သတင်း

မကရင်မ အမှု စွပ်စွဲခံရသူဘက်က တင်သွင်းသည့် သက်သေခံ ဗီဒီယိုဖိုင် တရားရုံး လက်ခံ

Want create site? Find Free WordPress Themes and plugins.

အိမ်အကူ မကရင်မသည် လေအေးပေးစက် သယ်ဆောင်ရင်း လှေကားပေါ်မှ ပြုတ်ကျကာ ဒဏ်ရာများ ရရှိကြောင်း ပါဝင် သည့် ဗီဒီယိုဖိုင် သက်သေခံကို စွပ်စွဲခံရသူ ဒေါ်သိင်္ဂီစု ဘက်က တင်သွင်းထားရာ ယနေ့ ရုံးချိန်းတွင် ရန်ကုန် တောင်ပိုင်း ခရိုင် တရားရုံးက လက်ခံလိုက်သည်။

မိုဘိုင်းလ်ဖုန်းဖြင့် ရိုက်ကူးထားသည့် အဆိုပါ ဗီဒီယိုဖိုင်တွင် မကရင်မသည် လေအေးပေးစက်နှင့် အတူ ပြုတ်ကျသဖြင့် ဦးခေါင်းပေါက်ပြီး ရင်ဘတ်တွင်လည်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်ဟုဆိုကာ ၎င်းပြသသည့် ဆေးမှူးအား ရှင်းပြနေသည် ကို မှတ်တမ်း တင်ထားခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက တရားခံဘက်က နေပြီးတော့ ရိုက်ထားတဲ့ကင်မရာရယ် ထုတ်ထားတဲ့ CD ရယ် အဲဒီကနေမှ ပြန် ကူးယူဖော်ပြထားတဲ့ စာတမ်းတွေရယ် အဲဒီ ၃ မျိုးကို သက်သေခံသွင်းတယ်။ သက်သေခံသွင်းတော့ ဥပဒေအရာရှိက ကန့် ကွက်တယ်။ မူရင်းတွေဆိုတာ ပေါ်လွင်ထင်ရှားတဲ့အတွက်ကြောင့် သက်သေပြရန် တရားခံဘက်မှာ တာဝန်ရှိတဲ့ အကြောင်း မှတ်သားပြီးတော့ သက်သေခံ သွင်းတာကို လက်ခံလိုက်ပါတယ်”ဟု  တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြော သည်။

သေဆုံးသူ မကရင်မသည် တပ်မတော် အရာရှိ၏ ဇနီး၊ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်နေခဲ့ရာမှ တွံတေးမြို့နယ် ခတ္ထိယကျေးရွာ အုပ်စု၊ အုပ္ဖိုလ်ကျေးရွာရှိ ၎င်း၏နေအိမ်သို့ ဒေါ်သိင်္ဂီစုက လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

အိမ်အကူ မကရင်မသည် ဝမ်းဗိုက် ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တရားရုံးတွင် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံမှ လက်ထောက် ဆရာဝန်က သက်သေ ထွက်ဆိုထားခြင်းဖြစ်သည်။

အဆိုပါဒဏ်ရာများနှင့် ပတ်သက်ပြီး ဒေါ်သိင်္ဂီစုက ငြင်းဆိုထားကာ လေအေးပေးစက် ပြုတ်ကျရာမှ ရရှိသည့် ဒဏ်ရာ များဖြစ်ကြောင်း သက်သေ ပြန်လည် တင်သွင်းခြင်း ဖြစ်သည်။

“တရားလိုဘက်က သက်သေခံ ဥပဒေနဲ့ ဘယ်လောက်အထိ ညီညွတ်လဲဆိုတာ မေးခွန်းမေးလို့ရတယ်။ ဘာပဲဖြစ်ဖြစ် တရား ရုံးကတော့ မျှတတဲ့ အခွင့်အရေးတွေ ပေးထားတာပေါ့။ အပြန်အလှန်မေးခွန်း မေးတဲ့နေရာမှာ ဘယ်လောက်အထိ ဥပဒေနဲ့ အကျုံးဝင်အောင် မေးနိုင်လဲဆိုတာတော့ အဲဒါတော့ စောင့်ကြည့်ရမှာပေါ့။ သက်သေခံအဖြစ် လက်ခံ လိုက်တာ တော့ တရားခံ အတွက်တော့ အတိုင်းအတာ တခုအထိ အထောက်အကူ ဖြစ်သွားပါတယ်”ဟု တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့် က ပြော သည်။

အဆိုပါ အိမ်အကူ မကရင်မ သေဆုံးမှုနှင့် ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ် ပေးနိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ထားခြင်း ဖြစ်သည်။

You may also like these stories:

မကရင်မအမှု သက်သေခံဗီဒီယိုဖိုင် သံသယတရားခံမှ တင်သွင်း

အိမ်အကူ မကရင်မ အမှု သံသယ တရားခံဘက်မှ ထုချေ တင်ပြခွင့် အသနားခံစာတင်

မကရင်မနှင့် အတူမနေသဖြင့် နှိပ်စက်ခဲ့ခြင်း မရှိကြောင်း အိမ်ရှင် ဒေါ်သိင်္ဂီစု ထုချေ

မကရင်မ လှေကားပေါ်က ပြုတ်ကျ ဒဏ်ရာရခြင်း ဖြစ်ကြောင်း သံသယ တရားခံ ထွက်ဆို

အိမ်အကူ မကရင်မ ဆွဲကြိုးခိုးဖူးကြောင်း သက်သေတင်သွင်းမှု တရားရုံး ပယ်ချ

အိမ်အကူ မကရင်မ သေဆုံးမှု သံသယတရားခံ ဒေါ်သိင်္ဂီစုကို စတင် စစ်ဆေး

အိမ်အကူ မကရင်မ အမှု ရုပ်သိမ်းလွှာ တရားရုံးသို့ မရောက်၍ အမိန့်ချမှတ်ရန် မရှိဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading