွယ် ကလေး၏ အမှုကို လိုက်ပါ ကူညီပေးမည့် ရှေ့နေ လိုအပ်နေသည်

Next Post
အဆိုတော် ရွှေထူး “စိတ်ကူးယဉ်စာအုပ်” DVD မိတ်ဆက်ပွဲ မြင်ကွင်း / သီဟတိုး / ဧရာဝတီ

အဆိုတော် ရွှေထူးရဲ့ “စိတ်ကူးယဉ်စာအုပ်” DVD မိတ်ဆက်

ပြည်သူ့လွှတ်တော် အစည်းအဝေး  / မျိုးမင်းစိုး / ဧရာဝတီ

ဘာသာရေး ရောယှက်သည်ဟုဆိုကာ စက်မှုဝန်ကြီးဟောင်း၏ မေးခွန်း အပိတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved