• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မူးယစ် တိုက်ဖျက်ရေး ရဲ တပ်ဖွဲ့ အင်အား နည်းပါးနေဟု ဆို

by နန်းလွင်နှင်းပွင့်
5 August 2017
in သတင်း
A A
မန္တလေးမြို့တွင် ရက် ၁၀၀ စီမံချက်နှင့် သတင်းအရ မူးယစ်ဆေးဝါး သုံးဆွဲသူများကို အင်အားသုံး ရှာဖွေဖမ်းဆီး နေမှု အား ဇူလိုင်လ၂၅ ရက်နေ့ နံနက်ပိုင်းက ၂၂ လမ်း ကမ်းနားလမ်း အနီးတွင် တွေ့ရှိရသည်။  / ဇော်ဇော် / ဧရာဝတီ

မန္တလေးမြို့တွင် ရက် ၁၀၀ စီမံချက်နှင့် သတင်းအရ မူးယစ်ဆေးဝါး သုံးဆွဲသူများကို အင်အားသုံး ရှာဖွေဖမ်းဆီး နေမှု အား ဇူလိုင်လ၂၅ ရက်နေ့ နံနက်ပိုင်းက ၂၂ လမ်း ကမ်းနားလမ်း အနီးတွင် တွေ့ရှိရသည်။ / ဇော်ဇော် / ဧရာဝတီ

18.8k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများကို ထိထိရောက်ရောက် ဖမ်းဆီး စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့ အင်အား နည်းပါးနေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မဲဆန္ဒနယ် အမတ် ဒေါက်တာ ဒေါ်ပြုံးက ယမန်နေ့က နေပြည်တော်၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသွားကြောင်း သတင်းရရှိသည်။

ဒေါက်တာ ဒေါ်ပြုံးက ပြည်သူ့လွှတ်တော် အစည်းအဝေး၌ “စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်း မူးယစ် ဆေးဝါး ရောင်းဝယ် သုံးစွဲနေခြင်းကို လျှော့ချရန်နှင့် ယခုထက် ပိုမိုသော အစီအမံများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်း မေးမြန်းရာတွင် ရဲတပ်ဖွဲ့အင်အား နည်းနေခြင်းကို ထောက်ပြ ပြောဆိုသွားခြင်း ဖြစ်သည်။

ဒေါက်တာ ဒေါ်ပြုံးက “ရဲနဲ့ ပြည်သူအချိုးက ၁ အချိုး ၁၄၀၀ လောက် ဖြစ်နေပါတယ်။ ဒီကြားထဲ အခြား ရဲ လုပ်ငန်းတွေကို အားဖြည့် ဆောင်ရွက်နေရတော့ မူးယစ်ဆေးဝါး ရှာဖွေတားဆီးရာမှာလည်း အခက်အခဲ ဖြစ်နေပါတယ်”ဟု ပြောသည်။

မူးယစ်ဆေးဝါး ရောင်းချသူများကို ဖမ်းဆီးရန် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများတွင် တာဝန် ရှိကြောင်း ဒေါက်တာ ဒေါ်ပြုံးက ဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှ အုပ်ချုပ်ရေး အဆင့်ဆင့်အနက် မြို့နယ်အဆင့်၌ မူးယစ်ဆေးဝါး ကင်းရှင်းသော် လည်း ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးများonf မူးယစ်ဆေး ရောင်းဝယ်သူများ၏ ခြိမ်းခြောက်ခြင်း၊ စည်းရုံး သိမ်းသွင်းခြင်းများကြား လုံးထွေးနေသည်ကို သိရှိထားကြောင်းလည်း ဒေါက်တာ ဒေါ်ပြုံးက ပြောဆိုသည်။

ဆက်လက်ပြီး ၎င်းက “တချို့ဝန်ထမ်းဆိုးများရဲ့ အဂတိ လိုက်စားမှုများလည်း ရှိနေပါတယ်။ ပြည်သူလူထုရဲ့ ရဲတပ်ဖွဲ့ အပေါ် ယုံကြည်မှုကလည်း နည်းနေသေးတာကို တွေ့ရပါတယ်။ ဒါတွေကြောင့် မူးယစ်ဆေးဝါး နှိမ်နင်း တားဆီးရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ထင်သလောက် ခရီးမပေါက် ဖြစ်နေပါတယ်” ဟုလည်း ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှာ ဖွဲ့စည်းပုံအရ စုစုပေါင်း အင်အား ၃၉၉၄ ဦး ရှိရမည်ဖြစ်သော်လည်း လက်ရှိ အင်အားမှာ ၁၁၁၈ ဦးသာ ရှိ ကြောင်း၊ ရာခိုင်နှုန်းအရ ၂၇.၉၉ ရာနှုန်းသာ ရှိသဖြင့် ရဲတပ်ဖွဲ့ အင်အား ပြည့်မီနိုင်ရေးကို စီမံချက်များ ချမှတ် ဆောင်ရွက် နေသည်ဟုဆိုကာ ဒေါက်တာ ဒေါ်ပြုံး၏ ပြောဆိုချက်များအပေါ် ပြန်လည် ဖြေကြားသည်။

ဗိုလ်ချုပ် အောင်စိုးက “မူးယစ်တပ်ဖွဲ့စု ၆၊ မူးယစ် တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ ခွင့်ပြုအင်အားမှာ အရာထမ်း အမှုထမ်း စုစုပေါင်း ၃၆ ဦး ဖြစ်ပြီး လက်ရှိ ၁၆ ဦး၊ ဖွဲ့စည်းပုံရဲ့ ၄၄.၄၂ ရာခိုင်နှုန်းနဲ့ အင်းတော်မြို့နယ် အပါအဝင် မြို့နယ် ၇ မြို့နယ် မှာ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး လုပ်ငန်းများ နယ်မြေ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့များနဲ့ ပူးပေါင်း ဆောင် ရွက်လျက် ရှိပါတယ်”ဟု ပြောသည်။

ဒေါက်တာ ဒေါ်ပြုံးက ၎င်း၏ မဲဆန္ဒနယ် အင်းတော်မြို့နယ်အတွင်း ရပ်ကွက် ၄ခု၊ ကျေးရွာ ၁၃၅ ရွာ ၊ လူဦးရေ ၁သိန်း ၃သောင်းရှိပြီး အများစုမှာ လယ်သမားများ ဖြစ်ကြောင်း၊ ထိုရပ်ကွက် ကျေးရွာများတွင် မူးယစ်ဆေးဝါး ကင်းစင်သည့် ရပ်ကွက် ကျေးရွာ တခုမှ မရှိကြောင်း၊ ကျေးရွာလူထုအနက် လူငယ် ၇၀ ရာခိုင်နှုန်းခန့်မှာ မူးယစ်ဆေးဝါး စွဲနေသည့် အဆင့် ရောက်နေသည့်အပြင် ရွာများအတွင်း မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူများ စည်ကားနေသည်များ ရှိသည်ဟု ဆို သည်။

“ဒီ့ထက် ဆိုးတာက ကျမတို့ ခရီးသွားတဲ့အခါ စစ်ဆေးရေးဂိတ်တွေ ရောက်ရင် အင်းတော်ရဲ့ မှတ်ပုံတင် ၅/အတန(နိုင်) ကိုင်ထားတယ်ဆို ကျမတို့ကို ခဏဘေးဖယ်ထားပြီး သီးခြားပြောဆို ရှာဖွေခံရတာတွေ ရှိပါတယ်။ ဒီလောက် သတိထား မိလောက်အောင် မူးယစ်ဆေးဝါး သယ်ယူမှု ပေါများနေပါတယ်” ဟုလည်း ဒေါက်တာ ဒေါ်ပြုံးက ပြောသည်။

ဗိုလ်ချုပ် အောင်စိုးက အင်းတော်မြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးများ ဆောင်ရွက်နေပြီး ၂၀၁၅ ခုနှစ် တွင် အမှုပေါင်း ၉၈ မှု၊ တရားခံ ကျား/မ ၁၈၇ ဦး၊ ၂၀၁၆ ခုနှစ်တွင် အမှုပေါင်း ၁၂၀၊ တရားခံ ကျား/မ ၂၀၇ ဦး၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှ သြဂုတ်လ ၂ရက် အထိ အမှုပေါင်း ၇၆ မှု၊ တရားခံ အမျိုးသား ၁၃၀ နှင့် အမျိုးသမီး ၄ ဦးတို့ ဖမ်းမိ ထားသည် ဟု ဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း အင်းတော်မြို့နယ်၌ ဘိန်း ၇.၇၉၅ ကီလို၊ ဘိန်းဖြူ ၆.၅၇ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၃သိန်း ကျော် ဖမ်းမိထားကြောင်း၊ အင်းတော်မြို့နယ်သည် ကချင်ပြည်နယ်၊ ကျောက်စိမ်းတူးဖော်ရာ နေရာများသို့ မူးယစ်ဆေး သယ်သည့် လမ်းကြောင်း ဖြစ်နေသဖြင့် မူးယစ်ဆေးဝါး အများအပြား ရှိနေခြင်း ဖြစ်သည်ဟုလည်း ဗိုလ်ချုပ် အောင်စိုးက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
281
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
41

ဆက်လက်ပြီး ၎င်းက “ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ တဖွဲ့ကို အင်းတော်မြို့မှာ အခြေပြုထားပြီး နယ်မြေ ရင်း တပ်ဖွဲ့ဝင်များ အုပ်ချုပ်ရေးအဖွဲ့ဝင်များနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုအားကို ရယူပြီး တိုးမြှင့်ဆောင်ရွက် သွားမှာဖြစ်ပြီး ဝန်ထမ်းများရဲ့ ပါဝင်ပတ်သက်မှု ရှိပါက ဖော်ထုတ်စစ်ဆေး အရေးယူမှုများ ဆောင်ရွက် သွားမယ်”ဟု ပြောဆိုသည်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲသူများ လျော့ကျရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မူးယစ် ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ် အမြန်ဆုံး ပေါ်ထွက်လာရေး အတွက် လမ်းပြ မြေပုံရေးဆွဲ ချမှတ်ထားကြောင်း ဗိုလ်ချုပ် အောင်စိုးက ပြောသည်။

အစိုးရကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လက်ရှိကျင့်သုံးနေသည့် ၁၉၉၃ ခုနှစ်၊ မူးယစ် ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးဆိုင်ရာ ဥပဒေကို ပြင်ဆင်ရန် လိုအပ်သည့် ဥပဒေမူကြမ်းကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်း အစည်းအဝေးပြုလုပ်ကာ လွှတ်တော်သို့ ပေးပို့ထားပြီး အမျိုးသား လွှတ်တော်၌ ဆွေးနွေးနေပြီ ဖြစ်သည်။

Your Thoughts …
Tags: DrugPolice
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ချောင်းဆိုးပျောက်ဆေး, မူးယစ်ဆေး , Dextro Tablet , ကျောင်းသား လူငယ် , ပုသိမ်

ချောင်းဆိုးပျောက် ဆေးကို မူးယစ်ဆေးအဖြစ် ပုသိမ်က လူငယ်တချို့ သုံးစွဲနေ

by ဆလိုင်းသန့်စင်
21 August 2014
9.2k

Dextro Tablet ခေါ် ချောင်းဆိုး ပျောက်ဆေး လုံးများကို မူးယစ်ရီဝေ စေရန်အတွက် အလုံးရေများစွာ သောက်သုံး၍ မူးယစ်ဆေး သဖွယ် အသုံးပြု နေခြင်းများ တွေ့ရှိရကြောင်း

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

by ရန်ပိုင်
8 July 2013
7k

ကိုးကန့် စော်ဘွားရဲ့ ကာကွယ်ရေး တပ်အရာရှိဟောင်း တဦးဖြစ်တဲ့ ဦးလော်စစ်ဟန်ဟာ ဗမာ ပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကို ဖြိုခွဲရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူ ဖြစ်ပြီး မြန်မာစစ်တပ် အရာရှိကြီးတွေနဲ့ နီးစပ်ခဲ့သူ လည်းဖြစ်ပါတယ်။

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

ဖိုးလပြည့် လက်သီးနှင့် အထိုးခံရသည့် ရဲကို နေပြည်တော်တွင် ခေါ်ထားသည်ဟု ဆို

by ထက်နိုင်ဇော်
21 March 2013
37.8k

ယူနီဖောင်းဝတ် ၀န်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင် ချမှတ်နိုင်ကြောင်း

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

Next Post
ကျွန်တော်ရေးချင်တဲ့အကြောင်း၊ ကျွန်တော် ပြောချင်တဲ့အကြောင်း၊ ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော် လုပ်ကြံမှု စာအုပ်မျက်နှာဖုံး

ဦးဝင်းထိန်ရေးတဲ့ ဦးဝင်းထိန်စိတ်ဓာတ်

/ Pai’s Bar facebook

တိုင်းရင်းသားရိုးရာဖျော်ဖြေမှုများနဲ့ ဖမ်းစားမယ့် Pai's Bar

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved