သတင်း

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် မိန်းကလေးရုပ်အလောင်းထည့်ထားတဲ့ ခရီးဆောင်အိတ် လမ်းဘေးတွင်တွေ့ရှိ

ပြီးခဲ့တဲ့ သောကြာနေ့က အသက် ၁၆ နှစ်အရွယ်သာရှိသေးတဲ့ အမ်မလီပေဂူရို အမည်ရှိ မိန်းကလေးတဦးရဲ့ ရုပ်အလောင်းထည့်ထားတဲ့ ခရီးဆောင်အိတ်တခုဟာ ဒိုမေနီကန်ရီပတ်ဗလစ်နိုင်ငံရဲ့ လမ်းဘေးတနေရာမှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

လမ်းဘေးတွင်တွေ့ရတဲ့ သေဆုံးသူမိန်းကလေးရဲ့ ရုပ်အလောင်း
dailymail.com

အဆိုပါသေဆုံးမှုသတင်းဟာ ဒိုမေနီကန်နိုင်ငံ တခုလုံးအကြီးအကျယ် ပြန့်နှံ့ခဲ့တာပါ။

People Chica သတင်းရဲ့ ဖော်ပြချက်အရ အဆိုပါ သေဆုံးသူအမျိုးသမီးငယ်မှာ ကိုယ်ဝန် ၅ လရှိနေတယ်လို့ သိရပါတယ်။

သေဆုံးသူ မိန်းကလေး ချစ်သူဖြစ်သူ အမေရိကန်နိုင်ငံသား
dailymail.com

အဆိုပါ သေဆုံးမှုနဲ့ ပတ်သက်ပြီး အမ်မလီရဲ့ချစ်သူ အမေရိကန်နိုင်ငံသား မာလွန်မာတိုင်းဇ်က အမ်မလီဟာ တရားမဝင် ကိုယ်ဝန်ဖျက်ချမူူကြောင့် သေဆုံးခဲ့ရကြောင်း၊ ရုပ်အလောင်းကို သူကိုယ်တိုင် စွန့်ပစ်ထားခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။

သို့သော် ဆေးစစ်ချက်များအရ သေဆုံးသူရုပ်အလောင်းရဲ့သားအိမ်မှာလည်း ပေါက်ပြဲရာများရှိနေကာ ဒါဟာ ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အကြောင်းအရာကို ပြသနေခြင်းဖြစ်ပြီး ဦးခေါင်းတဝိုက်မှာလည်း ရိုက်နှက်ဒဏ်ရာ လက္ခဏာများလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သေဆုံးမှုနဲ့ ပတ်သက်လို့ မာလွန်မာတိုင်းဇ်နဲ့ သူရဲ့မိခင်ဖြစ်သူ မာလင်မာတိုင်းဇ်တို့နှစ်ဦးကို ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

ကျူးလွန်သူ မာလွန်မာတိုင်းဇ်ဘက်မှ အမှုလိုက်ပေးမယ့် ရှေ့နေတဦးဖြစ်တဲ့ ဆီဇာဂျိုးဟာနန်းက်ဇ်ဟာလည်း ခြိမ်းခြောက်မှုများနဲ့ ကြုံနေရကြောင်း၊ သူအပါအဝင် သူ့ရဲ့မိသားစုဝင်များကိုပါ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုများကိုပါ ခံခဲ့ရကြောင်း၊ ဆိုရှယ်မီဒီယာစာမျက်နှာများမှာလည်း အပုတ်ချဝေဖန်ခံနေရကြောင်း၊ သို့သော်လည်းအခြေအနေအားလုံးကို နားလည်တဲ့အတွက် အားလုံးကို လစ်လျူရှူထားကြောင်း People Chica ကို ပြောဆိုခဲ့ပါတယ်။

www.oxygen.com တွင် ဖော်ပြထားတဲ့ Pregnant 16-Year-Old’s Body Found Stuffed In Suitcase On Side Of Road ဆိုသော သတင်းကို ငြိမ်းချမ်းစိုး ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading