• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သတ္တုတူးဖော်ရေးလုပ်ကွက် လိုင်စင်လျှောက်ထားမှု များပြား

by ကျော်မျိုး
11 August 2018
in သတင်း
A A
ဖားကန့်ရှိ ကုမ္ပဏီပိုင် ကျောက်စိမ်းလုပ်ကွက်  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

ဖားကန့်ရှိ ကုမ္ပဏီပိုင် ကျောက်စိမ်းလုပ်ကွက် / မြတ်ပြည့်ဖြိုး / ဧရာဝတီ

5.6k
VIEWS
Share on FacebookShare on Twitter

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက သတ္တုတူးဖော်ရေး လုပ်ကွက်သစ် ပြန်လည်လျှေုာက်ထားခွင့်ပြုခဲ့ရာ လိုင်စင်လျှောက်ထားမှု များပြားကြောင်း သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး က ပြောသည်။

အစိုးရသစ်လက်ထက်တွင် သတ္တုတွင်းလိုင်စင်ချထားပေးမှုကို ၂ နှစ်ကြာရပ်နားထားရာမှ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်ကာ လိုင်စင် ပြန်လည်လျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဦးခင်လတ်ကြီးက “စစချင်း လျှောက်တဲ့အပတ်မှာပဲ လျှောက်လွှာ ရာကျော်တယ်။ ၂ နှစ်တာကာလ ပိတ်ထားတာဆိုတော့ တော်တော်များများ လျှောက်ကြပါတယ်” ဟု ပြောသည်။

လုပ်ကွက်သစ်များကို ပြည်ထောင်စုအဆင့် အနေဖြင့် ပြန်လည်လျှောက်ထားခွင့်ပြုခဲ့သည်မှာ အကျယ်အဝန်း ၂၄၇ ဒသမ ၁ ဧကမှ ဧက ၅ သိန်းအထိ (၁ စတုရန်းကီလိုမီတာနဲ့ ၂၁၀၀ ကီလိုမီတာအထိ) သတ်မှတ်ထားသော အကြီးစား လုပ်ကွက်နှင့် ရွှေလုပ်ကွက် ၄ ဧက အထက်မှ ၂၄၇ ဧက၊ သတ္တုလုပ်ကွက် ၁၀ ဧကအထက်မှ ၂၄၇ ဧက၊ နောက် စက်မှုတွင်းထွက်ကုန်ကြမ်း ၂၀ဧကအထက်မှ ၂၄၇ ဧကအထိ သတ်မှတ်ထားသည့် အလတ်စားလုပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။

၂၀ ဧကနှင့် အောက်ရှိ အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များကိုမူ တိုင်းဒေသကြီး ပြည်နယ်အစိုးရမှ ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

“အဲဒီမှာ သူတို့လျှောက်တာကတော့ အများကြီးပါ။ ဒါပေမယ့် အဓိကကတော့ အလတ်စားလျှောက်တာများပါတယ်” ဟု ဦးခင်လတ်ကြီး က ပြောသည်။

လက်ရှိတွင် လျှောက်လွှာများကို လုပ်ကွက်စိစစ်ရေးအဖွဲ့မှ စိစစ်ဆဲဖြစ်သည့်အတွက် မည်သည့်နိုင်ငံက လျှောက်ထားမှု များသည်ကို အသေးစိတ်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

လျှောက်လွှာများကို ကနဦးလုပ်ကွက်စိစစ်ရေးအဖွဲ့၊ ဝန်ကြီးဌာန လုပ်ကွက်စိစစ်ရေးအဖွဲ့တို့က စိစစ်ကာ စီမံခန့်ခွဲရေး ကော်မတီကို တင်ပြမည်ဖြစ်ကြောင်း ၊ ယင်းနောက် လုက်ကွက်များကို မည်သည့်စနစ်ဖြင့် ဆောင်ရွက်မည်ကို သတ်မှတ်ခြင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်၏ သဘောထားမှတ်ချက်တောင်းခံခြင်းတို့ ပြုလုပ်ကာ လုပ်ကွက်ချထားပေးမည် ဖြစ်ကြောင်း သိရသည်။

“သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်ရဲ့ သဘောထားမှတ်ချက်က မြန်ရင် မြန်သလို လုပ်ကွက်ချတဲ့အနေအထား ဖြစ်လာမယ်။ ဥပမာ သူတို့က တလအတွင်းပြန်တယ်ဆိုရင် တို့ဆီက စိစစ်ပြီးတဲ့အချိန် နောက်ထပ် တလခွဲ နှစ်လဆိုရင် ချပေးမယ်ပေါ့နော်” ဟု ဦးခင်လတ်ကြီးက ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
7
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
62
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
21

မြန်မာ့ သတ္တုတွင်း ဥပဒေကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ပြင်ဆင်ခဲ့ရာ နည်းဥပဒေ မရှိသေးသည့်အတွက် လုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ရပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် နည်းဥပဒေသစ်ထွက်ရှိခဲ့သည့်အတွက် လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ နည်းဥပဒေသစ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးနှင့်ပတ်သက်ပြီး အဓိကထား လုပ်ဆောင်ရန် ထည့်သွင်းရေးဆွဲထားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက ပြောသည်။

ဦးစိုးသူရထွန်းက “လွှတ်တော်ဘက်ကတော့ နည်းဥပဒေကို နည်းနည်းပြင်ထားတာ ရှိတယ်။ မပြီးသေးဘူးပေါ့။ ပြီးရင်တော့ သူတို့ခေါ်တဲ့ လုပ်ကွက်အတိုင်း စည်းကမ်းအတိုင်း လိုက်နာရင်တော့ ပြဿနာမရှိပါဘူး။ အရင်တုန်းက လုပ်ခဲ့တဲ့ သတ္တုတွင်းတွေထက်တော့ အများကြီး ပိုကောင်းလာမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး က “ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကို အဓိကထားပြီး မဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ သဘောပါလာပြီ၊ ဒီလုပ်ကွက်တွေ လုပ်ပြီးရင် မိုင်းပိတ်သိမ်းတဲ့ လုပ်ငန်းတွေကိုလည်း စနစ်တကျလုပ်ဖို့ နည်းဥပဒေမှာ တရားဝင် ထည့်ထားပြီးသား ဖြစ်တယ်။ ဒါတွေက လုပ်ကိုင်ခွင့်ရပြီးသားသူတွေရော၊ ထပ်ရမယ့်သူတွေရော ဒါတွေကို အလေးအနက်ထား လိုက်နာဖို့ လိုမယ်ဆိုတဲ့အကြောင်း မက်ဆေ့ ပေးချင်ပါတယ်”ဟု ဆိုသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ခွင့်ပြုမိန့်ုထုတ်ပေးထားသည့် သတ္တုတွင်းလုပ်ငန်းပေါင်း ၁၃၀၀ ကျော်ရှိပြီး အကြီးစားလုပ်ကွက် ၁၀၀ကျော်၊ အလတ်စားလုပ်ကွက် ၇၀၀ ကျော်၊ စမ်းသပ်တွင်း ၃၀၀ ကျော်၊ အသေးစားအဆင့် ၉၀ ကျော် နှင့် လက်လုပ်လက်စားလုပ်ကွက် ၂၀ ရှိကြောင်း သိရသည်။

Your Thoughts …
Tags: သတ္တုတူးဖော်ရေး
ကျော်မျိုး

ကျော်မျိုး

ဧရာဝတီ

Similar Picks:

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

တကောင်း နီကယ်စက်ရုံကို PDF သိမ်းတဲ့အခါ

by ဇေယျ (အညာ)
1 August 2024
11k

တကောင်းအနီးရှိ ကြာညှပ်ရွာ အပါအဝင် တချို့စခန်းများ ဆုတ်ခွာသွားကြသည်။ PDF တပ်ဖွဲ့များက အားကောင်းမောင်းသန် ဖြစ်လာသည်။

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

by အောင်သစ်
8 May 2024
9.7k

အမေရိကန် အစိုးရက ဦးထွန်းမြင့်နိုင်သည် ဖခင်၏ မူးယစ်အင်ပါယာသို့ ၁၉၉၀ ပြည့်နှစ်မှ စတင် ဝင်ရောက်ခဲ့ပြီး ထိုမှ စတင်ကာ မြန်မာပြည်၌ အချမ်းသာဆုံးသူတဦး ဖြစ်လာခဲ့သည်ဟု ဆိုခဲ့သည်။

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၂

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၂

by အောင်သစ်
9 May 2024
5.1k

နေပြည်တော်၏ အရေးပါသည့် အဆောက်အဦးများကို အေးရှားဝေါလ်က ဆောက်လုပ်ခွင့် ရခဲ့သကဲ့သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်ကိုလည်း ဆောက်ခွင့်ရခဲ့သည်။

အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး

အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး

by Bertil Lintner
20 August 2024
4.5k

ဗိုလ်ချုပ်များနှင့် ကင်းကင်းနေသည့် တရုတ်နိုင်ငံကဲ့သို့ မဟုတ်ဘဲ ရုရှားများသည် တုံ့ဆိုင်းခြင်းမရှိဘဲ နေပြည်တော်မှ အာဏာသိမ်းသူများကို ပုံအောထောက်ခံသည်။

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၃

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၃

by အောင်သစ်
11 May 2024
4k

စစ်အာဏာသိမ်းမှု နောက်ပိုင်း အေးရှားဝေါလ် ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီများသည် အာဏာသိမ်း စစ်ကောင်စီက ခွင့်ပြုသည့် ဆိုလာစီမံကိန်းများကိုလည်း လုပ်ကိုင်ခွင့်ရခဲ့သည်။

ရှမ်းပြည်အာဏာကို ထိန်းချုပ်ထားသော တရုတ်ဩဇာခံ “ဝနီ”

ရှမ်းပြည်အာဏာကို ထိန်းချုပ်ထားသော တရုတ်ဩဇာခံ “ဝနီ”

by Pracha Burapavithi
31 May 2025
4k

ဝနီများသည် လုံခြုံရေး စိန်ခေါ်မှုကိုသာမက အများပြည်သူ ကျန်းမာရေး ခြိမ်းခြောက်မှုကိုလည်း ဖြစ်စေသည်။

Next Post
Meizu 16 စမတ်ဖုန်း

In-Display Fingerprint Sensor ပါဝင်တဲ့ Meizu 16 နဲ့ Meizu 16 Plus စမတ်ဖုန်းများ

ထူးထူးဆန်းဆန်း ဟိုတယ်များ

ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစားတည်းခိုကြတဲ့ ထူးထူးဆန်းဆန်း ဟိုတယ် (၅) ခု

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved