• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါက်တာ အေးမောင်ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် စွဲချက်တင်

by မင်းအောင်ခိုင်
10 September 2018
in သတင်း
A A
ယနေ့ ရုံးထုတ်ရာတွင် တွေ့ရသည့် ဒေါက်တာအေးမောင် / မင်းအောင်ခိုင် / ဧရာဝတီ

ယနေ့ ရုံးထုတ်ရာတွင် တွေ့ရသည့် ဒေါက်တာအေးမောင် / မင်းအောင်ခိုင် / ဧရာဝတီ

10.2k
VIEWS
Share on FacebookShare on Twitter

အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှုနှင့် နိုင်ငံတော် အကြည် အညိုပျက်စေမှုတို့ဖြင့် စွဲချက်တင်ရန် ယနေ့ စစ်တွေခရိုင်တရားရုံးမှ အမိန့် ချမှတ်လိုက်ကြောင်းသိရသည်။

ကြီးလေးသော ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသော ၎င်းတို့ ၂ ဦးကို ယနေ့ နေ့လည်ပိုင်းက ခရိုင်တရားရုံး၌ ရုံးထုတ်ပြီး ယင်းသို့ စွဲချက်တင်ရန် အမိန့်ခ ျမှတ်လိုက်ခြင်း ဖြစ်သည်။

စွဲချက်တင်ခံသည့် လူငယ် စာရေးဆရာဝေဟင်အောင်က “ နိုင်ငံတော်ပုန်ကန်မှု ၁၂၂ နဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅ ( ခ ) တို့နဲ့ စွဲချက်တင်လိုက်တယ်။ မတရားအသင်းဆက်သွယ်မှု ကိုတော့ ပယ်ဖျက်ပေးလိုက်တယ်။ ၁၉၇၃ စကားရပ် ဥပဒေအရ ဆိုရင်တော့ စွဲချက်က တခုပဲ တင်ရမှာ ။ အခု ၂ ခုနဲ့တောင်တင်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံတရားရေး မဏ္ဍိုင် မတည့်မတ်ဘူးဆိုတာကို ဒီနေ့ သက်သေ ပြတာကို ကျနော်တို့ တွေ့လိုက်ရတယ် ” ဟု တရားရုံးထုတ်အပြန်တွင် သတင်း မီဒီယာ များသို့ ပြောကြားခဲ့သည်။

ဒေါက်တာအေးမောင်ကလည်း ၎င်း၏ဟောပြောချက်များမှာ နိုင်ငံတော်ပုန်ကန်ပြီး အစိုးရအား ပြိုင်ဆိုင်ရန် မဆိုထားနှင့် သွားကြားထိုးတံ တချောင်း ပင် မပါလာကြောင်း ၊ တရားမစွဲဆိုလောက်သည့် အကြောင်းအရာများကို စွပ်စွဲ တရား စွဲဆိုခြင်း သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါက်တာအေးမောင်က “ စစ်မက်ပြိုင်တဲ့သဘော ၊ နိုင်ငံတော်ပုန်ကန်ဖို့ မဆိုထားနဲ့ ကျနော်တို့မှာ သွားကြားထိုးတံတချောင်းတောင် မပါဘူး ။ ကျနော်တို့ အနေနဲ့ကတော့ ဖက်ဒရယ် ဒီမိုကရေစီကို ချီတက်မယ့် ပြည်သူ့အစိုးရ ၊ဒီလောက်လေး ပွင့်ပွင့်လင်းလင်း နိုင်ငံရေးသမားတယောက်အနေနဲ့ ၊ လွှတ်တော်အမတ် တယောက်အနေနဲ့ ပြောကြ ၊ ဆိုကြ ၊ ပြန်လည်တည်ဆောက်ကြတဲ့ကာလမှာ ဦးသိန်းစိန်အစိုးရထက် ပိုပြီးတော့ တင်းမာနေပါလားဆိုတာ မှတ်ချက်ပြုမိတယ် ” ဟု တရားရုံးထုတ်အပြန် သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

ယနေ့ ဒေါက်တာအေးမောင်နှင့်စာရေးဆရာဝေဟင်အောင်တို့၏ ရုံးထုတ်ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ တရားရုံးပတ်ဝန်းကျင်တွင် အင်အားများစွာဖြင့် လုံခြုရေးချထားသလို စစ်တွေမြို့နယ် ၊ရသေ့တောင်မြို့နယ်နှင့် အမ်းမြို့နယ် အတွင်းမှ ပြည်သူ များ ကလည်း လာရောက်ဝန်းရံခဲ့ကြသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
10
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
9
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
20

၎င်းအမှုအား လာမည့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တရားခံပြသက်သေများကို စတင် စစ်ဆေးမည် ဖြစ်ကာ စွဲချက်နှင့်ပတ်သက်၍ အပေါ်တရားရုံး အဆင့်ဆင့်သို့ အယူခံတက်မည် မဟုတ်ကြောင်းလည်း ဒေါက်တာအေးမောင် အမှုအား လိုက်ပါ ဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော် ညွန့်မောင်က “ စွဲချက်တင်လိုက်တာနဲ့ပတ် သက် လို့ ကျနော်တို့ အမှုသည်တွေနဲ့ ဆွေးနွေးကြည့် လိုက်တော့ ဒေါက်တာ အေး မောင်က မတက်လိုဘူး ။ အပေါ်တက် ရင်လည်း ဒီလိုပဲ ဖြစ်မှာပဲ ။ သမ္မတ ကိုယ်တိုင်က တရား စွဲဖို့ ခွင့်ပြု ပေးထားတယ်ဆိုတော့ အဲဒီဟာလေးကိုတော့ သူအနေနဲ့ ( ဒေါက် တာအေး မောင် ) ခံစားနေရတယ်။ အပေါ် အဆင့် ဆင့်တက်ရင် လည်း အချိန်ကုန်ရုံပဲ ရှိတယ်။ အဲဒါကြောင့် ဒေါက်တာ အေးမောင်က စွဲချက်တင် တာကို ဖြေရှင်းမယ်ပေါ့ ။ အပေါ်ကို မတက်တော့ဘူး ” ဟု သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့ ၌ကျင်းပသော ရခိုင်နိုင်ငံတော် အချုပ်အခြာအာ ဏာကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေ ဟောပြောပွဲနှင့် ပတ်သက်ပြီး ဒေါက်တာအေး မောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ဟောပြော ချက်များသည် ဥပဒေနှင့် မလွတ်ကင်း ဟုဆို ကာ အစိုးရက နိုင်ငံ တော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ ( ခ ) ၊ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ ( ၁ ) ၊ တို့နှင့် အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

Your Thoughts …
Tags: ဒေါက်တာ အေးမောနိုင်ငံတော်ပုန်ကန်မှု
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှု ဗြိတိန်တွင် မြင့်တက်လာ

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှု ဗြိတိန်တွင် မြင့်တက်လာ

by ဧရာဝတီ
23 December 2024
3.3k

"သူဟာ မြန်မာအတွက် ကြီးမားတဲ့ မျှော်လင့်ချက်တခု ဖြစ်တယ်။ ကမ္ဘာအနေနဲ့ နယ်လ်ဆင်မင်ဒဲလားအတွက် သူတို့လုပ်ခဲ့သလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ လှုပ်ရှားသင့်တယ်"

စစ်ရေးအကူငွေများ အဂတိလိုက်စားမှု ပြဿနာ ယူကရိန်း ခေါင်းခဲစရာ

စစ်ရေးအကူငွေများ အဂတိလိုက်စားမှု ပြဿနာ ယူကရိန်း ခေါင်းခဲစရာ

by Andrew E. Kramer
7 September 2023
2.3k

ဇယ်လန်းစကီး၏ ခေါင်းဆောင်မှုကို စိန်ခေါ်မှုမှာ ယူကရိန်းတွင် နှစ်ပေါင်းများစွာ ကျယ်ပြန့်နေသည့် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်ဖြစ်သည်။

ယနေ့နံနက်ပိုင်းက နိုင်ငံတော်သမ္မတအိမ်တော်၌ ပြုလုပ်သည့် "အမျိုးသားက ာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ" အစည်းအဝေး / တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့  / Facebook

စစ်ကောင်စီကို နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲရန် မြန်မာနိုင်ငံရှေ့နေများအဖွဲ့ အကြံပြု

by ဧရာဝတီ
17 February 2021
26.8k

သူတို့က ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ကိုင်ပြောနေတယ်။ ကျနော်တို့ကလည်း ဒီဥပဒေအရ ဥပဒေနဲ့ မညီဘူးဆိုတဲ့ အထောက်အထားနဲ့ ကျနော်တို့ သွားမှာပါ။ ကျနော်တို့ဘက်မှာ ဥပဒေက အားသာချက် ရှိပါတယ်။ နောက်တခုက ကျနော်တို့က ပြည်တွင်း ရော၊...

၂၀၂၁ ခုနှစ်၊ မတ်လနှောင်းပိုင်းက စစ်ကိုင်တိုင်း၊ မုံရွာမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများကို ဟောပြောနေသည့် ကိုဝေမိုးနိုင် / Wai Moe Naing / Facebook

ကိုဝေမိုးနိုင်ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် နောက်ထပ် ထောင်ဒဏ် နှစ် ၂၀ ချမှတ်

by ဧရာဝတီ
20 May 2023
3.2k

အသက် ၂၈ နှစ်အရွယ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာတွင် မော်တော်ဆိုင်ကယ်ဖြင့် ဆန္ဒပြပွဲတခုကို ဦးဆောင်နေစဉ် ကားဖြင့် ဝင်တိုက်ကာ အကြမ်းဖက် ဖမ်းဆီးခဲ့သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် အကျဉ်းကျခံနေရသော ဒေါက်တာအေးမောင် / ဧရာဝတီ

ဒေါက်တာအေးမောင်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်၍ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်

by ထွန်းထွန်း
20 May 2020
26.5k

အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်အား လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ကာ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်ပင် ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)က မေလ ၁၈ ရက်စွဲဖြင့် ကြေညာလိုက်သည်။

ချင်းပြည်နယ် ပလက်ဝမြို့အခြေစိုက် အမှတ် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်ထားသည်ဟု အင်တာ ဗျူး ဖြေသဖြင့် ကျန်မာရေးဝန်ထမ်း ကိုတင်ထွန်းအောင်ကို စစ်တပ်က ဖမ်းသွားသည်

စစ်တပ်အလံဖြူထောင်သည်ဟု ပြောသဖြင့် ဖမ်းခံရသူ၏ သတင်း မိသားစု စုံစမ်းမရဖြစ်နေ

by ဧရာဝတီ
20 January 2022
9.1k

ဒီလဆန်းပိုင်းကတော့ ၂၈၉ တပ်ရင်းထဲမှာလို့ သိရတယ်။ မိသားစုနဲ့တွေ့ခွင့်၊ အစားအသောက်တွေ ပေးခွင့် မရခဲ့ဘူး။ အခု စစ်တွေကို ရဟတ်ယာဉ်နဲ့ ခေါ်သွားတယ်လို့လည်း ကြားတယ်။ ဘယ်နေရာမှာ ရှိတယ် ဆို တာ ကျနော်တို့ တိတိကျကျ ဘယ်လိုမှ...

Next Post
နှစ် ၁၇ သန်းကြာ ဆော့နိုင်မယ့် Chrome ရဲ့T-rex ဂိမ်း

Chrome ရဲ့T-rex ဂိမ်းကို နှစ် ၁၇ သန်းကြာ ဆော့နိုင်ကြောင်း Google ပြောကြား

ပေါက်ကွဲမှု ဖြစ်ပွားသည့် ဆော ကျောက်မီးသွေးတွင်း ကယ်ဆယ်ရေး လုပ်ကိုင်နေသည်ကို တွေ့ရစဉ်  / Tachileik News Agency facebook

ဆော ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved