• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

၂ လအတွင်း ဈေးကွက် ၄ ရာခိုင်နှုန်း Mytel သိမ်းပိုက်

by ဧရာဝတီ
7 September 2018
in စီးပွားရေး
A A
Mytel ၏ လျှော့ဈေးဗျူဟာက သြဂုတ်လလယ်ပိုင်းရောက်သည့် အခါ သုံးစွဲသူ ၂.၄ သန်းကို ဆွဲဆောင်နိုင်ခဲ့သည် / ဧရာဝတီ

Mytel ၏ လျှော့ဈေးဗျူဟာက သြဂုတ်လလယ်ပိုင်းရောက်သည့် အခါ သုံးစွဲသူ ၂.၄ သန်းကို ဆွဲဆောင်နိုင်ခဲ့သည် / ဧရာဝတီ

19.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက်အတွင်း Mytel ရောက်ရှိလာသည့် အချိန်တွင် လျှင်မြန်သော အပြောင်းအလဲတခုကို မြင်တွေ့ရသည်။ Mytel က ပေးသော မတန်တဆ လျှော့ဈေးများက သုံးစွဲသူများ၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်ခဲ့သည်။

အင်အားကြီးသည့် ဗီယက်နမ် Viettel Group ၏ အထောက်အပံ့ဖြင့် အသစ်ဝင်လာသည့် Mytel က လုပ်ငန်း စတင်ပြီး ၂ လကြာသည့်နောက်တွင် ဈေးကွက်၏ ၄ ရာခိုင်နှုန်းကို ရယူနိုင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ပထမဆုံး စတင်ခဲ့သော Mytel က မိုဘိုင်းဝန်ဆောင်မှုကို တနိုင်ငံလုံးတွင် ပြီးခဲ့သည့် ဇွန်လ အတွင်းက စတင်ခဲ့သည်။ ထိုစဉ်မှ စ၍ လိမ္မော်ရောင်နှင့် အဖြူရောင်လိုဂို သရုပ်ဖော်ထားသည့် ဆိုင်းဘုတ်များနှင့် ပိုစတာများက ရန်ကုန်မြင်တွင်းတွင် တသီတတန်း မြင်တွေ့လာခဲ့ရသည်။

Telecom International Myanmar အဖြစ်လည်း သိကြသည့် Mytel ၏ အကြီးမားဆုံး ဆွဲဆောင်မှုမှာ မတန် တဆ ဈေးချိုလှသည့် နှုန်းထားများ ဖြစ်သည်။ ရက် ၃၀ အသုံးပြုနိုင်သည့် ၅ ဂစ်ဂါဘိုက် ဒေတာပလန်ကို ၃၅၀၀ ကျပ် (အမေရိကန် ဒေါ်လာ ၂.၃၁) ဖြင့် ရောင်းချရာ မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ ဖြစ်သည့် Myanma Posts and Telecommunications(MPT) က ရောင်းချသည့် ဈေးနှုန်း၏ တဝက်ထက် ပင် နည်းသည်။

မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်း သုံးစွဲသူများက ကြိုတင်ငွေပေး ပလန်များကို အဓိက ထား၍ ဝယ်ယူကြသည်။

သုံးစွဲသူများက ဆင်းမ်ကဒ်များကို လွတ်လပ်စွာ ပြောင်းလဲနိုင်ကြသည်။ ကုမ္ပဏီ အမျိုးမျိုးမှ ဆင်းမ်ကဒ်များကို ကိုင်ဆောင်ထားကြပြီး အခြေအနေကို လိုက်၍ ရွေးချယ်ကြသည်။

ဇွန်လကုန်အထိ သုံးစွဲသူ စုစုပေါင်း ၅၃ သန်းကို အကြီးဆုံး ကုမ္ပဏီ ၃ ခု(MPT၊ Telenor နှင့် Ooredoo) တို့က တာဝန်ယူ ဝန်ဆောင်မှုပေးခဲ့ကြသည်။ Mytel ၏ လျှော့ဈေးဗျူဟာက သြဂုတ်လလယ်ပိုင်းရောက်သည့် အခါ သုံးစွဲသူ ၂.၄ သန်းကို ဆွဲဆောင်နိုင်ခဲ့သည်။ ဈေးကွက်ဝေစု၏ ၄ ရာခိုင်နှုန်းဟု ဆိုနိုင်ပါသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
250
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ဗီယက်နမ် နိုင်ငံတွင် Viettel က သုံးစွဲသူ ၂ သန်း ရရှိရန် ၁ နှစ် အချိန်ယူခဲ့ရသည်။ Viettel က Mytel ၏ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကျန် ၅၁ ရာခိုင်နှုန်းကို အခြားမြန်မာ ကုမ္ပဏီ ၂ ခုက ခွဲဝေပိုင်ဆိုင်ကြသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၀၉ ခုနှစ်က လုပ်ငန်းများ စတင်ခဲ့ပြီးနောက် မြန်မာသည် Viettel အတွက် ၁၀ ခုမြောက် နိုင်ငံခြားဈေးကွက် ဖြစ်သည်။ Viettel ၏ ပင်လယ်ရပ်ခြား ဈေးကွက်တွင် မိုဇမ်ဘစ်မှ ဟေတီ အထိ ပါဝင်သည်။

Viettel က ကမ္ဘောဒီးယားနိုင်ငံတွင် ဈေးကွက်ဝေစု ၄၆ ရာခိုင်နှုန်း ရရှိထားပြီး အရှေ့တီမောတွင်လည်း ဈေးကွက် ၅၀ ရာခိုင်နှုန်း ရရှိထားသည်။ ပင်လယ်ရပ်ခြားလုပ်ငန်းများက ပြီးခဲ့သည့် နှစ်အတွင်းတွင် ဗီယက်နမ် ဒေါင်ငွေ ၁၉ ထရီလီယံ (ဒေါ်လာ ၈၁၅ သန်း) ရရှိခဲ့ပြီး ၂၀၁၀ ခုနှစ် ကထက်စာလျှင် ၄ ဆ တိုးလာခြင်းဖြစ်သည်။

မိုဘိုင်းဖုန်း အသုံးပြုမှုက ၂၀၁၄ ခုနှစ်တွင် ၃၂.၉ ရာခိုင်နှုန်း ရှိခဲ့ရာမှာ ပြီးခဲ့သည့် နှစ် အတွင်းတွင် ၈၁.၅ ရာခိုင်နှုန်း အထိ ခုန်တက်လာခဲ့သော မြန်မာနိုင်ငံတွင် Viettel က လုပ်ငန်းကို လျှင်လျှင်မြန်မြန် တည်ထောင်ခဲ့သည်။

ပြည်တွင်းဈေးကွက်ကို MPT က လက်ဝါးကြီး အုပ်ထားခဲ့သော်လည်း စစ်အုပ်ချုပ်ရေးမှ အရပ်သား အစိုးရတခုဆီသို့ အသွင်ကူးပြောင်းခြင်းက နော်ဝေနိုင်ငံမှ Telenor နှင့် ကာတာ နိုင်ငံ မှ Ooredoo တို့အတွက် လမ်းပွင့်သွားခဲ့ပြီး ၎င်း ကုမ္ပဏီ ၂ ခုလုံးက လုပ်ငန်းများကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ကြသည်။

ထိုနှစ် အတွင်းမှာပင် MPT က ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီကြီးတခု ဖြစ်သည့် KDDI နှင့် တိုကျို အခြေစိုက် Sumitomo Corp တို့နှင့် ပူးပေါင်းခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိက ပြိုင်ဘက် ကုမ္ပဏီကြီး ၃ ခုမှာ Mytel ၏ ဝင်ရောက်လာမှုကြောင့် စိုးရိမ်ထိတ် လန့်ခဲ့ကြသည်။ မျှတသော ပြိုင်ဆိုင်မှု အလေ့အထများကို လိုက်နာရန် သဘောတူညီကြောင်း သူတို့က ဖေဖော်ဝါရီလ အတွင်းတွင် ပူးတွဲ ကြေညာချက်တခုကို ထုတ်ပြန်ခဲ့ကြသည်။ Mytel ၏ ဈေးလျှော့ချမည့် အစီအစဉ်ကို မသိမသာ အပြစ်တင်ခဲ့ခြင်း ဖြစ်ပါသည်။

ပြီးခဲ့သည့် နှစ်အတွင်းတွင် မြန်မာအစိုးရက အလွန်အကျွံ ယှဉ်ပြိုင်ခြင်းကို ထိန်းချုပ်ဟန့်တားသည့် အနေဖြင့် အရှုံးခံသည့် မိုဘိုင်းပလန်များနှင့် ဆင်းမ်ကဒ်များ အခမဲ့ ဝေငှခြင်းတို့ကို တားမြစ်ပိတ်ပင်ခဲ့သည့်။ သို့သော် လည်း Mytel သည် ကုမ္ပဏီ အသစ်ဖြစ်သည့် အတွက် ၎င်း၏ လျှော့ဈေးများအတွက် ချွင်းချက် ရရှိခဲ့သည်။

သို့သော်လည်း နောက်ဆုံးတွင် ဈေးနှုန်းများက အခြားကုမ္ပဏီများနှင့် တန်းတူအဆင့်သို့ မြှင့်တင်ပေးရမည်ဟု မျှော်လင့်ကြောင်း အဆိုပါ လုပ်ငန်းကဏ္ဍအတွင်းမှသူ တဦးက ပြောသည်။ ကင်းလွတ်ခွင့်ပေးထားခြင်းက စက်တင်ဘာလ အစောပိုင်းတွင် သက်တမ်းကုန်ဆုံးဖွယ်ရာ ရှိသည်။

ထိုသို့ဖြစ်လျှင်ပင် Mytel အနေဖြင့် နှစ်ကုန်ရောက်သည့် အချိန်တွင် သုံးစွဲသူ ၄ သန်းမှ ၅ သန်း အတွင်းရရှိ လိမ့်မည် ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြည်သူ့ဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦး၏ အဆိုအရသိရသည်။ ကုမ္ပဏီက ဗီယက်နမ်တွင် ထုတ်လုပ်သည့် ဈေးနှုန်းချိုသာသော ဖုန်းများကို ပလန်များနှင့် တွဲ၍ ပေးနေသည်။ ရုပ်မြင်သံကြားတွင်လည်း ကြော်ငြာ အမြောက်အမြား ထုတ်လွှင့်နေသည်။

Mytel က ဈေးလျှော့သည့် ဗျူဟာကို အသုံးပြုရန် တတ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာနက တိုက်ရိုက်ထိန်းချုပ်သည့် အစိုးရပိုင် ကုမ္ပဏီဖြစ်သော Viettel က ကျောထောက် နောက်ခံပေးထားသောကြောင့် ဖြစ်သည်။ Viettel က ဗီယက်နမ်နိုင်ငံတွင် ဈေးကွက်ဝေစု ၄၇ ရာခိုင်နှုန်းရရှိ ထားပြီး ၂၆ ရာခိုင်နှုန်းသာ ရရှိထားသည့် အနီးဆုံးပြိုင်ဖက် MobiFone ကို အပြတ်အသတ် ဖြတ်ထားသည်။

Viettel ၏ အမြတ်အစွန်းက ၂၀ ရာခိုင်နှုန်းနီးပါး ဖြစ်ခြင်းက အရှုံးသို့ ဦးတည်သည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်လျှင်ပင် ဘဏ္ဍာရေး အရင်းအမြစ် ပေးနိုင်နေသည်။ ဗီယက်နမ်နိုင်ငံ၏ စစ်ဘက် စက်မှုဆိုင်ရာ စက်ရုံအလုပ်ရုံအမျိုးမျိုး ကို Viettel က အသုံးပြုနိုင်ခြင်းက အဆောက်အဦးများ၏ ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်မည့်၊ ဆက် သွယ်ရေး ကိရိယာများကို စီမံခန့်ခွဲပေးမည့် ကန်ထရိုက်များနှင့် ကျွမ်းကျင်သူများကို ရရှိစေသည်။

Mytel က စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို အင်တိုက်အားတိုက် ဈေးလျှော့ချခြင်းဖြင့် တွန်းအားပေး ရန် အားထုတ်ခဲ့သော်လည်း ၎င်း၏ ဈေးကွက်မြှင့်တင်ရေး လှုပ်ရှားမှု တခုက သိသိသာသာ ဘောင်ကျော်သွား ခဲ့သည်။ အပလီကေးရှင်းတခုမှနေတဆင့် အခမဲ့ဝန်ဆောင်မှု ရရှိစေမည့် ကံစမ်းမဲ ဖွင့်သည့် ပုံမျိုးဖြင့် ဈေးကွက် မြှင့် တင်ခြင်းတခုကို ရပ်တန့်ရန် ဇွန်လ အတွင်းတွင် အာဏာပိုင်များက Mytel ကို အမိန့်ထုတ်ခဲ့သည်။

ကိုးကား ။ ။ Nikkei Asian Review

Your Thoughts …
Tags: Mytelဆက်သွယ်ရေး ကုမ္ပဏီမိုဘိုင်းဖုန်းဈေးကွက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
16k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ကောင်စီကို လောင်စာထောက်ပံ့သည့် ခရိုနီလုပ်ငန်းခွဲအား စာရင်းရှင်းဖျက်သိမ်း

စစ်ကောင်စီကို လောင်စာထောက်ပံ့သည့် ခရိုနီလုပ်ငန်းခွဲအား စာရင်းရှင်းဖျက်သိမ်း

by ဧရာဝတီ
17 August 2023
5.6k

စစ်ကောင်စီအာဘော် မြဝတီသတင်းစာ တခုတည်းသာ ရွှေဗျိုင်းဖြူရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်း စာရင်းရှင်းလင်း ဖျက်သိမ်းကြောင်း ဖော်ပြပြီး ကျန် စစ်ကောင်စီမီဒီယာများ ဖော်ပြခြင်း မရှိပေ။

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

စစ်တပ် တယ်လီကွန်းလုပ်ငန်း၏ အရေးပါသည့် ရှယ်ယာရှင် ဒေါက်တာ မြဟန်

by အောင်သစ်
26 October 2024
3.7k

ဧရာဝတီက စုံစမ်းရရှိသည့် အချက်အလက်များထဲတွင်လည်း ဦးမြဟန်၏ ကုမ္ပဏီက စစ်ထောက်ချုပ်ရုံးပိုင်မြေ ၅ ဒသမ ၆၅ ဧကအား ဟိုတယ် ဆောက်လုပ်ရန် ခွင့်ပြုမိန့်ကို ၂၀၁၅ ခုနှစ်တွင် ရရှိထားသည်ကို တွေ့ရသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် Mytel ဆက်သွယ်ရေး လုပ်ငန်းမှ ဘဏ္ဍာရေးမှူးချုပ် ဦးသိန်းအောင်

Mytel မှ ဘဏ္ဍာရေးမှူးချုပ် ပစ်ခတ်ခံရ၍ သေဆုံး

by ဧရာဝတီ
4 November 2021
10.2k

ဦးသိန်းအောင်သည် ပစ်ခတ်ခံရသည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာလည်း ခါးနှင့် ခြေထောက်တို့တွင် ကျည်ထိဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Next Post
တိုင်းပြည်၏ စီးပွားရေးသည် ၂၀၁၆ ခုနှစ်မှ စတင်၍ နှေးကွေးလာခဲ့သော်လည်း ယခုနှစ်တွင်မူ စီးပွားရေး ကဏ္ဍအားလုံး သိသိသာသာ ကျဆင်းသွားသည်ဟု အစီရင်ခံစာက ဆိုသည် / Reuters

စီးပွားရေး ကျဆင်းရသည့် အကြောင်းရင်းများ UMFCCI စစ်တမ်းက ဖော်ပြ

ရှေးဟောင်း ပုဂံဒေသ ကောင်းကင်ယံတွင် တွေ့ရသော Hot Air Ballon ခေါ် မိုးပျံပူဖောင်း စီးပွားရေး / ဧရာဝတီ

မင်္ဂလာရှိသော အဖြေ ထွက်ပေါ်နိုင်မှာလား ပုဂံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved