• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘာသာရေး ရောယှက်သည်ဟုဆိုကာ စက်မှုဝန်ကြီးဟောင်း၏ မေးခွန်း အပိတ်ခံရ

by ထက်နိုင်ဇော်
9 February 2017
in သတင်း
A A
ပြည်သူ့လွှတ်တော် အစည်းအဝေး  / မျိုးမင်းစိုး / ဧရာဝတီ

ပြည်သူ့လွှတ်တော် အစည်းအဝေး / မျိုးမင်းစိုး / ဧရာဝတီ

8.4k
VIEWS
Share on FacebookShare on Twitter

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန ဝန်ကြီးဟောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ကျွဲ၊ နွားသတ်ဖြတ်မှု ထိန်းချုပ်ရေး မေးခွန်းတခုကို မေးမြန်း ဆွေးနွေးစဉ် “ဘာသာရေး ရောယှက်သည်” ဟုဆိုကာ ဆက်လက် ဆွေးနွေးခွင့် အပိတ်ခံခဲ့ရသည်။

အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးမောင်မြင့်က စက်မှု လယ်ယာသို့ အလုံးစုံ မလွှဲပြောင်းမီတွင် ခိုင်းကျွဲ၊ ခိုင်းနွား သတ်ဖြတ်မှုကို ထိန်း ချုပ်မည့် အစီအစဉ် ရှိ၊ မရှိနှင့် ခိုင်းကျွဲ၊ ခိုင်းနွားများ လုံလောက်မှု ရှိစေရေးအတွက် မည်ကဲ့သို့ စီမံ ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ပြည်သူ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယင်းမေးခွန်း မမေးမြန်းမီကပင် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်း ဥပဒေများကို လိုက်နာ၍ ဘာသာ၊ သာသနာကို ရောယှက်မေးမြန်းခြင်းများ မပြုလုပ်ရန် ကြိုတင် သတိပေး ခဲ့သော်လည်း ဦးမောင်မြင့်မှာ အိဒ်နေ့တွင် နွားသတ်ခြင်းကို ထပ်ကာတလဲလဲ ဆွေးနွေးနေသဖြင့် ပိတ်ပင် ခံရခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက ပြောသည်။

ဦးမောင်မြင့်က လွှတ်တော်တွင် ဆွေးနွေးသည်မှာ “ကျနော်တို့ လက်ရှိ ကျင့်သုံးနေတဲ့ စည်ပင်သာယာ ဥပ ဒေအရ ကျွဲနွားသတ်ဖြတ်ရာမှာ အသက် ၁၆ နှစ်နှင့် အထက် ကျွဲထီးကိုပဲ သတ်ဖြတ်ရမှာ ဖြစ်ပါတယ်။ အိဒ်နေ့ မှာ တရားဝင် သတ်ဖြတ်ခဲ့တဲ့ ကျွဲနွားတွေနဲ့ ပတ်သက်ပြီးတော့မှ ကျနော် ကောက်ခံရရှိတဲ့ စာရင်း အရ . . . .”  ဟု ဆွေးနွေးနေချိန်တွင် လွှတ်တော် ဥက္ကဋ္ဌက စကားပြောခွက်ကို ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် က “ဘာသာ သာသနာ ရောယှက်ပြီး မမေးပါနဲ့။ ကျွဲနွား သတ်ဖြတ်တဲ့ စာရင်းပဲ မေးပါ” ဟု ဆိုရာ ဦးမောင်မြင့်က “မှန်ပါတယ်။ ကျနော်တို့က အခုု ကျွဲနွား ပြုန်းတီးမှု အတွက်ကိုက အစ်နေ့ဆိုတာမှာ . . . . . .” ဟု ပြန်လည် ဆွေးနွေးစဉ် ဦးမောင်မြင့်ကို ဆက်လက် ဆွေးနွေးခွင့် မပြုတော့ပေ။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
11
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
17
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
130

ဦးဝင်းမြင့်က  “ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၄၁ အရ ဒီမေးခွန်းကို ကျနော် ဆက်လက် ခွင့်မပြုနိုင်ပါဘူး။ ရိုးရိုးတန်းတန်း မေးလို့ရပါတယ်။” ဟု လွှတ်တော်သို့ ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် အိဒ်နေ့တွင် ကျွဲ၊ နွား အကောင်ရေ၂၄၅၀၀၊ ၂၀၁၆ ခုနှစ်တွင် အကောင်၂၅၅၀၀ သတ်ဖြတ် ခံနေရ သဖြင့် ယခု မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ကြောင်း၊ ဘာသာရေး ရည်ရွယ်ချက် မရှိကြောင်း စက်မှု ဝန်ကြီးဟောင်း ဦးမောင်မြင့်က လွှတ်တော် အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။

“ဘာသာရေးကို ရည်ရွယ်ပြီး ပြောနေတာ မဟုတ်ဘူး။ အိဒ်နေ့မှာ များများ သတ်နေလို့ ပြောနေရတာ။
နိုင်ငံကို ဖျက်မယ့် ရည်ရွယ်ချက်နဲ့ မေးတာ မဟုတ်ဘူး။ နိုင်ငံကို ကောင်းစေချင်လို့ ဒီမေးခွန်းကို မေးတာပါ” ဟု ဦးမောင်မြင့်က ပြောသည်။

ကျွဲ၊ နွားများ သတ်နေခြင်းကို လျှော့ချစေရန် ရည်ရွယ်ချက်ဖြင့် တိုက်တွန်းခြင်း ဖြစ်ကြောင်း၊ လယ်ယာ ကဏ္ဍ၌ ထိခိုက်မှုများ ရှိလာနိုင်ကြောင်း၊ သတ်မှတ်စည်းကမ်းများနှင့် မညီဘဲ သတ်ဖြတ်နေကြပြီး ဈေးကောင်းပေးဝယ်သဖြင့် လယ်သမားများကလည်း ၎င်းတို့၏ ကျွဲ၊ နွားများကို ရောင်းချလျက် ရှိကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့က မွေးကတည်းက နိုင်ငံကို တည်ဆောက်ခဲ့တာ။ ကျောင်းသားဘဝကတည်းက နိုင်ငံကို တည် ဆောက်ခဲ့တာ။ စစ်သား ဘဝမှာလည်း တည်ဆောက်ခဲ့တယ်။ ဝန်ကြီး၊ ဒုဝန်ကြီး ဘဝမှာလည်း နိုင်ငံကို တည်ဆောက်ခဲ့တာပဲ။ လွှတ်တော် ကိုယ်စားလှယ် ဘဝမှာလည်း နိုင်ငံကို တည်ဆောက်ချင်လို့ ပြောနေတာ” ဟု ဦးမောင်မြင့်က ပြောသည်။

ဘာသာရေး ဆိုင်ရာပွဲများတွင် ကျွဲ၊ နွားများ သတ်ဖြတ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး မှူးများသည် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်များ အရ ခွင့်ပြုပေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဦးစီးဌာနမှ သိရသည်။

ခွင့်ပြုထားသည့် စည်းကမ်းများ ဖောက်ဖျက်မှု မရှိစေရေး၊ ခွင့်ပြုမိန့်ထက် ကျော်လွန် သတ်ဖြတ်ခြင်း မရှိစေရေးနှင့် လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုနိုင်သည့် ခိုင်းကျွဲ၊ နွားများ မပါရှိစေရေးတို့ကို သက်ဆိုင်ရာ အဖွဲ့ အစည်းများက စိစစ် ကြပ်မတ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် စက်မှုလယ်ယာသို့ အလုံးစုံ မကူးပြောင်းမီ ကာလအတွင်း ခိုင်းကျွဲ၊ ခိုင်းနွားများ ပြုန်းတီးမှု မရှိစေရန်၊ တရားမဝင် သတ်ဖြတ်ခံရခြင်း မရှိစေရန် အတွက် ရဲ၊ အုပ်ချုပ်ရေး၊ စည်ပင်သာယာရေး အဖွဲ့နှင့် တိ/ကု ဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Your Thoughts …
Tags: ပြည်သူ့လွှတ်တော်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီရွေးကောက်ပွဲ ရှမ်းပြည်နယ်ကို ဗဟိုပြုနေ (ရုပ်/သံ)

စစ်ကောင်စီရွေးကောက်ပွဲ ရှမ်းပြည်နယ်ကို ဗဟိုပြုနေ (ရုပ်/သံ)

by ဧရာဝတီ
1 July 2025
42

မြန်မာစစ်ကောင်စီက ၂၀၂၅၊ ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန် ရွေးကောက်ပွဲ အခြေခံလုပ်ငန်းတွေကို ရှမ်းပြည်နယ် တောင်ပိုင်း၊ အရှေ့ပိုင်းတွေနဲ့ တော်လှန်ရေးအင်အားစု အမာခံဒေသတွေထဲက စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်ကိုင်း၊ မကွေးနဲ့ လွိုင်ကော်မြို့တွေမှာ သိသိသာသာတွေ့လာရတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ထိပ်ပိုင်း တာဝန်ရှိသူများ  / ထက်ဝေ / ဧရာဝတီ

ပုဒ်မ ၂၆၁ နှင့် အချိုးကျ ကိုယ်စားပြုစနစ် တပ်မတော် ဘာကြောင့် တင်သလဲ

by ဇင်လင်းထက်
4 September 2020
57.5k

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များကို မဖယ်ထုတ်ဘဲ ပုဒ်မ ၂၆၁ ကိုပြင်ပါက ပြည်နယ်လွှတ် တော်နှင့် အစိုးရအဖွဲ့များတွင် တပ်မတော်နှင့် နီးစပ်သည့် နိုင်ငံရေးပါတီများ နေရာရလာနိုင်ကြောင်း

မေလ ၃ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမမှာ နိုင်ငံခြားသားပညာရှင်နဲ့ အကြံပေး စုစုပေါင်း ၉၀  ငှားထားတယ်လို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ထုတ်ပြောပါတယ် /  ဧရာဝတီ

နိုင်ငံခြားသားအကြံပေးငှားတာ ကောင်းသလား ဆိုးသလား

by ကိုရဲ
6 May 2019
12.7k

အစိုးရရဲ့ ဝန်ကြီးဌာန ငါးခုမှာ နိုင်ငံခြားသားပညာရှင်နဲ့ အကြံပေး စုစုပေါင်း ၉၀ ငှားထားတဲ့ကိစ္စ ဆွေးနွေးစရာ ဖြစ်လာပါတယ်။

မြန်မာ အွန်လိုင်းဈေးကွက်တွင်ရောင်းချနေသော E-စီးကရက်များ

E-စီးကရက်သုံးစွဲမှု ထိန်းချုပ်ရေးအဆို ပြည်သူ့လွှတ်တော်တွင် အတည်ပြု

by သီဟလွင်
28 July 2020
7k

မြန်မာလူငယ်များအကြား ရေးပန်းစားလာပြီး ကျန်းမာရေးထိခိုက်နိုင်သည်ဟုဆိုသော E-စီးကရက်အသုံးပြုမှုကို ထိန်းချုပ်တားဆီးရန် တိုက်တွန်းသည့်အဆိုတခုကို ယနေ့ ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။

ကန့်ကွက်ခံနေရသည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေး / သီဟလွင် / ဧရာဝတီ

ဘာသာရေး၊ လူမျိုးရေးအကြောင်းပြ မဲဆွယ်သည်ဟုဆိုကာ ကြံ့ခိုင်ရေး ဥက္ကဌ ကန့်ကွက်ခံရ

by သီဟလွင်
24 December 2020
7.7k

ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြမဲဆွယ်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အသံဖိုင်များ၊ ရုပ်သံမှတ် တမ်း ဗီဒီယိုဖိုင် သက်သေ၊ အထောက်အထားများစွာကို ရရှိထားကြောင်း၊ ထို့ပြင် မဲဆွယ်စည်းရုံးရေး ကာလတွင် NLD မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရသည့်ကိစ္စများ၊

မြန်မာအွန်လိုင်းဈေးကွက်တွင် ဆေးလိပ်ဖြတ်စက်ဟု ကြေညာ၍ ရောင်းချနေသည့် e-စီးကရက်များ

E-စီးကရက် ထိန်းချုပ်ရေးအဆို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်

by သီဟလွင်
6 March 2020
30.5k

မြန်မာလူငယ်များအကြား ရေပန်းစားနေသည့် e-စီးကရက် သုံးစွဲမှုကို ထိန်းချုပ်တားဆီးရန် တိုက်တွန်းသည့် အဆိုတခုကို လက်ခံဆွေးနွေးရန် ပြည်သူ့လွှတ်တော်တွင် ယနေ့ ဆုံးဖြတ်လိုက်သည်။

Next Post
ဒီဇင်ဘာလ အတွင်းက တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်မှ KIA ထိန်းချုပ်နယ်မြေ ရှအိယန်ဒေသ ကို ပြောင်း ရွှေ့လာသည့် စစ်ဘေး ဒုက္ခသည်များ၏စစ်ရှောင် စခန်းတခု / မျိုးမင်းစိုး / ဧရာဝတီ

ကချင် စစ်ဘေး ဒုက္ခသည်များ အတွက် ထောက်ပံ့ငွေ အလေအလွင့်မရှိရန် စီစဉ်နေဟု ဆို

ပြည်ပနိုင်ငံတွင်း အလုပ်သွားရောက်လုပ်ကိုင်ရန် စုံစမ်းနေကြသည့် လူငယ်များ / ဧရာဝတီ

အလုပ်သမားများ လုပ်ငန်းခွင်စိတ်ဖိစီးမှု မြင့်မားနေကြောင်း Jobnet ထုတ်ပြန်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved