• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မကရင်မ သေဆုံးမှု သံသယ တရားခံမှာ အခြား အိမ်အကူကိုလည်း နှိပ်စက်ဖူး ဟုဆို

by သဇင်လှိုင်
20 September 2018
in သတင်း
A A
သံသယ တရားခံ ဒေါ်သိင်္ဂ ီစုအား ရုံးထုတ်လာစဉ်  / အောင်ကျော်ထက်  / ဧရာတီ

သံသယ တရားခံ ဒေါ်သိင်္ဂ ီစုအား ရုံးထုတ်လာစဉ် / အောင်ကျော်ထက် / ဧရာတီ

43.6k
VIEWS
Share on FacebookShare on Twitter

အိမ်အကူ မကရင်မ သေဆုံးမှု၏ သံသယ တရားခံ ဒေါ်သိင်္ဂီစုသည် အခြား အိမ်အကူ လုပ်ခဲ့ဖူးသည့် အမျိူးသမီး တဦးကို လည်း နှိပ်စက်ခဲ့ကြောင်း သက်သေ မှတ်တမ်း မိတ္တူ တစောင်ကို ယနေ့ တောင်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့သည်။

အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယ ရှိသူ ဒေါ်သိင်္ဂီစုကို စက်တင်ဘာလ ၂၀ ရက်တွင် သံလျင် မြို့နယ် တောင်ပိုင်း ခရိုင် တရားရုံး၌ ၁၁ ကြိမ်မြောက် ရုံးထုတ်ခြင်း ဖြစ်ပြီး တရားလိုပြ သက်သေ တဦးကိုလည်း စစ်ဆေးခဲ့သည်။

အဆိုပါ တရားလိုပြ သက်သေကလည်း မှတ်တမ်း မိတ္တူပါ အကြောင်းအချက်များနှင့် ပတ်သက်၍ သက်သေခံ ထွက်ဆိုခဲ့ သည်။

တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့် က “အဲဒီ သက်သေခံ စာရွက်က ထောက်ကြံ့ရဲစခန်းက ရဲတယောက်ကနေ အပ်တာ” ဟု ပြောသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၈ ရက် ရက်စွဲပါ အဆိုပါ မှတ်တမ်း မိတ္တူတွင် ယခင် အိမ်အကူအား ဒေါ်သိင်္ဂီစုမှ အကြိမ် ကြိမ် နှိပ်စက် ညှဉ်းပန်းမှုကြောင့် ဒဏ်ရာ ရရှိကာ အင်းစိန် ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး ညှိနှိုင်း ပြေလည်သဖြင့် အမှု မဖွင့်ကြောင်း မှတ်တမ်း၌ ပါရှိသည်။

တရားခွင် အပြီးတွင် အိမ်အကူ မကရင်မ သေဆုံးမှုနှင့် ပတ်သက်သည့် သံသယ တရားခံ ဒေါ်သိင်္ဂီစုက ၎င်း၏ လိပ်စာကို ဖော်ပြထားခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်း စေသည်ဟု တရားသူကြီး ကို ယနေ့ တောင်ပိုင်း ခရိုင် တရား ရုံးတွင် ပြောဆိုခဲ့သည်။

ဒေါ်စန်းစန်းမြင့်က “တရားခွင်ကနေ ရုံးချိန်းပေးပြီး ထွက်ခါနီးမှာ သူ(ဒေါ်သိင်္ဂီစု)က တရားသူကြီးကို ကျမရဲ့လိပ်စာကို သံချပ်ကာ တပ်ရင်း လှည်းကူးလို့ လိပ်စာ တပ်ထားတာက စစ်တပ်ကို ဂုဏ်သိက္ခာ ကျဆင်းစေပါတယ် တဲ့။ အဲဒီတော့ တရားသူကြီးက ဒါကတော့ တရားရုံးနဲ့ မဆိုင်ပါဘူး။ ရဲက အမှု တည်ဆောက်ချိန် တပ်ထားတဲ့ လိပ်စာ ဖြစ်ပါတယ် ဆိုပြီး ပြန်ရှင်းပြလိုက်တယ်” ဟု ဧရာဝတီသို့ ပြန်လည် ပြောပြသည်။

ယနေ့ ရုံးချိန်းတွင် တရားလိုပြ သက်သေ တဦးဖြစ်သည့် ဒေါ်သိင်္ဂီစု နေထိုင်ရာ မင်္ဂလာဒုံ မြို့နယ် ထောက်ကြံ့မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးသွင်ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သေဆုံးခဲ့သော မကရင်မ မတိုင်မီက အဆိုပါ အမှုတွင် တရားလိုပြ သက်သေ အဖြစ် ၂၉ ဦး တင်သွင်းထားပြီး ယနေ့ ရုံး ချိန်းတွင် တရားလိုပြ သက်သေ ၁ ဦးကို ထုတ်ပယ်လိုက်သည့် အတွက် ၂၈ ဦးသာ ကျန်ရှိတော့သည်။

ယနေ့ ရုံးချိန်း အထိ တရားလိုပြ သက်သေ ၁၄ ယောက်ကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
5
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
11

ယခု အမှု ပဉ္စမမြောက် ရုံးချိန်းတွင် တရားရုံး ပရဝုဏ် အတွင်း ဓာတ်ပုံနှင့် ရုပ်သံရိုက်ကူးခွင့်ကို တရားရုံးက တားမြစ်ခဲ့ သည်။

ထိုသို့ တားမြစ်မှု နောက်ပိုင်းတွင် သတင်းဌာနများမှ သတင်း လာရောက်ယူခြင်း နည်းပါးခဲ့သဖြင့် ယခုအမှုကို လူထု စိတ် ဝင်စားမှုလည်း လျော့ကျကြောင်း တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့် က ဆိုသည်။

ဒေါ်စန်းစန်းမြင့်က “မီဒီယာတွေလာတာ နည်းရင် public ကို တင်ဆက်ပေးတာတွေ နည်းသွားလိမ့်မယ်။ တင်ပြတာ နည်းသွားရင် လူထုက ဒီအမှုကို တဖြည်းဖြည်းနဲ့ မေ့လျော့လာမယ်။ မေ့လျော့လာတဲ့ အခါ အမှုအနေအထားက ထင်သလို မဟုတ်ဘဲ အပြောင်းအလဲ တခုခုဖြစ်သွားတဲ့ အခါကျမှ ဝုန်းဒိုင်းဖြစ်တာမျိုး ဥပမာ အောင်ရဲထွေး အမှုလိုမျိုး မဖြစ်သင့် တာတွေ ဖြစ်သွားမယ်” ဟုဆိုသည်။

အမှန်တရား ပေါ်ပေါက်ရန် အတွက် မီဒီယာများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည့် အတွက် ပြည်သူလူထုကို သတင်းမှန် ဖော်ပြပေးရန် ဒေါ်စန်းစန်းမြင့်က ပြောသည်။

ဆေးစစ်ချက်များအရ ခန္ဓာကိုယ်တွင် ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့သည့် အိမ်အကူ မကရင်မ အမှု၌ တရားခံဟု ယူဆရသူ တပ်မတော် အရာရှိကတော် ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို ဖမ်းဆီးထားခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာ တပ်ရင်း အရာရှိ ရိပ်သာရှိ တပ်မတော် အရာရှိ တဦး နေအိမ်၌ အိမ် အကူ အဖြစ် မကရင်မမှာ ဝင်ရောက် လုပ်ကိုင်နေရာမှ နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် သံသယ ရှိသူ အဖြစ် အရာရှိကတော် ဒေါ်သိင်္ဂီစုကို ဖမ်းဆီးခဲ့ပြီးနောက် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: အိမ်အကူ မကရင်မ အမှု
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

မကရင်မ အမှု ပြီးခဲ့သည့် ရုံးချိန်း / သဇင်လှိုင် / ဧရာဝတီ

မကရင်မ အမှု ဓာတ်ပုံ၊ ရုပ်သံ ရိုက်ကူးခွင့် တားမြစ်ရန် တပ်မတော် အရာရှိ စာပို့

by သဇင်လှိုင်
25 July 2018
41.6k

အိမ်အကူ မကရင်မ အမှုနှင့် ပတ်သက်၍ သံသယရှိသူအား သတင်း မီဒီယာများက ဓာတ်ပုံနှင့် ရုပ်သံ ရိုက်ကူးခွင့်ကို ယနေ့ ရုံးချိန်း ကစ၍ တရားရုံးက တားမြစ် လိုက်သည်။

အိမ်အကူ မကရင်မ အမှု ရုံးထုတ် မြင်ကွင်း တခု / သဇင်လှိုင် / ဧရာဝတီ

အိမ်အကူ မကရင်မ အမှု ရုပ်သိမ်းလွှာ တရားရုံးသို့ မရောက်၍ အမိန့်ချမှတ်ရန် မရှိဟု ဆို

by သဇင်လှိုင်
18 June 2019
27.2k

မကရင်မ သေဆုံးမှုမှ သံသယတရားခံ ဒေါ်သိင်္ဂီစုကို စစ်ဆေးရမည်ဖြစ်သော်လည်း ဒေါ်သိင်္ဂီစုတွင် ရှေ့နေမှာ ပါဝါရုတ်သိမ်းနှုတ်ထွက်သွားသဖြင့် ရှေ့နေအသစ်ကို ရှာဖွေနေရကြောင်း၊ ရုံးချိန်းကို နှစ်ပတ်ကြာရွှေ့ဆိုင်းခဲ့ရ

အိမ်အကူ မကရင်မကို နှိပ်စက်သူဟု သံသယရှိသူ ဒေါ်သိင်္ဂီစု အားရုံးထုတ်လာစဉ်  / အောင်ကျော်ထက် / ဧရာဝတီ

အိမ်အကူ မကရင်မသေဆုံးမှု အမှုစစ်ဆေးဆဲတွင် တရားသူကြီး ပြောင်းလဲ

by သဇင်လှိုင်
6 September 2018
23.3k

အနှိပ်စက်ခံထားရသည့် ဒဏ်ရာများနှင့် သေဆုံးသွားခဲ့သည့် အိမ်အကူ မကရင်မအမှု စစ်ဆေးသည့် တရားသူကြီးမှာ သက်ပြည့်ပင်စင်ယူသွားပြီ ဖြစ်သဖြင့် လာမည့် စက်တင်ဘာ ၂၀ ရက်နေ့ ရုံးချိန်းမှ စတင်ပြီး တရားသူကြီး ပြောင်းလဲ

ပြီးခဲ့သည့် ရုံးချိန်းများတွင် တွေ့ရသည့် ဒေါ်သိင်္ဂီစု / သဇင်လှိုင် / ဧရာဝတီ

မကရင်မ အမှု သံသယရှိသူအား လူစားထိုးခြင်း မရှိဟု တရားလိုပြ သက်သေထွက်ဆို

by သဇင်လှိုင်
10 August 2018
26.7k

လူစားထိုးတာတော့ လုံးဝ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်သိင်္ဂီစု အမေ ဒေါ်ခင်ခင်ဦး ကိုယ်တိုင် လည်းပါလာတယ်။ သူရဲ့ခင်ပွန်း ဗိုလ်ကြီး ဆိုတာလည်း ပါလာတယ်။

အိမ်အကူ မကရင်မ သေဆုံးမှုဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသူ ဒေါ်သိင်္ဂီစုကို ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ် စစ်ဆေးမှု မြင်ကွင်း / ထက်ဝေ / ဧရာဝတီ

မကရင်မ အမှု စွပ်စွဲခံရသူဘက်က တင်သွင်းသည့် သက်သေခံ ဗီဒီယိုဖိုင် တရားရုံး လက်ခံ

by သဇင်လှိုင်
17 September 2019
30.8k

အိမ်အကူ မကရင်မသည် လေအေးပေးစက် သယ်ဆောင်ရင်း လှေကားပေါ်မှ ပြုတ်ကျကာ ဒဏ်ရာများ ရရှိကြောင်း ပါဝင် သည့် ဗီဒီယိုဖိုင် သက်သေခံကို စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစု ဘက်က တင်သွင်းထားရာ

ပြီးခဲ့သည့် မကရင်မ ရုံးချိန်းမြင်ကွင်း  / သဇင်လှိုင် / ဧရာဝတီ

အိမ်အကူ မကရင်မအမှု တရားခံ၏ လိုပြသက်သေ နှစ်ဦး ထုတ်ပယ်

by သဇင်လှိုင်
18 October 2018
18.3k

ပြင်ပသတင်းတချို့ရထားတဲ့ အနေအထားအရ ဒီသက်သေတွေကို တရားလိုဘက်ကနေ စစ်မယ်ဆိုရင် အကျိုးမရှိဘူးလို့ ယူဆတဲ့အတွက် တာဝန်ခံ ဥပဒေအရာရှိနဲ့ ညှိနှိုင်းပြီးတော့

Next Post
စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဦးဒူးလူ အလောင်းအား ရှာဖွေတွေ့ရှိစဉ်  / မောင်ဝံသ ဖေ့စ်ဘုတ်

မောင်တောတွင် မြိုတိုင်းရင်းသား တဦး အသတ်ခံရ

မန္တလေး စက်မှုဇုန် တခုရှိ သံရည်ကြို လုပ်ငန်းခွင်တခု  / မြတ်ပြည့်ဖြိုး / ဧရာဝတီ

မန္တလေးတိုင်း SME လုပ်ငန်းများ ဆိုင်ရာ စီမံချက် ရေးဆွဲမည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved