• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရားခံပြေး အောင်ဝင်းခိုင်ကို နေပြည်တော်ပရဆေးဥယျာဉ်အတွင်း ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ

by ထက်နိုင်ဇော်
2 June 2017
in သတင်း
A A
တရားခံပြေး အောင်ဝင်းခိုင်ကို နေပြည်တော်ပရဆေးဥယျာဉ်အတွင်း ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ
35k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥပဒေ အကြံပေး ဦးကိုနီ လုပ်ကြံခံရပြီး ၄ လအကြာတွင် အမှုတွင် ပါဝင်ပတ်သက်၍ ပုဒ်မ ၃၀၂ အရ တရားခံပြေးကြေညာထားသူ အောင်ဝင်းခိုင်ကို နေပြည်တော် ပရဆေး ဥယျာဉ်အတွင်း၌ မေလ ၃၀ ရက်နေ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်တွင် ရှာဖွေရခြင်းမှာ ရန်ကုန်မြို့ရှိ တရားရုံးမှ ထုတ်ပြန်ထားသည့် ဝရမ်းကို အတည်ပြုခြင်း ဖြစ်ပြီး အောင်ဝင်းခိုင် နောက်ဆုံး ရှိခဲ့သည့် နေရာတွင် တရားခံပြေးအဖြစ် ကြေညာလို၍ ရှာဖွေခြင်း ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဇော်ခင်အောင်က ဧရာဝတီသို့ ပြောသည်။

ရဲမှူးကြီး ဇော်ခင်အောင်က “အဲဒါကို ဝရမ်းကို အတည်ပြုတာ။ ရန်ကုန်ကနေ ထုတ်တဲ့ ဝရမ်းတွေကို လိုက်အတည်ပြုရတာ။ ဟိုမှာ ရှိတယ်။ ဒီမှာ ရှိတယ်ဆိုပြီး နောက်ဆုံး သူရှိခဲ့တဲ့ နေရာတွေမှာ တရားခံပြေးအဖြစ် ထုတ်ချင်လို့ သူနောက်ဆုံး သတင်းရှိတယ် နေရာတွေက အကုန်လုံးကို လိုက်ပြီး အတည်ပြုနေတာ”ဟု ပြောသည်။

ယင်းရှာဖွေမှုကို မှုခင်းတပ်ဖွဲ့(CID)က ဦးဆောင်ခြင်း ဖြစ်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့က လုံခြုံရေး လိုက်ပေးရကြောင်း၊ ရှာဖွေမှုတွင် ရပ်ကွက်အဆင့် တာဝန်ရှိသူများလည်း ပါဝင်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ထံမှ သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
508
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
40
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
85

“ဒီအမှုက နိုင်ငံတော်အဆင့် အမှုဖြစ်သွားတော့ CID က တိုက်ရိုက် ကိုင်တွယ်တာ ဖြစ်တဲ့အတွက် ကျနော်တို့ကို ရှာဖွေဖို့ သီးခြား ညွှန်ကြားတာတော့ မရှိဘူး။ အဲဒီနေ့ လာရှာတာတောင် ကျနော်တို့ကို ကြိုပြီး ပြောထားတာ မဟုတ်ဘူး။ သူတို့ အစီအစဉ်နဲ့ ရောက်လာပြီး နောက်မှ ကျနော်တို့လည်း သိရတာ။ ရှာတာတော့ မတွေ့ပါဘူး။ တွေ့ရင်လည်း ဟိုးလေးတကျော်ကျော် ဖြစ်နေပြီ”ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

အောင်ဝင်းခိုင်ကို နေပြည်တော်တွင် ရှာဖွေခွင့် ရရှိရန် တရားရုံး အဆင့်ဆင့်နှင့် ရဲတပ်ဖွဲ့ကို တွန်းအားပေးမှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ အစပိုင်းတွင် ရှာဖွေခွင့် မရခဲ့သော်လည်း မေလ ၂၆ ရက်တွင် ရန်ကုန်တိုင်း တရားလွှတ်တော်၏ ညွှန်ကြားချက်ကြောင့် ယခုကဲ့သို့ ရှာဖွေခြင်း ဖြစ်နိုင်ကြောင်း တရားလို ရှေ့နေဖြစ်သူ ဦးနေလက ဧရာဝတီသို့ ပြောသည်။

ရှေ့နေ ဦးနေလ က “နေပြည်တော်မှာ အခုမှ သွားရှာတော့ တရားရုံးက အမိန့်ထုတ်လို့ ရှာတာ ဖြစ်တဲ့အတွက် တရားခံက အဲဒီမှာ ရှိဦးမှာလား။ အဲဒီ ပရဆေး ဥယျာဉ်ကနေ ဘယ်လို သွားနိုင်လဲဆိုတာ ရှာဖွေဖို့ ရဲမှာ တာဝန်ရှိတယ်။ အဲဒီမှာ CCTV ကင်မရာတွေ ရှိတယ်လို့ ပြောတယ်။ အဲဒီ ကင်မရာ ကိစ္စတွေ ရှင်းဖို့လည်း သူတို့မှာ တာဝန်ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မေလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ရုံးချိန်းတွင် တရားရုံးက အထက်တရားလွှတ်တော်၏ ညွှန်ကြားချက် အရ အမှုစစ် အရာရှိကို စာတစောင်ထုတ်ခဲ့ကြောင်း၊ အဆိုပါ စာတွင် အောင်ဝင်းခိုင် ထွက်ပြေးလွတ်မြောက်သည့် နေပြည်တော် ပရဆေးဥယျာဉ် အပါအဝင် အခြားနေရာများတွင် ရှာဖွေဖမ်းဆီးမှုတွေ ဆောင်ရွက်ပြီးနောက် ပြန်လည် အစီရင်ခံမည်ဟု ပါရှိကြောင်း သိရသည်။

ယင်းရှာဖွေ စစ်ဆေးမှုများကို ယနေ့ ဇွန်လ ၂ ရက်နေ့တွင် တရားရုံးသို့ အစီရင်ခံရမည် ဖြစ်သော်လည်း ရဲတပ်ဖွဲ့ အဆင်သင့် မဖြစ်ဟု ဆိုကာ ဇွန်လ ၉ ရက်နေ့သို့ ချိန်းဆိုမှုကို မြောက်ပိုင်းခရိုင် တရားရုံးက သဘောတူခဲ့ကြောင်း၊ ယခု အမှုဖြစ်စဉ်တွင် တရားရုံးနှင့် ရဲတပ်ဖွဲ့တို့၏ ဆောင်ရွက်ချက်များကို အားမရကြောင်း တရားလွှတ်တော် ရှေ့နေ ဦးနေလက သုံးသပ်ပြောသည်။

၎င်းက “နေပြည်တော် ပရဆေးဥယျာဉ်ကို အရင်က ရှာဖွေခဲ့လား၊ မရခဲ့ဘူးလားဆိုတဲ့ ပြဿနာလည်း နည်းနည်းရှိတယ်။ ရဲက ရဲအလုပ် လုပ်ရမှာပဲ။ တရားခံတယောက် ဗမာပြည်ထဲမှာ ရှိနေလို့ရှိရင် မိအောင်ဖမ်းရမှာက သူတို့တာဝန်။ တရားရုံးကလည်း တရားရုံးအလုပ် လုပ်ပြီး ဖမ်းဝရမ်း ထုတ်ရမှာပဲ။ အခုဖြစ်နေတဲ့ တရားခံကို ဖမ်းဆီးရမိအောင် တွန်းအားပေးဖို့ ရှေ့နေမှာလည်း တာဝန်ရှိတယ်။ သူတို့ရဲ့ ထွက်ဆိုချက်အရ ဘာတွေ ဆက်ပြီး ဆောင်ရွက်ရမလဲဆိုတာ စဉ်းစားနေတယ်။ ရဲနဲ့ တရားရုံးက သူတို့အလုပ်ကို သူတို့လုပ်နေရင် ရှေ့နေက ဘာပြောစရာမှ အကြောင်းမရှိဘူး။ သူတို့တာဝန် မကျေပွန်ဘူးဆိုရင်တော့ ရှေ့နေက ပြောဖို့ တာဝန်ရှိမှာပဲ။ ဗမာပြည်ထဲက တရားခံကို ဘာလို့ မမိတာလည်းဆိုတဲ့ မေးခွန်းပြဿနာ ရှိတယ်။ မိအောင်ဖမ်းဖို့ တာဝန်က တရားရုံး ရော၊ ရဲမှာရော တာဝန်ရှိတယ်”ဟု သုံးသပ်သည်။

NLD ဥပဒေ အကြံပေး ဦးကိုနီသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် နိုင်ငံခြား ခရီးစဉ်တခုမှအပြန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

အဆိုပါ အမှုတွင် ပါဝင်နေသည့် တရားခံ ကြည်လင်း (ခ) ဖိုးထူးအား ပုဒ်မ ၃၀၂၊ လဝကအက်ဥပဒေ၊ လက်နက်မှုများ၊ အောင်ဝင်းဇော်ကို ပုဒ်မ ၃၀၂၊ ၁၉ (ခ)၊ ဇေယျာဖြိုးကို ပုဒ်မ ၃၀၂၊ ပုဒ် ၆၇၊ ၄၂၀၊ ၄၆၈နှင့် အောင်ဝင်းသန်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ စစ်ဆေးလျက်ရှိသည်။

Your Thoughts …
Tags: Crime
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဆေးရုံ ဗုံးကြဲတာ လူမဆန်တဲ့လုပ်ရပ် (ရုပ်/သံ)

ဆေးရုံ ဗုံးကြဲတာ လူမဆန်တဲ့လုပ်ရပ် (ရုပ်/သံ)

by ဧရာဝတီ
27 January 2025
270

အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲခရိုင်ဆေးရုံ အခြေအနေကို ဧရာဝတီက ကွင်းဆင်းမှတ်တမ်းတင်ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

ဖမ်းဆီးရမိသည့် တရားခံပြေး အောင်နိုင်မြင့် (ခ) နဂါးလေး ဝင်းနိုင် / Yangon Police / Facebook

မူးယစ်တရားခံပြေး နဂါးလေးကို ဖမ်းမိပြီ

by မေစစ်ပိုင်
23 February 2017
24k

မူးယစ်ဆေးဝါးမှု၊ လုယက်မှုများဖြင့် အလိုရှိနေသူ တရားခံပြေး အောင်နိုင်မြင့် (ခ) နဂါးလေး ဝင်းနိုင်ကို မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မကျီးချောင်း ၄ ရပ်ကွက်ရှိ နေအိမ်တွင်ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ထံက သိရသည်။

ဝါးခယ်မမြို့နယ်၊ ရွှေလောင်းဒေသ

ဝါးခယ်မမြို့နယ်တွင် ၇ တန်းနှင့် ၉ တန်းကျောင်းသူ ညီအစ်မ ၂ ဦး ကြိုးဆွဲချသေဆုံး

by ဆလိုင်းသန့်စင်
21 December 2016
46.8k

သေဆုံးသူများအတွက် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိရန်အတွက် ရွှေလောင်းစခန်းမှူး ရဲအုပ်ဌေးဝင်းက တရားလိုပြုလုပ်၍ ရွှေလောင်းနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်

သက်ငယ်မုဒိန်း သေဒဏ်ပေးရေးပြင်ဆင်ချက် ပြည်သူလွှတ်တော် ဆွေးနွေးခြင်းမပြု

သက်ငယ်မုဒိန်း သေဒဏ်ပေးရေးပြင်ဆင်ချက် ပြည်သူလွှတ်တော် ဆွေးနွေးခြင်းမပြု

by စမ်းယမင်းအောင်
3 February 2017
8.2k

ဒေါ်ခင်စောဝေ အဆိုပြုလာသည့် ပြင်ဆင်ချက်တွင် သက်ငယ်မုဒိန်း (အသက် ၁၆ နှစ်အောက် မိန်းကလေး ကို မတရားပြုကျင့်ခြင်း)အား ထောင်ဒဏ် တသက်တကျွန်း (နှစ် ၂၀) သို့ မဟုတ် သေဒဏ် အထိချမှတ်ရန် ပြစ်ဒဏ်ကို တိုးမြှင့်ထားပြီး၊...

တည်ဆောက်မှုများရပ်ဆိုင်းထားသည့် မြောင်းမြမြို့ အဝေးပြေးကားဝင်း / ဆလိုင်းသန့်စင် / ဧရာဝတီ

မြောင်းမြအဝေးပြေးကားဝင်းတည်ဆောက်သူကို လိမ်လည်မှုဖြင့် အမှုဖွင့်

by ဆလိုင်းသန့်စင်
28 November 2016
30.7k

အစိုးရအကူးအပြောင်း ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းမှုနှင့်အတူ ဈေးဆိုင်ခန်းများလည်း မျှော်လင့်ထားသလို ရောင်းချနိုင်ခြင်း မရှိသည့်အတွက် ငွေမချေနိုင်ခြင်းဖြစ်သည်။

ဦးဝါယမ ခေါ် ခွန်မောင်လင်းအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ပြည်ခရိုင်တရားရုံးတွင် ရုံးထုတ်စဉ်  / ကောင်းမြတ်မင်း

၇ တန်းကျောင်းသူကို အဓမ္မပြုကျင့်သည့် ကျောင်းထိုင်ဘုန်းကြီး ထောင်နှစ် ၂၀ ချမှတ်ခံရ

by ကောင်းမြတ်မင်း
10 December 2016
59k

ပထမ သတင်းပေးတိုင်ကြားတာ ကလေးရဲ့ ဆရာမ ဒေါ်မော်မော်ဝင်း၊ သူကိုယ်တိုင်ပဲ အမှုဖွင့်ပြီး တရားလို လုပ်ခဲ့တာ၊ အမှုကို စတင်ကြားနာ စစ်ဆေးတာကတော့ ၁၃ ရက် ၁ လ ၂၀၁၅ မှာ စစစ်တာ အခုဆို...

Next Post
မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရေနံမြေဖြစ်တဲ့ ငနောင်မုန်းကို ထောင်နဲ့ချီတဲ့ အလုပ်သများတွေဟာ ငွေကြေးပြေလည်ပြီး ချမ်းသာဖို့ ဆိုတဲ့ အိပ်မက်နဲ့ ရောက်ရှိလာကြတာပါ။ / ADAM DEAN

ရေနံအိပ်မက်ကို တူးဖော်နေသူများ

ရေးမြို့ မြို့မရဲစခန်း / ဟင်္သာနီ (မွန်မြေ)

သက်ငယ်မုဒိန်းမှု ကြားဝင်ညှိနှိုင်းသူ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များကို တရားစွဲထား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved