• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘိန်းစိုက်ပျိုးရန် လက်နက်ကိုင်အဖွဲ့များကို အခွန်ဆောင်နေရဟု လွှတ်တော်အမတ် ပြော

by ထက်နိုင်ဇော်
19 August 2017
in သတင်း
A A
ရှမ်းပြည်နယ်အတွင်း တွေ့ရသော ဘိန်းစိုက်ခင်း တခု / ဧရာဝတီ

ရှမ်းပြည်နယ်အတွင်း တွေ့ရသော ဘိန်းစိုက်ခင်း တခု / ဧရာဝတီ

10.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရှိ ဘိန်းစိုက်ပျိုးရာ ဒေသများတွင် ဘိန်းစိုက်ပျိုးခွင့် ရရှိရန် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အခွန်များစွာ ပေးဆောင်နေရဆဲ ဖြစ်ပြီး အစိုးရ၏ စီမံချက်ဖြင့် ဘိန်းခင်းများ ဖျက်ဆီးခံရသည့်အခါတွင်လည်း လာဖျက်သည့် ရဲများကို တယောက်လျှင် တသောင်း၊ နှစ်သောင်း ကျခံ၍ လုပ်အားခသဖွယ် ပေးနေရကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ ခင်စည်သူက မနေ့က ကျင်းပသည့် လွှတ်တော်တွင် ပြောသည်။

၎င်းက မြန်မာနိုင်ငံတွင် ဘိန်းစိုက်တောင်သူများအား ဘိန်းမစိုက်ဘဲ ဘဝရပ်တည်ရေးအတွက် နိုင်ငံတော်မှ အမျိုးသားရေး တာဝန်အဖြစ် စနစ်တကျ စီမံကိန်းများ ချမှတ် အကောင်အထည်ဖော်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကို မေးမြန်းစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

သို့သော် ၎င်းဆွေးနွေးနေစဉ်မှာပင် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက ယခုဆွေးနွေးချက်များသည် လွှတ်တော် ဥပဒေ၊ နည်းဥပဒေများနှင့် မကိုက်ညီကြောင်း၊ လူပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခုခုကို ထိခိုက်အောင် ပြောဆိုခွင့် လွှတ်တော် ကိုယ်စားလှယ်တွင် မရှိကြောင်း ပြောဆိုပြီး မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့သည်။

“ဘိန်းစိုက်တောင်သူတွေကိုယ်တိုင်က ကျမကို ပြောပြတာ။ သူတို့ တပ်တွေ၊ ရဲတွေနဲ့ လက်နက်ကိုင်တွေကို အခွန်တွေ ပေးနေရတယ် တဲ့။ အခုချိန်အထိ အခွန်ပေးနေရတယ်။ သူတို့ကိုယ်စား ကျမက တင်ပြရတာ ဖြစ်တယ်။ အဲဒါကို တပ်က ကန့်ကွက်တော့ ကျမဆွေးနွေး တဲ့ စာသား ၂ ကြောင်းကို ဖြုတ်ပေးလိုက်ရတယ်”ဟု ဒေါက်တာ ခင်စည်သူက ဧရာဝတီသို့ ပြောသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကလည်း ဒေါက်တာ ခင်စည်သူ ဆွေးနွေးစဉ်က သေချာ မကြားလိုက်၍ လွှတ်တော် ညွှန်ချုပ်၏ အကူအညီ ဖြင့် သူမ၏ ပြောဆိုချက်များကို လုံးကောက်ထုတ်ကာ ဥပဒေနှင့် ညီညွှတ်မှု မရှိ၍ ယင်းစားသား ၂ ကြောင်းကို လွှတ်တော် မှတ်တမ်းမှ ရုတ်သိမ်းကြောင်း၊ သို့သော် သက်ဆိုင်ရာ ကိုယ်စားလှယ်နှင့် ပတ်သက်၍ အရေးယူခွင့်မှာ ၎င်း၏ လုပ်ပိုင်ခွင့်ဖြစ်သည့်အပြင် ၎င်း၏ အဆုံးအဖြတ်သည် အတည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးခဲ့သည်။

“လွှတ်တော်မှာ ဆွေးနွေးတယ်ဆိုရင် နည်းဥပဒေအရ အဖွဲ့အစည်းတခုခု ပုဂ္ဂိုလ်တဦးဦး ဝေဖန်ပုပ်ခတ်တာ၊ နောက် မဖွယ်မရာ အသုံး အနှုန်းတွေ၊ မသင့်လျော်တဲ့ စကားလုံးတွေ နည်းဥပဒေမှာ ရှိပါတယ်။ လိုအပ်ရင် ဒါ လွှတ်တော်ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့် ဖြစ်ပါတယ်။ ကျနော် ကိုယ်တိုင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ကျနော် ဆုံးဖြတ်ပြီးရင် ကျနော်ရဲ့ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ပဲ ဖြစ်ပါတယ်”ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။

ဒေါက်တာ ခင်စည်သူက“ကျမကို လွှတ်တော် ဥက္ကဋ္ဌက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ခေါ်ဦးမှာ။ ခေါ်မယ်လို့ မျှော်လင့်ထားတယ်။ အခုက နားရက် ဖြစ်သွားလို့ မခေါ်သေးတာ။ အခုကိစ္စက ရန်ကုန်မှာလုပ်တဲ့ Workshop တွေမှာလည်း ပြောနေတာ။ အစီရင်ခံစာတွေမှာ အာဏာပိုင်တွေ ပါနေတယ်ဆိုတာ ပါပြီးသားပါ”ဟု ဧရာဝတီသို့ ပြောသည်။

၎င်း၏ မဲဆန္ဒနယ် အပါအဝင် ကယား၊ ရှမ်း၊ ကချင်နှင့် ချင်းပြည်နယ်တို့တွင် ဘိန်းစိုက်ပျိုးသူများမှာ ရှိနေဆဲ ဖြစ်ကြောင်း၊ ဆင်းရဲသော လူနည်းစု တိုင်းရင်းသား ဘိန်းစိုက်တောင်သူများ၏ ဘဝလုံခြုံမှု၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ကို အစိုးရက ဂရုမစိုက်ခဲ့၍ ဘိန်းကို ဝင်ငွေရသီးနှံအဖြစ် စိုက်ပျိုးနေရခြင်း ဖြစ်ကြောင်း ဒေါက်တာ ခင်စည်သူက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးကမူ ဘိန်းစိုက်ပျိုးသည့် အဓိကဒေသများ ဖြစ်သော ရှမ်းပြည်နယ်တွင် ၄၃ မြို့နယ်၊ ကချင် ပြည်နယ်တွင် ၄ မြို့နယ်၊ ကယား ပြည်နယ်တွင် ၂ မြို့နယ်၊ ချင်းပြည်နယ်တွင် ၂ မြို့နယ် စုစုပေါင်း ၅၁ မြို့နယ်တွင် မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ၂၀၁၄ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် ဘိန်းစိုက်ပျိုးမှု ပြန်လည် မြင့်တက်လာသဖြင့် စီမံကိန်းကာလကို ၂၀၁၉ အထိ ၅ နှစ်တိုးထားကြောင်း လွှတ်တော်တွင် ပြောသည်။

“လက်ရှိ ရေးဆွဲလျက်ရှိတဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒအသစ်မှာ ဘိန်းစိုက်ပျိုးတဲ့ ဒေသတွေအတွက် လိုအပ်တဲ့ လူမှု စီးပွားရေး ဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒနဲ့ နယ်ပယ်များကို သတ်မှတ်ရေးဆွဲလျက် ရှိပါတယ်”ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

ထို့ပြင် ဘိန်းအများဆုံး စိုက်ပျိုးသော ဒေသများတွင် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ရေရရှိရေး၊ မွေးမြူရေး၊ စွမ်းအင်၊ ပြည်သူ့ဆက်ဆံရေး၊ ဘာသာရေးစသည့် လုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျပ်သန်းပေါင်း ၇၅၆၄၁ ဒသမ ၈၀၂ သန်း သုံးစွဲခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
38
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
765
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218

“အစိုးရတရပ်ရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် ဘဝများစွာ ပျက်စီးစေခြင်းက ဘိန်းစိုက်ပျိုးခြင်းမှတဆင့် မူးယစ်ဆေးဝါးကြောင့် ကြွေလွင့် ပျက်စီးခြင်းထက် အရေးကြီးတဲ့အတွက် ပြည်သူလူထုကိုယ်စား မေးမြန်းရတာပါ”ဟု အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကယားပြည်နယ် ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခင်စည်သူက လွှတ်တော်တွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ထွက်ရှိမှု အများဆုံးနိုင်ငံ စာရင်းတွင် ယနေ့အထိ ပါဝင်နေဆဲဖြစ်သည်။

Your Thoughts …
Tags: တပ်မတော်ဘိန်းလက်နက်ကိုင်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

by ဧရာဝတီ
15 November 2024
22.3k

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားမှုရှိနေသည့်အပြင် ယခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

စစ်မှုမထမ်းလို၍ တော်လှန်ရေးတပ်ဖွဲ့များသို့ လူငယ်များ သောင်းချီ ဆက်သွယ်

စစ်မှုမထမ်းလို၍ တော်လှန်ရေးတပ်ဖွဲ့များသို့ လူငယ်များ သောင်းချီ ဆက်သွယ်

by မိအိသဉ္ဇာမြင့်
24 April 2024
4.1k

စစ်ကောင်စီအတွက် စစ်မှုမထမ်းလိုသည့် လူငယ် ၂ သောင်း ၆ ထောင်ကျော် ဆက်သွယ်လာရာ ၈၀ ရာခိုင်နှုန်းခန့်မှာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး လက်နက်ကိုင်တော်လှန်လိုသူများ ဖြစ်ကြောင်း CDM စစ်သည်များဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ရင်ခွင်အဖွဲ့ထံမှ သိရသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

Next Post
KNU တပ်မဟာ (၁) မှ တာဝန်ရှိသူများ မွန်ပြည်နယ် အစိုးရ အဖွဲ့နှင့် သြဂုတ်လ ၁၈ ရက်နေ့ကတွေ့ဆုံစဉ် /  ဟင်္သာနီ(မွန်မြေ) / ဧရာဝတီ

KNU က နယ်မြေဖွံ့ဖြိုးရေး လိုအပ်ချက်များ အစိုးရကို တင်ပြ

မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး / ဧရာဝတီ

မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး နှင့် တွေ့ဆုံခြင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved