• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အိမ်အကူ မကရင်မသေဆုံးမှု အမှုစစ်ဆေးဆဲတွင် တရားသူကြီး ပြောင်းလဲ

by သဇင်လှိုင်
6 September 2018
in သတင်း
A A
အိမ်အကူ မကရင်မကို နှိပ်စက်သူဟု သံသယရှိသူ ဒေါ်သိင်္ဂီစု အားရုံးထုတ်လာစဉ်  / အောင်ကျော်ထက် / ဧရာဝတီ

အိမ်အကူ မကရင်မကို နှိပ်စက်သူဟု သံသယရှိသူ ဒေါ်သိင်္ဂီစု အားရုံးထုတ်လာစဉ် / အောင်ကျော်ထက် / ဧရာဝတီ

23.3k
VIEWS
Share on FacebookShare on Twitter

အနှိပ်စက်ခံထားရသည့် ဒဏ်ရာများနှင့် သေဆုံးသွားခဲ့သည့် အိမ်အကူ မကရင်မအမှု စစ်ဆေးသည့် တရားသူကြီးမှာ သက်ပြည့်ပင်စင်ယူသွားပြီ ဖြစ်သဖြင့် လာမည့် စက်တင်ဘာ ၂၀ ရက်နေ့ ရုံးချိန်းမှ စတင်ပြီး တရားသူကြီး ပြောင်းလဲ စစ်ဆေးမည်ဖြစ်ကြောင်း သံလျင်မြို့နယ် တောင်ပိုင်းခရိုင် တရားရုံးမှ သိရသည်။

ယင်းသို့ တရားသူကြီး ပြောင်းလဲစစ်ဆေးခြင်းကြောင့် အမှုအခြေအနေ မထိခိုက်နိုင်ကြောင်းနှင့် တရားလိုဘက်မှ အမှုကို အစမှစကာ ပြန်လည် စစ်ဆေးပေးရန် တောင်းဆိုမည် မဟုတ်ကြောင်း တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

ဒေါ်စန်းစန်းမြင့်က “တရားသူကြီး အပြောင်းအလဲနဲ့ကတော့ အမှုအခြေအနေကို မထိခိုက်ပါဘူး။ ဒါကတော့ တရားရုံးတွေမှာ ထုံးစံပဲလေ။ တရားသူကြီးတွေ ဆိုတာက အမြဲတမ်း ပြောင်းလဲနေတာ။ အကယ်၍ တရားလိုဘက်ကပဲ ဖြစ်ဖြစ် တရားခံ ဘက်ကပဲ ဖြစ်ဖြစ် တရားသူကြီး ပြောင်းသွားတဲ့အတွက် အမှုကို အစကနေ ပြန်စစ်ပေးပါလို့ တောင်းဆိုနိုင်တဲ့ အခွင့်အရေး ရှိတယ်။ ဒါပေမယ့် အန်တီတို့ဘက်တော့ အဲဒီလိုတောင်းဖို့တော့ အစီအစဉ်မရှိဘူး” ဟု ပြောသည်။

ဆက်လက်ပြီး ဒေါ်စန်းစန်းမြင့် က “နောက်လာမယ့် တရားသူကြီးကလည်း အမှန်တရားအတိုင်းတော့ စစ်ပေးမယ် အမှန်တရား အတိုင်း ရပ်တည်ပေးမယ်လို့ အန်တီတို့ကတော့ မျှော်လင့်တယ်” ဟု ပြောသည်။

အိမ်အကူ မကရင်မ သေဆုံးမှုတွင် သံသယရှိသူ ဒေါ်သိင်္ဂီစုကို စက်တင်ဘာလ ၆ ရက်တွင် သံလျင်မြို့နယ် တောင်ပိုင်းခရိုင် တရားရုံး၌ ၁၀ ကြိမ်မြောက် ရုံးထုတ်ခြင်းဖြစ်ပြီး တရားလိုပြ သက်သေဖြစ်သည့် ရာအိမ်မှူး ဦးလှထွန်းကို စစ်ဆေး မေးမြန်းခဲ့သည်။

အဆိုပါ အမှုတွင် တရားလိုပြ သက်သေ အဖြစ် ၂၉ ဦး တင်သွင်းထားပြီး တရားလို အပါအဝင် တရားလိုပြ သက်သေ ၁၃ ဦး စစ်ဆေးခဲ့ပြီး ဖြစ်သည်။

ခတ္ထိယကျေးရွာအုပ်စု အုပ္ဖိုလ်ကျေးရွာ ရာအိမ်မှူး ဦးလှထွန်း က “အမှုကို မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်။ ဘယ်သူ့ဘက်ကိုမှ မနာစေချင်ပါဘူး။ တကယ်လို့ ဒီအမှုကို ကိုယ်ထိလက်ရောက် ပြုမူတယ်ဆိုရင် သူ့ကိုထိုက်တန်တဲ့ အပြစ်ကို မှန်မှန်ကန်ဖြစ်ဖို့ကို လိုလားတောင့်တပါတယ်” ဟုဆိုသည်။

ဆေးစစ်ချက်များအရ ခန္ဓာကိုယ်တွင် ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့သည့် အိမ်အကူ မကရင်မ အမှု၌ တရားခံ ဟု ယူဆရသူ တပ်မတော် အရာရှိကတော် ဒေါ်သိင်္ဂီစုကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆို ဖမ်းဆီးထားခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာ တပ်ရင်း အရာရှိ ရိပ်သာရှိ တပ်မတော် အရာရှိတဦး နေအိမ်တွင် အိမ် အကူ အဖြစ် လုပ်ကိုင်နေရာမှ နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် သံသယရှိသူ အဖြစ် အရာရှိ ကတော် ဒေါ်သိင်္ဂီစုကို ဖမ်းဆီးခဲ့ပြီးနောက် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

ဆက္စပ္ဖတ္ရႈရန္ – အိမ်အကူ မကရင်မအမှု တရားလိုပြသက်သေတဦးထပ်မံစစ်ဆေး 

မကရင်မ အမှု သံသယရှိသူအား လူစားထိုးခြင်း မရှိဟု တရားလိုပြ သက်သေထွက်ဆို 

Your Thoughts …
Tags: အိမ်အကူ မကရင်မ အမှု
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

သံသယ တရားခံ ဒေါ်သိင်္ဂ ီစုအား ရုံးထုတ်လာစဉ်  / အောင်ကျော်ထက်  / ဧရာတီ

မကရင်မ သေဆုံးမှု သံသယ တရားခံမှာ အခြား အိမ်အကူကိုလည်း နှိပ်စက်ဖူး ဟုဆို

by သဇင်လှိုင်
20 September 2018
43.6k

အိမ်အကူ မကရင်မ သေဆုံးမှု၏ သံသယ တရားခံ ဒေါ်သိင်္ဂီစုသည် အခြား အိမ်အကူ လုပ်ခဲ့ဖူးသည့် အမျိူးသမီး တဦးကို လည်း နှိပ်စက်ခဲ့ကြောင်း သက်သေ မှတ်တမ်း မိတ္တူ တစောင်ကို ယနေ့ တောင်ပိုင်းခရိုင် တရားရုံးတွင်...

မကရင်မ အမှု ပြီးခဲ့သည့် ရုံးချိန်း / သဇင်လှိုင် / ဧရာဝတီ

မကရင်မ အမှု ဓာတ်ပုံ၊ ရုပ်သံ ရိုက်ကူးခွင့် တားမြစ်ရန် တပ်မတော် အရာရှိ စာပို့

by သဇင်လှိုင်
25 July 2018
41.6k

အိမ်အကူ မကရင်မ အမှုနှင့် ပတ်သက်၍ သံသယရှိသူအား သတင်း မီဒီယာများက ဓာတ်ပုံနှင့် ရုပ်သံ ရိုက်ကူးခွင့်ကို ယနေ့ ရုံးချိန်း ကစ၍ တရားရုံးက တားမြစ် လိုက်သည်။

အိမ်အကူ မကရင်မ အမှု ရုံးထုတ် မြင်ကွင်း တခု / သဇင်လှိုင် / ဧရာဝတီ

အိမ်အကူ မကရင်မ အမှု ရုပ်သိမ်းလွှာ တရားရုံးသို့ မရောက်၍ အမိန့်ချမှတ်ရန် မရှိဟု ဆို

by သဇင်လှိုင်
18 June 2019
27.2k

မကရင်မ သေဆုံးမှုမှ သံသယတရားခံ ဒေါ်သိင်္ဂီစုကို စစ်ဆေးရမည်ဖြစ်သော်လည်း ဒေါ်သိင်္ဂီစုတွင် ရှေ့နေမှာ ပါဝါရုတ်သိမ်းနှုတ်ထွက်သွားသဖြင့် ရှေ့နေအသစ်ကို ရှာဖွေနေရကြောင်း၊ ရုံးချိန်းကို နှစ်ပတ်ကြာရွှေ့ဆိုင်းခဲ့ရ

ပြီးခဲ့သည့် ရုံးချိန်းများတွင် တွေ့ရသည့် ဒေါ်သိင်္ဂီစု / သဇင်လှိုင် / ဧရာဝတီ

မကရင်မ အမှု သံသယရှိသူအား လူစားထိုးခြင်း မရှိဟု တရားလိုပြ သက်သေထွက်ဆို

by သဇင်လှိုင်
10 August 2018
26.7k

လူစားထိုးတာတော့ လုံးဝ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်သိင်္ဂီစု အမေ ဒေါ်ခင်ခင်ဦး ကိုယ်တိုင် လည်းပါလာတယ်။ သူရဲ့ခင်ပွန်း ဗိုလ်ကြီး ဆိုတာလည်း ပါလာတယ်။

အိမ်အကူ မကရင်မ သေဆုံးမှုဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသူ ဒေါ်သိင်္ဂီစုကို ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ် စစ်ဆေးမှု မြင်ကွင်း / ထက်ဝေ / ဧရာဝတီ

မကရင်မ အမှု စွပ်စွဲခံရသူဘက်က တင်သွင်းသည့် သက်သေခံ ဗီဒီယိုဖိုင် တရားရုံး လက်ခံ

by သဇင်လှိုင်
17 September 2019
30.8k

အိမ်အကူ မကရင်မသည် လေအေးပေးစက် သယ်ဆောင်ရင်း လှေကားပေါ်မှ ပြုတ်ကျကာ ဒဏ်ရာများ ရရှိကြောင်း ပါဝင် သည့် ဗီဒီယိုဖိုင် သက်သေခံကို စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစု ဘက်က တင်သွင်းထားရာ

ပြီးခဲ့သည့် မကရင်မ ရုံးချိန်းမြင်ကွင်း  / သဇင်လှိုင် / ဧရာဝတီ

အိမ်အကူ မကရင်မအမှု တရားခံ၏ လိုပြသက်သေ နှစ်ဦး ထုတ်ပယ်

by သဇင်လှိုင်
18 October 2018
18.3k

ပြင်ပသတင်းတချို့ရထားတဲ့ အနေအထားအရ ဒီသက်သေတွေကို တရားလိုဘက်ကနေ စစ်မယ်ဆိုရင် အကျိုးမရှိဘူးလို့ ယူဆတဲ့အတွက် တာဝန်ခံ ဥပဒေအရာရှိနဲ့ ညှိနှိုင်းပြီးတော့

Next Post
Mytel ၏ လျှော့ဈေးဗျူဟာက သြဂုတ်လလယ်ပိုင်းရောက်သည့် အခါ သုံးစွဲသူ ၂.၄ သန်းကို ဆွဲဆောင်နိုင်ခဲ့သည် / ဧရာဝတီ

၂ လအတွင်း ဈေးကွက် ၄ ရာခိုင်နှုန်း Mytel သိမ်းပိုက်

တိုင်းပြည်၏ စီးပွားရေးသည် ၂၀၁၆ ခုနှစ်မှ စတင်၍ နှေးကွေးလာခဲ့သော်လည်း ယခုနှစ်တွင်မူ စီးပွားရေး ကဏ္ဍအားလုံး သိသိသာသာ ကျဆင်းသွားသည်ဟု အစီရင်ခံစာက ဆိုသည် / Reuters

စီးပွားရေး ကျဆင်းရသည့် အကြောင်းရင်းများ UMFCCI စစ်တမ်းက ဖော်ပြ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved